Friday, June 27, 2014

Microsoft က ဈေးသက်သာသည့် Nokia X2 Android Phone ကို ကြေညာ


Microsoft က Nokia ၏ မိုဘိုင်းဌာနကို ဧပြီလတွင် အပြီးသတ်ဝယ်ယူခဲ့ပြီး ယခုအခါ Nokia X2 Android Smartphone ကို ကြေညာလိုက်ပါသည်။ Nokia X2 ၏ ဒီဇိုင်းသည် ပထမမျိုးဆက် Nokia X နှင့် ဆင်တူပါသည်။ သို့သော် Nokia X2 တွင် ပိုမိုကြီးမားသည့် ၄.၃ လက်မအရွယ် မျက်နှာပြင်တပ်ဆင်ထားပါသည်။ 1GB RAM နှင့် ပိုမိုမြန်ဆန်သည့် 1.2GHz Dual-Core Processor တပ်ဆင်ထားပါသည်။ 5 Megapixel Camera နှင့် 4GB Internal Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါသည်။ Nokia X2 တွင် Home, Back Button များတပ်ဆင်ထားပြီး Nokia X တွင် Back Button သာတပ်ဆင်ထားသည်ဟု သိရပါသည်။ Nokia X2 တွင် SIM Card နှစ်ခု အသုံးပြုနိုင်သည်ဟု သိရပါသည်။

Microsoft က ၀င်းဒိုးဖုန်း ဈေးကွက်သာမက Android ဖုန်းဈေးကွက်တွင်လည်း ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Nokia X ပထမမျိုးဆက်တွင် ၀င်းဒိုးဖုန်း User Interface များကို အသုံးပြုထားပြီး Microsoft ၏ ၀န်ဆောင်မှုများထည့်သွင်းထားပါသည်။ Nokia X2 သည်လည်း User Interface အပိုင်းတွင် ပထမမျိုးဆက်နှင့် ဆင်တူပြီး Hardware အပိုင်းတွင် အနည်းငယ် အဆင့်မြှင့်ထားပါသည်။ Nokia X2 ကို ယူရို ၉၉ (ဒေါ်လာ ၁၃၅) ဖြင့် ဇူလိုင်လတွင် တစ်ကမ္ဘာလုံး ၌ ရောင်းချမည်ဖြစ်သည်။ Nokia X2 ကို အစိမ်း၊ လိမ္မော်၊ အနက်၊ အ၀ါ၊ အဖြူ နှင့် အစိမ်းရင့်ရောင်များ ထုတ်လုပ်ရောင်းချမည်ဖြစ်သည်။

Nokia X2 ၏ ဗီဒီယိုကို အောက်တွင် ကြည့်နိုင်ပါသည်။

https://www.youtube.com/watch?v=VCA1bHO-qpM

ref: သူရ


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။