Friday, June 27, 2014

Huawei က Octa-Core Chipset တပ်ဆင်ထားသည့် Honor 6 စမတ်ဖုန်းကို ပြသ


Huawei က Samsung Galaxy S5 နှင့် iPhone 5S တို့ကို ယှဉ်ပြိုင်နိုင်မည့် Honor 6 စမတ်ဖုန်းကို ပြသလိုက်ပါသည်။ Honor 6 သည် Ascend P6 ကဲ့သို့ ပါးလွှာပြီး အရွယ်အစားအပြည့်အစုံမှာ 139.8 x 68.8 x 6.5mm နှင့် အလေးချိန်မှာ ၁၃၅ ဂရမ်ဖြစ်ပါသည်။

Huawei Honor 6 တွင် ငါးလက်မအရွယ် 1080p Display တပ်ဆင်ထားပြီး အရှေ့ဘက်မျက်နှာပြင်၏ ၇၅.၇ ရာခိုင်နှုန်းကို နေရာယူထားပါသည်။ မျက်နှာပြင်၏ ဘေးပတ်လည်တွင် ၃ မီလီမီတာ အရွယ်ရှိသောဘောင်များဖြင့် ကာရံထားပါသည်။

Honor 6 တွင် Samsung ၏ Exynos Octa-Core Chipset ကို ယှဉ်ပြိုင်နိုင်သည့် Huawei ၏ ကိုယ်ပိုင် Kirin 920 Chipset နှင့် Mali-T624 တပ်ဆင်ထားပါသည်။ Kirin 920 သည် LTE ကို အထောက်အပံ့ပေးပြီး ဒေါင်းလုပ်အမြန်နှုန်း 300Mbps ရရှိမည်ဖြစ်သည်။

Kirin 920 Chipset သည် Android 4.2.2 KitKat နှင့် Emotion UI 2.3 တို့ကို မောင်းနှင်နိုင်ပြီး AnTuTu Benchmark Tool ဖြင့် စမ်းသပ်ချက်အရ Snapdragon 805 ထက် ပိုမိုကောင်းမွန်သည်ကို တွေ့ရပါသည်။ Honor 6 တွင် 3GB RAM, 16GB or 32GB Storage ပါရှိမည်ဖြစ်ပြီး MicroSD Card အသုံးပြုနိုင်ပါသည်။

Honor 6 သည် Galaxy S5 ထက် ဘက်ထရီကြာရှည်အသုံးခံပြီး iPhone 5S ထက် နှစ်ဆ ဘက်ထရီ အသုံးခံသည်ဟု သိရပါသည်။ Huawei က Chipset အသစ်သည် သူ့အရင်မျိုးဆက်ထက် အပူထုတ်လုပ်မှုနည်းပါးသည်ဟု ပြောပါသည်။

Honor 6 ၏ အနောက်ဘက်တွင် 13 Megapixel Camera နှင့် အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် LED Flash နှစ်ခုတပ်ဆင်ထားပါသည်။

ref: သူရ


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။