တရုတ်နိုင်ငံ အခြေစိုက် ZTE ကုမ္ပဏီက သူတို့ရဲ့ smart phone ဖြစ်တဲ့ Grand S Flex ကိုဥရောပဈေး ကွက်မှာ စတင်ဖြန့်ချိဖို့အတွက် မိတ်ဆက်ပြသပေးလိုက်ပါတယ်။ ZTE Grand S Flex ဖုန်း ဟာ ပါးလွှာပြီး စတိုင် ကျလှပတဲ့ ဒီဇိုင်းနဲ့ဖန်တီးထားပါတယ်။ အတိုင်းအတာအရ 145 x 70 x 8.9 mm နဲ့ အလေး ချိန်အရဆိုရင်တော့ 130 g ရှိတာပါတယ်။ Screen display က 5 inches ရှိပြီး resolution ပိုင်းကတော့ 720 x 1280 pixel ရှိပြီး Dual-core processor 1.2 GHz ရှိပါတယ်။ RAM 1 GB ပါရှိပြီး memory ကတော့ built in 16 GB ပါရှိပါတယ်။
Camera အနေနဲ့ကတော့ အရှေ့ကင်မရာပဲပါရှိပြီး 8 megapixel နဲ့ LED flash မီးပါရှိပါတယ်။ Connection အနေ ထား အရဆိုရင် 4G LTE ကို support လုပ်ပေးထားတာဖြစ်တာကြောင့်ဖုန်းလိုင်းကို ကြည် လင်စွာအသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။ Android Version ကိုတော့ 4.1 Jelly Bean အသုံးပြုထားပါတယ်။ ဒါ့အပြင် battery ကိုလည်း 2300 mAh အသုံးပြုထားတာကြောင့်
battery အားကို ကြာကြာ အသုံးပြုနိုင်ပါတယ်။
ZTE Grand S Flex ကို Spain, Czech Republic နဲ့ Slovakia တွေမှာ ရောင်းချပေးသွားမှာဖြစ်ပြီး မကြာမီရက်အနည်းငယ်အတွင်းမှာ Germany , Finland နဲ့ Poland နိုင်ငံတွေ ကိုရောင်းချပေးသွားမယ် လို့သိရပါတယ်။
Ref : Arena
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။