မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်ရောင်းချပေးလျက်ရှိသော တစ်ဖိုးနည်းငွေကျပ်(၁၅၀၀)တန် GSM SimCard များကို ကယား ပြည်နယ်အတွင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင် ဘာနှင့် ဒီဇင်ဘာလအတွင်း လုံးဝရောင်းချခြင်းမပြုခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက တစ်ဆင့် သိရှိရသည်။
အဆိုပါ ကယားပြည်နယ်တွင် လစဉ်လတိုင်း ရောင်းချပေးခဲ့ သော တန်ဖိုးနည်း GSM SimCard များကို ရောင်းချပေးခြင်းမရှိ သော်လည်း စက်တင်ဘာကာလအတွင်း CDMA 800 MHZ SimCard (500)နှင့် WCDMA Sim Card(200)ကိုလည်းကောင်း၊ အောက်တိုဘာတွင် WCDMA Sim Card(700)ကိုလည်းကောင်း၊ နိုဝင်ဘာတွင် WCDMA Sim Card(500)ကိုလည်းကောင်း၊ ဒီဇင်ဘာ တွင် WCDMA Sim Card (353)ခုကိုလည်းကောင်း ရောင်းချပေးခဲ့ ခြင်းဖြစ်သည်။
“ကယားပြည်နယ်မှာဆိုရင် ၁၉၉၈ ခုနှစ်က UNICEF ရဲ့ ထုတ် ပြန်ချက်အရ လူဦးရေ (၂)သိန်းဝန်းကျင်လောက်ရှိတယ်။ အခု ၂၀၁၃ ဆိုရင် ဒီထက်ပိုများမယ်။ ဒါပေမယ့် ရောင်းချပေးတဲ့ SimCard အရေ အတွက်က ရာဂဏန်းလောက်ပဲရှိတော့ သူတို့ပြည်နယ်ဘယ်လိုလုပ် ပြီး ဖွံ့ဖြိုးတိုးတက်မှာလဲ။ မိုဘိုင်းလ်ဖုန်းသုံးစွဲနိုင်သူအရေအတွက် တိုး တက်မှ တိုင်းပြည်တိုးတက်မှာဆိုတော့ ဒီလိုမျိုးပြည်နယ်တွေဆိုရင် ဆက်သွယ်မှုအများကြီးဒုက္ခရောက်တဲ့အပြင် ပြည်နယ်ဖွံ့ဖြိုးမှုလည်း နောက်ကျနိုင်ပါတယ်”ဟု Software Developer ကိုဝင်းမြင့်အောင် က ပြောကြားခဲ့သည်။
တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်းများ လစဉ်လတိုင်းရောင်းချပေးခဲ့သော တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းဇယားဖော်ပြချက်များအရ ကယား ပြည်နယ်သည် မိုဘိုင်းလ်ဖုန်းအရေအတွက် ခွဲတမ်းအနည်းဆုံးရဒေသ ဖြစ်ပြီး ရန်ကုန်တိုင်းဒေကြီးမှာ ခွဲတမ်းအများဆုံးရဒေသအဖြစ် ရပ် တည်လျက်ရှိသည်။ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း လိုင်စင် လက်ဝယ်ရရှိရန် မျှော်လင့်ထားရှိသော ကာတာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေးနိုင်ငံအခြေစိုက်ွှTelenorတို့အနေဖြင့် ဆက် သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို သွားလာရန်ခက်ခဲသော နေရာ ဒေသများအထိ ၀န်ဆောင်မှုပေးသွားရန် စီစဉ်ထားကြောင်း ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
photo;ads.com.mm
Credit>>> အောင်ရဲကျော် (Myanmar Digital Life )
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။