Thursday, June 11, 2015

အရစ်ကျ အိမ်ဝယ်မယ်ဆိုရင်



ကျနော် တစ်ရက် သတင်းစာ ဖတ်တော့ ကြော်ငြာတစ်ခု တွေ့လိုက်တယ်.. တစ်လကို ၈ သိန်းပေးပြီး ၁၀ နှစ်အရစ်ကျသွင်းရင် ကွန်ဒို တစ်လံး အပိုင်ရမယ်တဲ့။ ဒါနဲ့ ကျနော်လည်း စိတ်ဝင်စားသွားပြီး ဖုန်းဆက်မေးတယ်။ ဖုန်းထဲမှာ မရှင်းပြဘူး။ ရုံးကိုလာခဲ့ပါတဲ့။ ဒီတော့ သွားရောက် စုံစမ်းဖြစ်တယ်။ ကျနော် အရမ်းစိတ်ဝင်စားတယ်ဗျ။ ဘာလို့လဲဆို လက်ရှိ ကျနော့ ဝင်ငွေနဲ့ အဲ့လို အရစ်ကျ ပေးဖို့က ဖြစ်နိုင်တာကိုး။ ဒါပေမယ့် တစ်ရက်ပြီး တစ်ရက် သေချာ စဉ်းစားကြည့်မိတယ်။

Wednesday, October 29, 2014

Windows cannot be installed to this disk ပြသနာ ဖြေရှင်းနည်း



windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း
=========================================

သင့် ကွန်ပျူ တာ ကို windows installing လုပ် တော့ မယ် ဆို ရင် သင့် ကွန်ပျူ  တာ ရဲ့  Hard Drive ဟာ 

UEFI mode သို့ မဟုတ်  legacy  mode တစ်ခုခု နှင့် မိမိရဲ့  BIOS ဟာ ကိုက်ညီမှူ ရှိ ရ ပါမယ်။

(ဥပမာ - )  အနေ နှင့်  “Windows cannot be installed to this disk. The selected disk is not 

of the GPT partition style” Message ပေါ် လာ ပြီး windows install လုပ်ဆောင် မရ ပဲ ဖြစ်နေ 

တတ်ပါတယ်။ဒါကို ဘယ်လို ဖြေ ရှင်း မလဲ ဆို ရင်တော့ ကျွန်တော် တို့ 

gpt အဖြစ် ပြန်ပြောင်းပေး ရ ပါမယ်။



 အဆင့်  ( ၁ )
------------------------------

အရင်ဆုံး မိမိ ကွန်ပျူ  တာ ကို restart ပြန်ချ ပါမယ်။ 

အဆင့်  ( ၂ )
---------------------------------


windows ပြန်တက်လာ တာနှင့် F10 ကိုနိုပ်ပြီး command prompt ကိုဖွင့် ပါ ။


အဆင့်  ( ၃ )
--------------------------------


cmd  / command prompt ထဲ မှာ အောက် က စာ သား တွေ ကို ရိုက်ထည့် ပေးပါ။



(1 ) diskpart ကို ရိုက်ပါ။ enter ခေါက်ပါ။

(2 ) list disk ကို ဆက်ရိုက်ပါ။ enter ခေါက်ပါ။

(3 ) select disk ( formart ချ ချင် တဲ့  disk ကို ရိုက်ပါ )

clean ကိုရိုက်ပါ enter ခေါက်ပါ။

convert gpt ကို ၇ိုက်ပါ enter ခေါက်ပါ။

exit ကိုရိုက်ပြီး ထွက်လိုက်ပါ။




လက်တွေ့ စမ်းသပ် လုပ်ပြ ထား တဲ့  video ကြည့် ချင် သူ များ အနေ နှင် ဒီမှာ လေ့ လာ ပေးပါ။



အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ Like လုပ်ပေးထားပါ။


စိုင်းသူ (နည်းပညာ ပြန်လည် မျှဝေခြင်း )
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Sunday, October 26, 2014

Ccleaner နောက်ဆုံးထွက် update လေး နှင့် အတူ full version ဖြစ်အောင် လုပ်နည်း




Ccleaner နောက်ဆုံးထွက် update လေး နှင့် အတူ full version ဖြစ်အောင် မလုပ်တတ်သေးတဲ့ 
သူငယ်ချင်များအတွက် full version ဖြစ်အောင် လုပ်နည်း ( video file ) လေး ကို ပါ တစ်ပါ တည်းဖော် ပြပေးထား ပါ တယ်။ အသုံးပြု လို သူ များ အနေ နှင့် အောက်မှာ download ယူပြီး full version ဖြစ်အောင် လုပ်နည်း video လေး ကို ကြည့် ပေးပါ။




full version မလုပ်တတ်သေးရင် ဒီ video လေး ကို သွား ပြီး လေ့ လာ ပေးပါ။



အသစ်တင်တိုင်း facebook ကနေ ဖတ်မယ်ဆို ရင် ဒီမှာ Like လုပ်ပေးထားပါ။


စိုင်းသူ 

www.saithu102.blogspot.com
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Monday, September 1, 2014

Knowledge Box 1.2 For PC

Knowledge Box သည် ကွန်ပြုတာ ၊ မိုဘိုင်းဖုန်း ၊ နည်းပညာနယ်ပယ်မှ ပုဂ္ဂိုလ်များအကြောင်း အကျဉ်းချုပ်နှင့် အထွေထွေနည်းပညာ ဗဟုသုတများကို အလွယ်တကူ၊ အချိန်မရွေး အင်တာနက်မလိုဘဲ (Offline) ဖတ်ရှုနိုင်ရန် စုစည်းထားတဲ့ ဆော့လ်ဝဲဖြစ်ပါသည်။ ယခုဗားရှင်း ၁.၂ မှာ အရင်ဗားရှင်းထက် အသုံးပြုရာတွင် ပိုမိုကောင်းမွန်အောင် ဖန်တီးထားပါတယ်။ အကြောင်းအရာ ၂၇၄ ခုပါဝင်ပြီး စာလုံးအရွယ်အစားကို ပြောင်းလဲနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 5.2 MB သာရှိတာကြောင့် download ဆွဲရာတွင် အဆင်ပြေမှာဖြစ်ပါတယ်။

Download >> http://www.solidfiles.com/d/f2905c1d65/Knowledge_Box.exe

http://myanmarknowledgebox.com/ မှာလည်း အကြောင်းအရာများကို ဖတ်ရှုနိုင်ပါတယ်။

Like Us On FB >> https://www.facebook.com/cyberknowledgeteam




ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Tuesday, August 19, 2014

Social Media Website တို့၏ ဘုရင် Facebook





Aung Ko Htet (IT Studier)

ကမ္ဘာပေါ်မှာ Social Media Website တွေများစွာရှိပါတယ်။ အဲ့ဒီထဲကမှ facebook ဟာ ဘာကြောင့် လူကြိုက်များကြတာလဲ။ တကယ်တန်း ဈေးကွက်စီးပွားရေး အရ ဆိုရင်လျှင်တော့ ဥရောပ ထုတ်ကုန်ပစ္စည်းအများစုဟာ အာရှကို ရောက်လာပြီဆိုတာနဲ့ ကမ္ဘာကျော်သွားကြတာများပါတယ်။ Facebook ဟာလည်း ဒီလိုပါပဲ။ အာရှက Social Media Website အသုံးပြုသူ အများစုအား အသုံးပြုမှု လွယ်ကူစေခြင်း၊ ရိုးရှင်တဲ့ အသွင်အပြင်များနှင့် အသုံးပြုသူ user များအား ဖမ်းစားထားနိုင်ခြင်းတွေကြောင့် လူကြိုက်များနေခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အရေးကြီးဆုံး အချက်ကတော့ messager လို့ခေါ်တဲ့ Chatting ပဲဖြစ်ပါတယ်။ တခြား social website တွေမှာ message ပို့ဖို့အတွက် သီးသန့် tab တစ်ခု ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ online လား offline လားဆိုတာကို ကျွန်တော်တို့တွေ မသိနိုင်ပါဘူး။ Facebook မှာတော့ Caht box မှာ online/ offline ကို တခါတည်း ဖော်ပြပေးထားတဲ့အတွက် အသုံးပြုသူတွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

Social လို့ဆိုလိုက်တာနဲ့ အပြင်လောကမှာ ဖြစ်နေတဲ့ လူနေမှု ပုံစံအတိုင်းကို Online မှာ ရရှိနိုင်အောင် facebook ကဖန်တီးပေးထားတဲ့အတွက်လည်း လူကြိုက်များစေတာဖြစ်ပါတယ်။ လူအသုံးပြုမှု များလာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းရှင်တို့အတွက် စိတ်ကြိုက်ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ စီးပွားရေး Website တွေကို ကြော်ငြာကြမယ်။ ဒီအတွက်ကြောင့် Company တွေအနေနဲ့ မဖြစ်မနေ ကိုယ်ပိုင် website တွေ ဖန်တီးရတော့မယ်။ ပြီးတော့မှ လူသုံးအများဆုံး ဖြစ်တဲ့ Social Media Website တွေမှာကိုယ့်ရဲ့ Website တွေကို ကြော်ငြာကြမယ်။ ဒါဆိုရင် အချိန်ရယ် ငွေရယ်သင့်ကို စိတ်အနှောင့် ယှက်ဖြစ်စေပါတယ်။

ဒီအချက်ကို မှန်းစမိတဲ့ Facebook ရဲ့ အတွေးအခေါ်ကတော့ တကယ်ကို အံ့မခန်းစရာပါပဲ။ အချိန်တိုအတွင်း မိမိ Company ရဲ့ product တွေကို ပြည့်ပြည့်စုံစုံနဲ့ လူအများကြားမှာ ကြော်ငြာနိုင်ဖို့အတွက် Fan Page ကို ဖန်တီးလိုက်ပါတယ်။ ဒါဟာ စီးပွားရေး သမားတွေ online advertising အတွက် Facebook ကို လက်မလွှတ်ကြတဲ့ အဓိက အချက်ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် Social Media Website လောကမှာ Facebook ဟာ ဘုရင် တစ်ပါးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Sunday, August 17, 2014

ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် အပိုင်း-3 (MP3)



Aung Ko Htet

 File Size = 3 MB

ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် (MP3).Shwe FM မှ လွင့်ပေးထားသော ဆရာတော်ဟောကြား ထားသည့်အပိုင်းများကိုစုစည်း၍ တင်ပေးခြင်းဖြစ်ပါတယ်။

ဝိပသနာအကြောင်းကိုပဲ သီးသန့်ဟောကြားထားခြင်းမဟုတ်ပဲ ဘ၀တွင်ကောင်းမွန်စွာ နေထိုင်နိုင်စေ ရန် ဟောကြားနည်းလမ်းပြပေးထားခြင်းဖြစ်သည့်အတွက် နားလည်ရလွယ်မယ် လို့လည်း ထင်ပါတယ်။ တစ်ပိုင်းချင်းစီ တင်ပေးတာက Download လုပ်ရတာ လွယ်အောင်လို့ပါ။ File Sizeက 3 MB သာ သာပဲ ရှိတော့ မြန် လည်းမြန်ပါတယ်။

အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။

Download Here


အဆင်မပြေတာတွေရှိရင် ကျွန်တော့်ကို ချက်ချင်းပြောပါနော်။ link သေတာတို့ download လုပ်လို့မရတာတိုပေါ့။ ကျွန်တော် ဘာ ads မှ မခံထားပါဘူး။ download လုပ်ရတာ ကြာနေမှာဆိုးလို့ပါ။


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Wednesday, August 13, 2014

ဖုန်းရဲ့ အနောက်ကင်မရာနဲ့ Selfies ဓါတ်ပုံများရိုက်ကူးလို့ရစေမယ့် Smart Selfies


စမတ်ဖုန်းများမှာကိုယ်တိုင်ရိုက်ဓါတ်ပုံ Selfies များရိုက်ကူးလို့ရအောင် အရှေ့ဘက်မှာကင်မရာတပ် ဆင်ပေးထားကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ အရှေ့ကင်မရာဟာအနောက်ကင်မရာလောက် Resolution မကောင်းကြတာကိုစာဖတ်သူသတိထားမိမှာပါ။ Selfies များကို Megapixel ပိုမိုများပြားတဲ့ အနောက်ကင်မရာနဲ့ ရိုက်ကူးနိုင်အောင် ကူညီပေးနိုင်တာက Smart Selfies ဆိုတဲ့ Android App ပါ။

Smart Selfies ကိုအင်စတောလုပ်ပြီးရင် အသုံးပြုနည်းကို ပြသပေးပါလိမ့်မယ်။ ပြီးရင် Main Screen ကိုရောက်အောင် Back ခလုတ်ကို နှိပ်ပါ။ Main Screen ကိုရောက်ရင် Selfies မှာပါမယ့် လူအရေအတွက်ကိုရွေးချယ်ပေးရပါမယ်။ လူလေးယောက်အထိရိုက်ကူးနိုင်ပါတယ်။ နောက်အဆင့်မှာ Portrait or Landscape ကိုရွေးချယ်ပေးရမှာပါ။ ပြီးရင်တော့ ဖုန်းရဲ့ အနောက်ကင်မရာကိုသင့်ရဲ့ မျက်နှာ အလယ်တည့်တည့် ဒါမှမဟုတ် လူအုပ်စုရဲ့ အလယ်တည့်တည့်ကိုချိန်ရွယ်ပါ။ ဒါဆိုရင် App က ဓါတ်ပုံထဲမှာလူအားလုံးပါပြီးလှပတဲ့ Selfie ရရှိဖို့ Left, Right, Up, Down, Away , Closer စသဖြင့် အသံနဲ့ ညွှန်ကြားပေးမှာပါ။ ညွှန်ကြားမှုအတိုင်းဖုန်းကိုနေရာရွှေ့ပေးပြီးလို့ အကောင်းဆုံးအနေအထားရောက်ရှိရင် Hold လို့ ပြောပါလိမ့်မယ်။ ဖုန်းကိုတည်ငြိမ်အောင် ကိုင်ထားပါ။ နောက်ဆုံးမှာတော့ Say Cheese လို့ ပြောပြီးဓါတ်ပုံအလိုအလျှောက်ရိုက်ပေးပါလိမ့်မယ်။ သင်က Cheese လို့ အသံထွက်စရာမလိုသလိုဓါတ်ပုံရိုက်ဖို့ ခလုတ်နှိပ်စရာလည်းမလိုပါဘူး။ သတိထားစရာတစ်ခုက App က Lift လို့ အသံထွက်ပေမယ့် သူဆိုလိုတာက Left ကိုပြောတာပါ။

Menu ခလုတ်ကို နှိပ်ရင် Settings ကို ပြသပေးမှာပါ။ # of Faces မှာလူအရေအတွက်ကို ပြင်နိုင်ပါတယ်။ Portrait or Landscape ကိုလည်းပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ Zoom Factor က အနီးကပ် Selfie များကိုရိုက်ကူးပေးနိုင်ပါတယ်။


More ခလုတ်ကိုနှိပ်ရင် Volume နဲ့ Focus Mode ဆိုတဲ့ Settings နှစ်ခုကိုတွေ့ပါလိမ့်မယ်။ Volume ကို နှိပ်ရင် သင့်ဖုန်းရဲ့ Default Sound Settings ထဲရောက်သွားပြီးချိန်ညှိနိုင်ပါတယ်။ Focus Mode မှာတော့ သင့်ဖုန်းရဲ့ ကင်မရာကအထောက်အပံ့ပေးတဲ့ Mode များကိုအသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် ဖုန်းတစ်လုံးနဲ့ တစ်လုံးမှာ Mode ပါရှိမှု မတူညီကြပါဘူး။ App က အထောက်အပံ့ပေးတဲ့ Focus Mode တွေက Infinity, Auto, Macro, Continuous Video, Continuous Picture တို့ ဖြစ်ပါတယ်။


Smart Selfies ဟာအရှေ့ဘက်ကင်မရာမပါတဲ့ ဖုန်းတွေမှာ Selfie ဓါတ်ပုံများရိုက်ကူးနိုင်အောင် ကူညီပေးနိုင်သလိုကင်မရာနှစ်လုံးပါတဲ့ ဖုန်းတွေမှာလည်းပိုမိုကောင်းတဲ့ အနောက်ဘက် ကင်မရာနဲ့ Selfie များရိုက်ကူးနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Selfie App တစ်ခု ဖြစ်ပါတယ်။ Smart Selifeကို Android 1.6 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။

 

အောက်က link ကို နှိပ်ပြီး Download လုပ်နိုင်ပါပြီ...

Download Here

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)