Friday, June 27, 2014

Google က မော်တော်ကားများအတွက် Android Auto ကို ပြသ



Google က မော်တော်ကားများအတွက် Android Auto ကို ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် Google I/O Conference တွင် ကြေညာလိုက်ပါသည်။ Android Auto ကို မော်တော်ကားများတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အသံဖြင့် ခိုင်းစေနိုင်မည်ဖြစ်သည်။

Google က Hyundai, Audi, GM, Honda နှင့် Nvidia တို့နှင့် ပူးပေါင်းပြီး မော်တော်ကားတွင်း နည်းပညာကို အတူတီထွင်မည့် Open Automotive Alliance (OAA) အစီအစဉ်ကို ဇန်န၀ါရီလတွင် ကြေညာခဲ့ပါသည်။

Android Auto သည် မော်တော်ကားများတွင် သီချင်းများရွေးချယ်ရန် ၊ လမ်းပိတ်ဆို့မှုအခြေအနေများကို စစ်ဆေးရန် နှင့် လမ်းညွှန်ချက်များသိရှိရန် အသံဖြင့် ခိုင်းစေနိုင်မည်ဖြစ်သည်။ Android Auto သည် Apple ၏ CarPlay နှင့် ဆင်တူပါသည်။ CarPlay သည် iOS Device များနှင့် တွဲဖက်အလုပ်လုပ်ခြင်းဖြစ်ပြီး Android Auto သည် Android Device များနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်သည်။

Google က Android Auto ကို ကားများနှင့် ချိတ်ဆက်အသုံးပြုခြင်းကို သရုပ်ပြသခဲ့ပါသည်။ သရုပ်ပြမှုအများစုသည် အသံဖြင့်ခိုင်းစေခြင်းဖြစ်ပါသည်။ Android Auto တွင် Google Maps Android App တွင်ပါသည့် Tools အားလုံးပါရှိပြီး အသံဖြင့် ခိုင်းစေနိုင်ပါသည်။ သီချင်းရွေးချယ်မှုမှ အစ Notification များကို Android Auto က အသံဖြင့် ပြောကြားပေးနိုင်ပါသည်။ Android Auto တွင် Google ၏ အသံဖြင့် ရှာဖွေနိုင်သည့် Mobile Search App ကိုလည်း အသုံးပြုနိုင်ပါသည်။

Google က Android Auto မှတဆင့် အသံဖြင့် Message များပေးပို့နိုင်ပုံကိုလည်း သရုပ်ပြသခဲ့ပါသည်။ Map App ကို အသုံးပြုနေစဉ်တွင် SMS Message များပေးပို့နိုင်ပြီး Multitask ပြုလုပ်ချင်သည့် ယာဉ်မောင်းများအတွက် အသုံးဝင်ပါသည်။

Google က OAA တွင် ပါဝင်လာသည့် ကုမ္ပဏီ လေးဆယ်ကျော်ပြီဖြစ်ကြောင်းလည်း ကြေညာပါသည်။ Android Auto တပ်ဆင်ထားသည့် ပထမဆုံးကားများကို ယခုနှစ်မကုန်မီတွင် ရောင်းချရန် စီစဉ်ထားပါသည်။

ref: သူရ


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။