Friday, June 27, 2014

Moto 360 စမတ်နာရီတွင် ကြိုးမဲ့အားသွင်းစနစ်ပါရှိမည်


Motorola က Google ၏ စမတ်နာရီများအတွက် ရည်ရွယ်ထုတ်လုပ်ပေးထားသည့် Android Wear Operating System မောင်းနှင်လည်ပတ်မည့် Moto 360 စမတ်နာရီကို ထုတ်လုပ်မည်ဟု မေလတွင် ကြေညာခဲ့ပါသည်။ Google က Android Wear OS ၏ စွမ်းဆောင်ချက်များကို Developer များအတွက် သရုပ်ပြခဲ့ဖူးပါသည်။ Moto 360 စမတ်နာရီ၏ သတင်းအချက်အလက်အသေးစိတ်များကို မသိရသေးသော်လည်း Google I/O Conference တွင် ကြေညာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Google I/O ပွဲမတိုင်မီတွင် အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က Moto 360 စမတ်နာရီတွင် ကြိုးမဲ့အားသွင်းစနစ်ကို အထောက်အပံ့ပေးမည်ဟု ဖော်ပြလိုက်ပါသည်။

အမေရိကန်ဆက်သွယ်ရေး ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် သတင်းအချက်အလက်များအရ Moto 360 စမတ်နာရီကို ကြိုးမဲ့အားသွင်းပေးမည့် Motorola Wireless Charger သည် လုံးဝန်းသော ပုံသဏ္ဌာန်ရှိသည်ဟု သိရပါသည်။ Charger သည် Qi ဟု လူသိများသော Wireless Power Consortium (WPC) စံနှုန်းကို အသုံးပြုထားပါသည်။ အခြား Qi စံနှုန်းအသုံးပြုသော Charger များဖြင့်လည်း Moto 360 ကို ကြိုးမဲ့အားသွင်းနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ သို့သော် အခြား Charger များဖြင့် Moto 360 ကို အားသွင်းရန် Motorola ၏ လုပ်ဆောင်ချက်အပေါ်တွင် မူတည်မည်ဖြစ်သည်။ Motorola က Moto 360 စမတ်နာရီကို ယခုနှစ်အတွင်းတွင် ရောင်းချရန် စီစဉ်ထားပြီး သတင်းအချက်အလက်အသေးစိတ်ကို လာမည့် ရက်ပိုင်းအတွင်း ကြေညာမည်ဟု မျှော်လင့်ရပါသည်။

ref: သူရ


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။