Showing posts with label Android Themes. Show all posts
Showing posts with label Android Themes. Show all posts

Thursday, December 19, 2013

Swapps! side launcher Apk (All Android)

ကျွန်တော်ဒီတစ်ခါ Swapps! side launcher လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အရမ်းကိုလန်းပါတယ်ခင်ဗျာ
ဘေးကနေပွတ်ဆွဲလိုက်တာ ဖုန်းထဲမှာရှိနေတဲ့ App တွေကိုတန်းစီပြီးထုတ်ပေးမှာဒါဟာဘာကြောင်းလဲဆို
တော့မိမိတို့တစ်ခုခုပြုလုပ်နေရင် Back နဲ့နောက်ဆုတ်စရာမလိုတော့ဘူး။ဘေးကိုပွတ်လိုက်တာနဲ့မိမိသွား
ချင်တဲ့နေရာကိုတိုက်ရိုက်ွားလို့ရပါတယ်။ Up,Down Scroll လေးပါတဲ့အတွက်သုံးရလွယ်ကူလှပါတယ်။
သူငယ်ချင်းတို့စိတ်ကြိုက်တွေ့စေမှာပါ။ သူ့မှာနောက်ထပ်ပါဝင်တဲ့ features တွေကတော့..
. Remove app names (Only icon launcher)
. Add widgets to the ‘Starred’ section
. App Blacklist (Hide apps)
. Define pad width
. Choose pad color
. Choose text color
. Change opacity
. More than 15 starred
. More sliding animations to choose from
. No Ads
တို့ပါပဲ။သူငယ်ချင်းတို့ရဲ့ဖုန်းကိုလိုက်ပြီး screen ဆိုဒ်ကိုမိမိကြိုက်သလိုချိန်လို့ရပါတယ်။ကြိုက်တဲ့ကာလာ
ကိုလည်းရွေးချယ်အသုံးပြုနိုင်တာမို့စိတ်ကြိုက်တွေ့စေပါမယ်။ အားလုံးအဆင်ပြေစေဖို့အတွက်
Google Play ကနေရောပြီး Scanner ရှိသူတွေအတွက် QR code လေးကိုပါဒေါင်းလော့စ်ဖိုင်ထဲမှာ
ထည့်သွင်းထားပါတယ်။ USB ကြိုးသုံးစရာမလိုပဲ Scan ဖတ်ရုံမျှဖြင့်ဖုန်းထဲတိုက်ရိုက်အင်စတောလုပ်နိုင်
မှာပါ။

စိတ်ကြိုက်ဖြစ်စေတယ်ဆိုရင်တော့အောက်မှာသွားဒေါင်းလိုက်ပါ။ သူငယ်ချင်းတို့မှာ Scanner Barcode
မရှိသေးရင်တော့ ဒီမှာနှိပ်ပြီး သွားဒေါင်းလိုက်ပါ။

Size : 586k
Current Version : 2.2.4
Requires Android : 2.3 and up


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


သူငယ်ချင်းတွေကိုထပ်ပြီး ရှယ် လိုက်ပါနော်..

                                                  Google Play Store
https://play.google.com/store/apps/details?id=com.schiztech.swapps&feature=search_result#?t=W251bGwsMSwxLDEsImNvbS5zY2hpenRlY2guc3dhcHBzIl0. 


QE code for Swapps side launcher Apk


http://dl-3.one2up.com/onetwo/content/2013/12/19/ef68ed4768b2bcd479061e07ce3472c3.apk

http://adfoc.us/14251336168460

http://adfoc.us/14251336168594 


နည်းပညာမြို့တော်

 

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Friday, December 13, 2013

Android Ubuntu Apk Themes (all Android)

သူငယ်ချင်းတို့အတွက် မိမိဖုန်းကို Ubuntu Themes စတိုင်လေးထားချင်ရင်အောက်မှာဒေါင်းလိုက်ပါ။
ဘေး Slide up,Down လုပ်လို့ရပြီး Icon ဒီဇိုင်းတွေကအစ လှပပါတယ်။ဒေါင်းလော့စ်ဖိုင်ထဲကနေထုတ်
ယူပြီးဖုန်း SD ကဒ်ထဲထည့် Install လုပ်ရုံပါပဲ။လွယ်ကူရိုးရှင်းပြီးလှပပါတယ်။ ကိုယ်ကြိုက်တဲ့နေရာ ကိုတန်းသွားရုံပဲ။ မိမိလိုသလိုကြိုက်တဲ့ Themes တွေကိုလည်းပြောင်းလို့ရတာယ်။ကာလာတွေကအစ။
သုံးကြည့်ပေါ့နော်မကြိုက်တော့လည်းပြန်ဖြုတ်လို့ရပါတယ်။ဘာတွေထူးခြားလည်းသိရတာပေါ့။


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


သူငယ်ချင်းတွေကိုလည်း ရှယ်လိုက်ပါနော်...



http://dl-14.one2up.com/onetwo/content/2013/12/12/7b83fad70fb2e2fe8fb5a5f94f1cc2e7.rar

http://www.solidfiles.com/d/69eb1e3323/

http://www2.zippyshare.com/v/7788975/file.html


နည်းပညာမြို့တော်





အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Sunday, December 1, 2013

Phone မှာ Themes လှလှလေးတွေအသုံးပြုချင်တဲ့ သူတွေအတွက်: GLASS APEX /NOVA /GO /SMART THEME v7.4 Apk

Android themes လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ..  ဒီ themes လေးတွေကတော့ Apex Launcher နဲ့ Go Launcher ပေါ်မှာ အလုပ်လုပ်တဲ့ Themes လေးတွေပါ။ Themes ဆိုတာကတော့ ကျွန်တော်တို့ android phone တွေပေါ်မှာ style လှလှပပလေးတွေကို ပြောင်းလဲအသုံးပြုလိုတဲ့ သူတွေအတွက်တော့ တကယ့်ကို အဆင်ပြေစေတဲ့application လေးတစ်ခုပါပဲ။ Icon ဒီဇိုင်းပိုင်းမှာလဲ လှပတဲ့အတွက် အသုံးပြုလိုသူတွေအတွက် စွဲမက်စရာကောင်းတဲ့ စွဲလန်းမှုတစ်ခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော် Themes ကို Launcher ပေါ် ထည့်သွင်းနည်းကို ဖော်ပြပေးထားပါတယ်။  

Apex Launcher ထဲသို့ Themes ထည့်သွင်းအသုံးပြုနည်း
===============================

Apex Launcher ကိုအရင်ဆုံးဖုန်းထဲမှာ install လုပ်ထားလိုက်ပါ။ ပြီးရင် theme ကို install ထပ်လုပ်ပါ။
Apex Launcher ရဲ့ settings ကိုဖွင့်ပြီး Themes setting ကိုရွေးပေးလိုက်ပါ။ Theme setting ထဲမှာ Glass Theme ကိုရွေးးချယ်ပေးလိုက်ရင် ကိုယ်အသုံးပြုနေတဲ့ android phone ရဲ့ theme style က
ဒီဇိုင်းပြောင်းလဲနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

Go Launcher ထဲသို့ Themes ကိုထည့်သွင်းအသုံးပြုနည်း
=================================

Go Launcher ကိုဖွင့်ပြီး MENU key ကိုနှိပ်ကာ Theme Preferences ကိုရွေးချယ်လိုက်ပါ။ ပြီးရင် Glass Themeကိုရွေးပေးလိုက်ရင် Go Launcher မှာ Glass Theme ကို အသုံးပြုနိုင်တာကိုတွေ့မြင်ရပါလိမ့်မယ်။

ဒီ application လေးကိုတော့ android version 2.0 နဲ့အထက်မှာ ရှိရုံနဲ့ အသုံးပြုနိုင်ပါပြီ။


အောက်က link ကနေ download လုပ်နိုင်ပါတယ်။


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)

Friday, October 25, 2013

ဘောလုံးချစ်သူများအတွက် Official Messi Live Wallpaper v.1.1 APK


ဒီတစ်ခါတော့ ဘောလုံးဝါသနာအိုးတွေအတွက် Android Live Wallpaper ကိုဝေမျှလိုက်ပါတယ်။ ဖိုင်ဆိုက်က 25mb ရှိပါတယ်။ တော်တော် ဒေါင်းလုတ်ဆွဲပြီး ပြန်တင်ထားရတာပါ။ ပြန် share မယ်ဆိုရင် မူရင်းအတိုင်း share ဖို့တောင်းဆိုပါတယ်။ ဒီတစ်ခါတော့ Messi ချစ်သူများအတွက်ပါ။ အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပါ။ ပိုပြီးသိချင်ရင် http://adf.ly/YAf0l မှာပိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။



Description


Attention all Leo Messi fans. Download our official adidas Team Messi Video Live Wallpaper app and get closer to Leo himself. Join Team Messi today!
From amazing video clips of Leo in action to a live score widget that analyses his game, plus an official game countdown to his next match, this is a must for all true Leo Messi fans. And with your home screen linked directly to the Team Messi Twitter feed @teammessi you’ll always be one step ahead when it comes to Leo’s news.
This app will allow you to follow one of the greatest players of all time. Winner of a record 4 consecutive Ballon d’Or awards and the scorer of an all time record number of goals in a calendar year when he broke Gerd Müller’s previous record with 91 goals in 2012, you can’t afford not to download this live wallpaper.
*Includes full tablet support!!!

Official Messi Live Wallpaper - screenshot

Official Messi Live Wallpaper - screenshot

Official Messi Live Wallpaper - screenshot

Official Messi Live Wallpaper - screenshot

Download => Link 1

Sunday, October 20, 2013

Launcher တွေနဲ့ တွဲဖက်အသုံးပြုနိုင်မဲ့ Theme : LG G2 Theme version 1.0 Apk


 LG ရဲ့အသွင်သဏ္ဍန်လေးတွေကို ကိုယ့်ဖုန်းထဲမှာလဲ မြင်ချင်တယ်ဆိုရင်တော့ Launcher နဲ့ Theme ရှိရုံနဲ့ မြင်နိုင်ပါပြီ။
LG ရဲ့ Icon ဒီဇိုင်းတွေ၊ 3 HD Wallpaper ဒီဇိုင်းတွေ၊ တခြား themes တွေကိုလည်း support လုပ်ပေးနိုင်တဲ့အပြင် Launcher တော်တော်များများနဲ့လည်း ကိုက်ညီမှု ရှိတာကိုတွေ့ရမှာပါ။ ဒီ themes လေးနဲ့ ကိုက်ညီမှုရှိတဲ့ Luancher တွေကတော့ Nova Launcher, Holo Launcher, Holo HD Launcher တွေနဲ့ ကိုက်ညီမှုရှိတာကိုတွေ့ရပါတယ်။

Launcher များတွင် အသုံးပြုပုံ

=================

အရင်ဆုံး Themes ကို ဖုန်းထဲကို install လုပ်ထားပါ။ Launcher အသီးသီးမှာ install လုပ်ပုံကို အောက်မှာလေ့လာနိုင်ပါတယ်။

Apex Launcher : Apex Setting သို့သွားပါ > ပြီးရင် Theme settings ထဲကိုသွားပြီး ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။

Holo Launcher : Launcher Settings သို့သွားပါ > Appearance Settings ကိုသွားပါ > Icon Pack ကိုနှိပ်ပါ > Select Theme ကိုနှိပ်ပြီး ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။

Nova Launcher : Nova Settings သို့သွားပါ > Look and feel ထဲသို့သွားပါ > Icon Theme ကိုသွားပြီးရင် ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။

ADW Launcher : Home screen ကိုသွားပါ > ပြီးရင် MENU Key ကိုနှိပ်လိုက်ပါ > ပြီးရင် More ကိုသွားပါ > ADW settings ကိုတွေ့ပါလိမ့်မယ် ။ အဲ့ဒီထဲကို ၀င်လိုက်ပါ။ > ပြီးရင် Themes Preferences ကိုနှိပ်လိုက်ပါ > ပြီးရင် select Theme ထဲက ကိုယ်အသုံးပြုလိုတဲ့ LG G2 Theme ကိုရွေးပေးလိုက်ပါ။




အောက်က link ကနေ download လုပ်နိုင်ပါတယ်။






Download Here

အားလုံးအဆင်ပြေကြပါစေ.....

Aung Ko Htet

Thursday, October 17, 2013

Icon တွေကိုပြောင်းလဲ အသုံးပြုရတာကို ကြိုက်သူတွေအတွက် MOND- Nova/Apex/GO/Solo Icon v1.0.8 Apk


Android phone တွေမှာ launcher တွေပြောင်းလဲ အသုံးပြုပြီးတော့ icon တွေကိုပါလန်းတာလေးတွေပြောင်းချင်တဲ့ သူတွေအတွက်Launcher တွေနဲ့ကိုက်ညီမှုရှိတဲ့ icon လေးတွေကို ပြောင်းလဲ အသုံးပြုနိုင်တဲ့ application လေးပါ။ ပြောင်းလဲနိုင်တဲ့ launcher တွေရဲ့ icon တွေကတော့ Nova,Apex,Go, Solo Launcher တွေရဲ့ icon တွေကိုပြောင်းလဲနိုင်ပါတယ်။ အခုချိန်မှာ တော့ icon တွေအနေနဲ့ ပြောင်းလဲ အသုံးပြုနိုင်အုံးမှာပဲဖြစ်ပြီး နောက်ပိုင်းထပ်မံထုတ်လုပ်မဲ့ version တွေမှာတော့ icon ပေါင်း 220 ကျော် အပြင် widget တွေကိုလည်းထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ application ရဲ့ information အရသိရပါတယ်။ လောလောဆယ်မှာတော့ icon အတွေကိုပဲ ပြောင်းလဲ အသုံးပြု နိုင်အုံးမှာပါ။  ဒီ application လေးကို android version 2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ 



 

 အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ.....

Aung Ko Htet 

Monday, October 7, 2013

Android Phone ပေါ်မှာ iOS 7 style သုံးနိုင်ဖို့အတွက် Ios7 Flat Theme version 1.2.0 Apk

Apple ရဲ့ နောက်ဆုံးထွင် iOS version ဖြစ်တဲ့ iOS 7 style ကို ကိုယ့်ရဲ့ Android phone တွေမှာအသုံးပြုဖို့အတွက် ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်ဗျာ။ မြန်မာနိုင်ငံရဲ့ mobile ဖုန်းအသုံးပြုတဲ့ user တွေအနေနဲ့က iOS တွေကို သုံးစွဲဖို့ဆိုတာ ဈေးနှုန်းအနေထားအရ သုံးစွဲဖို့ခက်ခဲတာကြောင့် ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက်တော့ ၀ယ်ယူသုံးစွဲပြီးလေ့လာဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ phone လေးကို iOS style လေးနဲ့လန်းချင်တယ်ဆိုရင်တော့ အသုံးပြုနိုင်အောင်လို့ theme လေးတွေကိုအုပ်ပြီးတော့ လန်းနိုင်တာပေါ့ဗျာ။ Phone တွေမှာ Theme တွေအုပ်တာကတော့ များသောအားဖြင့် လူငယ်တွေအကြိုက်လို့ပြောရမယ်ထင်ပါတယ်။ အခုလည်း ကိုယ့်ဖုန်းရဲ့ screen design ပိုင်းကို iOS style လေးနဲ့လန်းနိုင်ဖို့အတွက် iOS 7 style theme လေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီ theme လေးကိုအသုံးပြုလိုသူများအနေဖြင့် android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ 


အောက်က link ကနေ download လုပ်နိုင်ပါတယ်။


အားလုံးအဆင်ပြေပါစေ.......

Aung Ko Htet

Friday, October 4, 2013

ကိုယ့်ဖုန်းမှာ Galaxy Note 3 style လေးသုံးချင်သူများအတွက် Galaxy Note 3 Theme v1.0 Apk (Theme)


Model မြှင့်ဖုန်းတွေများလာတာနဲ့အမျှ Themes တွေ Launcher တွေရဲ့ ပုံစံတွေကလည်း အမျိုးမျိုးပြောင်းလဲလာတာကိုတွေ့ရပါတယ်။ အဲ့လိုတွေထွက်လာတော့ ထွက်ရှိလာသမျှ version တိုင်းကို end user တွေအနေနဲ့ လိုက်ပြီး ၀ယ်ယူနေလို့ကလည်း သိပ်အဆင်မပြေဘူးလေ။ အဲ့ဒီတော့ model မြှင့်ဖုန်းတွေမှာ ပါတဲ့ Launcher style လေးတွေ၊ themes style လေးကိုတော့ ဘာပဲပြောပြောလေ့လာချင်ကြမှာပဲ။ ဒီဖုန်းက ဘယ်လိုလေးတွေပါတယ်၊ သူ့ဒီဇိုင်းလေးက ဘယ်လိုလေးပေါ့။ ဒါမျိုးလေးတွေကို လေ့လာကြတဲ့အခါမှာတော့ ကျွန်တော်တို့ themes တွေ၊ launcher တွေကို အသုံးပြုပြီး လေ့လာကြတာပေါ့ဗျာ။

တစ်ချို့ လူငယ်လေးတွေကျတော့လည်း model မြှင့်ဖုန်းဒီဇိုင်းလေးတွေကို ကိုယ့်ဖုန်းမှာသုံးထားတော့ ဘာပဲပြောပြော လူများနဲ့ယှဉ်ရင်ပိုပြီးလန်းတာပေါ့။ အဲ့ဒါတွေအတွက် samsung ရဲ့ product ဖြစ်တဲ့ Galaxy Note 3 Theme လေးကို version နှိမ့်ဖုန်းတွေမှာလည်းအသုံးပြုနိုင်အောင် ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

ပါဝင်တဲ့ features တွေအနေနဲ့ကတော့ Note 3 ရဲ့ Icon ပုံစံလေးတွေကိုအသုံးပြုနိုင်တယ်။ 4 HD Note 3 Wallpaper ကိုလည်းအသုံးပြုနိုင်တယ်။ နာမည်ကြီး Themes တွေဖြစ်တဲ့ Apex theme ၊ ADW Theme တွေကိုလည်း support လုပ်ပေးနိုင်တယ်။ Launcher တွေအနေနဲ့ Nova Launcher theme , Holo Launcher ,
Holo HD Launcher တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

Launcher တို့တွင် အသုံးပြုနည်းများ
====================

Apex Launcher : Apex Setting > Theme settings > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

Holo Launcher: Launcher Settings > Appearance Settings > Icon Pack > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

Nova Launcher : Nova Setting > Look and feel > Icon Theme > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

ADW Launcher : Home Screen မှ MENU key ကိုနှိပ်လိုက်ပါ > More > ADW setting > Themes Preferences > Galaxy Note 3 Theme ကိုရွေးပေးလိုက်ပါ။

အပေါ်မှာ ကျွန်တော်ပြထားတဲ့ Launcher တွေနဲ့ ဒီ Themes လေးကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကျွန်တော်ရေးပေးထားတဲ့အတိုင်း အဆင့်ဆင့်သွားပြီးပြောင်းလဲနိုင်ပါတယ်ဗျာ။

ဒီ application လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။





အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 




အားလုံးအဆင်ပြေပါစေ.......

Aung Ko Htet










Sunday, September 29, 2013

Xperia Z HD Theme version 1.0 APK (Theme)


Sony Xperia Z ရဲ့ themes လေးကိုသဘောကျကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ကိုယ့်ဖုန်းက Sony မဟုတ်ပေမဲ့လည်း Sony ရဲ့ style လေးနဲ့ကိုယ့်ဖုန်းမှာ လန်းချင်ကြတဲ့ သူငယ်ချင်းတွေအတွက်တော့ အဆင်ပြေမှာပါ။ Wallpaper ဒီဇိုင်းတွေ ကလည်း 4 HD ဒီဇိုင်းဖြစ်တာကြောင့် လှလှပပနဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့မြင်တွေ့နိုင်ပါတယ်။ ADW themes တွေ၊ Apex theme တွေကိုလည်း support လုပ်ပေးနိုင်ပါတယ်။ Launcher တွေအနေနဲ့ကတော့ Nova Launcher , Holo Launcher , Holo HD Launcher တွေမှာ အသုံးပြုနိုင်တဲ့အတွက် သုံးဖူးသားမိတ်ဆွေတွေကတော့ သိပြီးသားဖြစ်မှာပါ။

Launcher များတွင် Xperia Z HD Theme ကိုထည့်သွင်းအသုံးပြုနည်း

========================================

Apex Launcher :Apex setting > Theme settings ထဲမှ Xperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

Holo Launcher : Launcher Setting > Appearance Settings > Icon Pack > Select Theme ထဲမှXperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

Nova Launcher: Nova Settings > Look and feel > Icon Theme ထဲမှ Xperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

ADW Launcher
: Home screen မှ MENU ကိုနှိပ်ပါ > More > ADW Settings > Themes Preferences > Select Theme ထဲမှ Xperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။






အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 




အားလုံးအဆင်ပြေကြပါစေ........

Aung Ko Htet (IT Studier)

Friday, September 6, 2013

နောက်ဆုံးထွက်ရှိလာတဲ့ HD theme concept kitkat HD 7 in 1 (version 2.1 ) apk



နောက်ဆုံးထွက်ရှိလာတဲ့ HD theme လေးပါ။ အားလုံးသိကြတဲ့အတိုင်းပါပဲ google ကနေ
 နောက်ဆုံးထုတ်လုပ်လိုက်တဲ့ android version
4.4 kit kat စတိုင်theme လေးဆိုတော့ kit kat ကိုသုံးနေရသလိုခံစားနိုင်တာပေါ့ဗျာ။
 ဒီ themes လေးက launcher တွေအကုန်လုံးနဲ့ ကိုက်ညီ
မှုရှိတယ်ဆိုတာကိုတော့ သတိထားစေချင်ပါတယ်။ ဒီ theme လေးကို အသုံးပြုနိုင်တဲ့ launcher
 တွေကတော့ Apex Launcher, Nova Launcher,
ADW, Holo Launcher Ex, Noba launcher  နဲ့ တခြားသော launcher တွေမှာလည်း
 အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ Icon design ကလည်း သူများ design နဲ့မတူတာကိုတွေ့ရပါတယ်။  အသုံးပြုလိုသူတွေအနေ
android version 2.0 နဲ့အထက်ရှိရုံနဲ့တင်အသုံးပြုနိုင်ပါတယ်ဗျာ။



အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 




အားလုံးအဆင်ပြေကြပါစေဗျာ။ 




Friday, August 30, 2013

Sony Xperia Z Themes (All in one pack v1.00 Apk)



Sony Xperia Z စတိုင်လ် themes လေးတွေကိုကြိုက်ကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။ Launcher တွေအများကြီးမှာ အသုံးပြုလို့
ရနိုင်တာကြောင့် all in one pack အမည်ပေးထားတာဖြစ်ပါလိမ့်မယ်ဗျာ။ ဒီ themes လေးကိုအသုံးပြုလို့ရတဲ့ launcher တွေက 
 NEXT LAUNCHER 3D ,TSF LAUNCHER ,GO LAUNCHER EX ,ADW, APEX , NOVA စတဲ့ launcher တွေမှာ သုံးလို့ရတာကို တွေ့ပါတယ်။ 
Live wall paper ကြိုက်တဲ့ သူတွေအတွက်လဲ live wallpaper တွေပါဝင်တာကြောင့် သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။ Android 
version 2.2 နဲ့အထက်ရှိတဲ့သူတိုင်းအသုံးပြုနိုင်ပါပြီဗျာ။ 


အောက်က link တွေကနေ download လုပ်နိုင်ပါပြီဗျာ။ 




အားလုံးအဆင်ပြေကြပါစေဗျာ။ 

Thursday, August 22, 2013

Andorid အတွက် Ultimate iOS7 Launcher Theme v3.2 Apk

iOS 7 style icon လေးတွေကို ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတွေအတွက် iOS 7  Launcher Theme လေးပါဗျာ။ အသစ်လေးမို့လို့တင်ပေးလိုက်တာပါဗျာ။ iOS style လေးတွေကိုမှ သဘောကျနှစ် သက်တဲ့ သူငယ်ချင်းတွေအတွက်ပါဗျာ။Android version 2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။



အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။

Download Here

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT Studier)