Saturday, December 28, 2013

ဈေးအသက်သာဆုံး မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးနိုင်ရန် Ooredoo Myanmar နှင့် ZTE ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို




မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာအဖြစ်တင်ဒါအောင်မြင်ပြီးဖြစ်သော ကာတာနိုင်ငံအခြေစိုက် Ooredoo အနေဖြင့် မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်ကွန်ရက်များကို ဖြန့်ကျက်ရန်အတွက် တရုတ်နိုင်ငံအခြေစိုက် ZTE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း Ooredoo Myanmar ကသတင်းထုတ်ပြန်ထားရှိသည်။


Ooredoo Myanmar အနေဖြင့် တရုတ်နိုင်ငံအခြေစိုက် ZTE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားရှိသည့်အပြင် ဖန်လန် နိုင်ငံအခြေစိုက် Nokia Solutions and Networks (NSN) နှင့်လည်း ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာကာလအတွင်း စာချုပ် ချုပ်ဆိုထားခဲ့သည်။ အဆိုပါစာချုပ်များအရ မြန်မာနိုင်ငံအတွင်း Ooredoo Myanmar အနေဖြင့် 3G မိုဘိုင်းလ်ကွန် ရက်ကို ဖြန့်ကျက်နိုင်ရန်အတွက် N5N နှင့် ZTE အစရှိသော ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။


မြန်မာနိုင်ငံအတွင်း ဈေးအသက်သာဆုံးနှင့် အသုံးပြုရအလွယ်ကူဆုံး မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုကို 3G မိုဘိုင်းလ် ကွန်ရက်နှင့် အတူစတင်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ZTE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်းဖြစ်ကြောင်း Ooredoo Myanmar ကသတင်းထုတ်ပြန်ထားရှိသည်။ ၂၀၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလမှစတင်၍ မိုဘိုင်းလ်ဝန်ဆောင်မှုများ ကို ပေးသွားမည်ဖြစ်ပြီး ၅ နှစ်တာကာလအတွင်း အသံပိုင်းဆိုင်ရာ (Voice) သာမက၊ သတင်းအချက်အလက် (Data) များပါဝင်လွှမ်းခြုံထားသည့် မိုဘိုင်းလ်ကွန်ရက်ကို နိုင်ငံလူဦးရေ ၉၇ ရာခိုင်နှုန်းအထိ  ဖြန့်ကျက်သွားနိုင် ရန် ပြင်ဆင်ထားရှိကြောင်း Ooredoo Myanmar ကတဆင့်သိရှိရသည်။


" မြန်မာပြည်ကို အကောင်းဆုံး မိုဘိုင်းလ်ဝန်ဆောင်မှုတွေပေးဖို့အတွက် ZTE ကိုရွေးချယ်ရခြင်းဖြစ် ပါတယ်။ ZTE ကိုရွေးချယ်ရခြင်းက သူတို့ရဲ့လုပ်ကိုင်ရည်၊ စွမ်းဆောင်နိုင်မှု၊ မြန်ဆန်မှု၊ ယုံကြည်စိတ်ချနိုင်ေ လာက်တဲ့ ၀န်ဆောင် မှု နဲ့တကွ ကျွန်တော်တို့နဲ့အတူ အလျင်အမြန်လှုပ်ရှားနိုင်မှုများကြောင့်ပဲ ဖြစ်ပါတယ်" ဟု Ooredoo Myanmar ၏ အလုပ်အမှုဆောင်အရာရှိချုပ် Ross Cormack ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံအခြေစိုက် ZTE ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်ဆက်သွယ်မှုကွန်ရက် တည်ထောင်ရာ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သောကုမ္ပဏီ တစ်ခုဖြစ်သည်။ ထို့အပြင် ကာတာနိုင်ငံအခြေစိုက် Ooredoo Myanmar အနေဖြင့် ဆက်သွယ်ရေးအော် ပရေတာ လုပ်ငန်းလိုင်စင် လက်ဝယ်ရရှိရန် စောင့်စားလျက်ရှိသော ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည်။


https://www.facebook.com/OoredooMyanmar



Credit>>> အောင်ရဲကျော် ( Myanmar Digital Life )
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။