Helium ဆိုတဲ့ APK လေးက Root ဖောက်စရာမလိုပဲ ထည့်သွင်းလို့ရတဲ့ Apk လေးဖြစ်ပါတယ်။
ဒီ apk လေးက ကိုယ့်ဖုန်းထဲက Data တွေ App တွေကို Backup & Sync လုပ်တဲ့ Apk လေးပါ။
အားလုံးသော Android user တွေအတွက် Android application တွေကို Back up & sync လုပ်ပေး မှာဖြစ် ပါတယ်။ Helium က android user တွေရဲ့ application တွေနဲ့ Data တွေကို SD cardဒါမှမ ဟုတ် Cloud ပေါ်မှာ back လုပ်ပေးနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ ဒီထက်ထူးခြားတာတွေကတော့ တစ်ခြား android device တစ်ခုမှ Helum နဲ့ application တွေ၊ data တွေကို ကိုယ့်ဖုန်းထဲက Helium နဲ့ back up & Sync လုပ်ထားနိုင်တာကတော့ တစ်ခြား backup & sync application တွေထက် ထူးခြား တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ Helium နဲ့ backup & sync လုပ်တဲ့နေရာမှာ အချိန်နဲ့ ချိန်ကိုက် ထား ပြီး backup & sync ပြုလုပ်နိုင်တဲ့အတွက် data တွေဆုံးရှုံးခြင်းကိုလည်း လျှော့်နည်းစေမှာ လည်းဖြစ် ပါတယ်။
ဒီ Helium လေးကို အသုံးပြုပုံလေး ရေးပေးပါ့မယ်နော်...
1. Helium ကို ကိုယ့်ရဲ့ android ထဲကို install လုပ်လိုက်ပါ။
2. Install လုပ်ပြီးသွားရင်တော့ ဒီ apk လေးကို run လိုက်ပါ။
3. Computer နဲ့ သင့်ရဲ့ ဖုန်းကို USB cable ကိုအသုံးပြုပြီး ချိတ်လိုက်ပါ။
4. အပေါ်က အချက်တွေအကုန်လုပ်ပြီးသွားရင်တော့ Helium က android device မှာ enabled ဖြစ်သွားပါပြီဗျာ။
Helium (free) ရဲ့ features တွေက SD card ထဲကို Backup & restore ပြုလုပ်နိုင်ခြင်း၊ PC ထဲသို့ Backup & restore ပြုလုပ်နိုင်ခြင်းတွေပါဝင်ပါတယ်။
Helium (Premium ) ရဲ့ features အသစ်တွေကတော့ ကြောငြာတွေမပါဝင်တဲ့အပြင် အချိန်ကို ချိန်ညှိထားပေးပြီး အလိုအလျောက် Backup & restore ပြုလုပ်နိုင်ခြင်း၊
Android Devices အချင်းချင်း Sync လုပ်နိုင်ခြင်း၊ Cloud Storage တွေပေါ်မှာ backup & restore ပြုလုပ်နိုင်ခြင်းတွေပါဝင်လာပါတယ်။
Cloud Storage တွေကတော့
- Dropbox
- Box
- Google Drive
တို့မှာ ထားသိုနိုင်တာကို တွေ့ရပါတယ်။
အောက်က link ကနေ download လုပ်နိုင်ပါတယ်။
Download Here
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။