Monday, October 7, 2013

Android Phone ပေါ်မှာ iOS 7 style သုံးနိုင်ဖို့အတွက် Ios7 Flat Theme version 1.2.0 Apk

Apple ရဲ့ နောက်ဆုံးထွင် iOS version ဖြစ်တဲ့ iOS 7 style ကို ကိုယ့်ရဲ့ Android phone တွေမှာအသုံးပြုဖို့အတွက် ထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်ဗျာ။ မြန်မာနိုင်ငံရဲ့ mobile ဖုန်းအသုံးပြုတဲ့ user တွေအနေနဲ့က iOS တွေကို သုံးစွဲဖို့ဆိုတာ ဈေးနှုန်းအနေထားအရ သုံးစွဲဖို့ခက်ခဲတာကြောင့် ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက်တော့ ၀ယ်ယူသုံးစွဲပြီးလေ့လာဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ phone လေးကို iOS style လေးနဲ့လန်းချင်တယ်ဆိုရင်တော့ အသုံးပြုနိုင်အောင်လို့ theme လေးတွေကိုအုပ်ပြီးတော့ လန်းနိုင်တာပေါ့ဗျာ။ Phone တွေမှာ Theme တွေအုပ်တာကတော့ များသောအားဖြင့် လူငယ်တွေအကြိုက်လို့ပြောရမယ်ထင်ပါတယ်။ အခုလည်း ကိုယ့်ဖုန်းရဲ့ screen design ပိုင်းကို iOS style လေးနဲ့လန်းနိုင်ဖို့အတွက် iOS 7 style theme လေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီ theme လေးကိုအသုံးပြုလိုသူများအနေဖြင့် android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ 


အောက်က link ကနေ download လုပ်နိုင်ပါတယ်။


အားလုံးအဆင်ပြေပါစေ.......

Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။