Saturday, December 28, 2013

တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်းအရေအတွက် (၃ .၁၉) သန်း ရောင်းချပေးခဲ့သော်လည်းသုံးစွဲနိုင်သူ အရေအတွက်နည်းပါး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလစဉ်ရောင်းချပေးလျက်ရှိသော တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ခုနှစ်ဒီဇင်ဘာ (၂၃) ရက်နေ့မှအစပြု၍သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ခွဲတမ်း စနစ်ဖြင့် ထပ်မံရောင်းချပေးသွားမည့်အကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသတင်း ထုတ်ပြန်ထား ရှိသည်။လက်ရှိကာလလတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းစု စုပေါင်း(၃.၁၉) သန်းရောင်းချပေးခဲ့ပြီးဖြစ်သည်။၂၀၁၃ခုနှစ် ဧပြီမှအစပြု၍ဇူလိုင်အထိ တစ်လလျှင်တန် ဖိုးနည်းမိုဘိုင်းလ်ဖုန်း (၃၅၀ယ ၀၀၀) ကိုလည်းကောင်း၊ သြဂုတ်လမှအစပြု၍ နိုဝင်ဘာကာလ အထိတန်ဖိုး နည်မိုဘိုင်းလ်ဖုန်း (၃၆၀,၀၀၀)ကို လည်းကောင်းရောင်းချပေး ခဲ့ပြီးဖြစ်သည်။၂၀၁၃ခုနှစ် ဒီဇင်ဘာကာ လအတွက် ရောင်းချပေး သွားမည့် တန်ဖိုးနည်းမိုဘိုင်းလ် ဖုန်းအရေအတွက်မှာ(၃၅၀, ၀၀၀)ဖြစ်သည်။ “ တန်ဖိုးနည်း ဖုန်းကတ်ကတော့လစဉ်ရောင်းချနေတာပါ။ဒါပေမယ့် အခုထိမပေါက်သေးဘူး။ 
ကျွန်တော်တို့ရပ်ကွက်မှာ လူကြီးကိုယ်တိုင်နှိုက်ပြီး မဲဖောက်ပေးထာပါ။ အပြင်မှာ ၀ယ်ဖို့ကျတော့လည်းဈေးက အရမ်းကြီးမြင့်နေတာဆိုတော့ မ၀ယ်နိုင်သေးပါဘူး။ ဒါ့အပြင်အခြား အော်ပရေတာ တွေကလည်း အခုအချိန်ထိ ဆက်သွယ်ရေးဝန်ဆောင်မှုတွေမပေးနိုင်သေးတော့မဲပေါက်ဖို့မျှော်လင့်ရုံကလွဲပြီးတန်ဖိုးနည်းမိုဘိုင်းလ်ဖုန်းအရေအတွက် (၃ .၁၉) သန်းရောင်းချပေးခဲ့သော်လည်းသုံးစွဲနိုင်သူ အရေအတွက်နည်းပါးဘာမှမတတ်နိုင်ဘူး "ဟုတွံတေးမြို့နယ်နေ ကိုသီဟက ပြောကြားခဲ့သည်။ပြည်တွင်းဆက်သွယ်ရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်ရန်နှင့်မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက် မြင့်မားလာစေရန်ရည်ရွယ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကို အများပိုင်အဖြစ်ပြောင်းလဲဖွဲ့စည်း ထားရှိသောMyanmar Public Telecom Companyက မိုဘိုင်းလ်ဖုန်းအရေအတွက် (၄)သန်း၊ Yatanarpon Telecom Co.,LTd
ဘိုင်းလ်ဖုန်း အရေအတွက် (၄)သန်းနှင့်တကွ အခြားအော်ပရေတာ (၂)ဦးမှ မိုဘိုင်းလ်ဖုန်း အရေအတွက်(၁)သန်းစီဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်အတွင်း တိုးချဲ့တပ်ဆင်ချထားပေးသွားမည်ဖြစ်
သည်။လက်ရှိကာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မိုဘိုင်းလ်ဖုန်းအရေအတွက် (၆.၉၉)သန်းရောင်းချပေးခဲ့ပြီးဖြစ်သည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်အတွင်းတယ်လီဖုန်း သိပ်သည်းဆ (၂၇)ရာခိုင်နှုန်းအထိ ရောက်ရှိလာ
ရန်မျှော်မှန်းထားရှိသည်။ ၂၀၁၃ ဧပြီက အစပြု၍ ရောင်းချပေးခဲ့သောတန်ဖိုးနည်းမိုဘိုင်းလ်ဖုန်းအရေအတွက် (၃.၁၉)သန်းရောင်းချပေးခဲ့ပြီးဖြစ်သော်လည်း မိုဘိုင်းလ်မှောင်ခိုဈေးကွက်များကြောင့် သုံးစွဲနိုင်သူအရေအတွက် နည်းပါးလျက်ရှိကြောင်း နည်းပညာရပ်ဝန်းက တစ်ဆင့်ကြား သိရသည်။


Credit>>> အောင်ရဲကျော် ( Myanmar Digital Life )


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။