Friday, June 27, 2014

Hisense က Mira 6 Windows Phone ကို ထုတ်လုပ်


တရုတ် အခြေစိုက် နည်းပညာကုမ္ပဏီ Hisense က Mira 6 ဟု အမည်ပေးထားသည့် ၀င်းဒိုးဖုန်းကို ထုတ်လုပ်လိုက်ကြောင်း သိရပါသည်။ Mira 6 တွင် SIM Card နှစ်ခု အသုံးပြုနိုင်ပြီး Windows Phone 8.1 ကို မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ Mira 6 ကို တရုတ် Carrier တစ်ခုဖြစ်သော China Telecom နှင့် တွဲဖက် အသုံးပြုနိုင်မည်ဖြစ်ပြီး Mira 6 သည် 4G LTE ကို အထောက်အပံ့ပေးပါသည်။

Mira 6 တွင် ငါးလက်မအရွယ် HD Touchscreen တပ်ဆင်ထားပြီး မျက်နှာပြင်၏ Resolution သည် 720p ဖြစ်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းပါသည်။ အနောက်ဘက်တွင် 8 Megapixel Camera နှင့် အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။ Mira 6 ကို 1.2GHz Quad-Core Cortex-A7 CPU တပ်ဆင်ထားသည့် Qualcomm Snapdragon 200 Chipset က မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ Adreno 302 GPU ကို တပ်ဆင်ထားပါသည်။

Hisense Mira 6 တွင် 1GB RAM, 8GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ ၇.၁၈ မီလီမီတာ အထူရှိပြီး Dolby Sound စနစ်ပါရှိပါသည်။

Mira 6 ကို ရောင်းချမည့် ဈေးနှုန်းကို ကြေညာခြင်းမရှိသေးသော်လည်း Specifications များအရ ဈေးနှုန်းသက်သာမည်ဟု သိရပါသည်။ Mira 6 ကို တရုတ်နိုင်ငံ ပြင်ပတွင် ရောင်းချမည့် သတင်းကိုလည်း ကြေညာခြင်းမရှိဟု သိရပါသည်။

ref: သူရ


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။