Android themes လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ.. ဒီ themes လေးတွေကတော့ Apex Launcher နဲ့ Go Launcher ပေါ်မှာ အလုပ်လုပ်တဲ့ Themes လေးတွေပါ။ Themes ဆိုတာကတော့ ကျွန်တော်တို့ android phone တွေပေါ်မှာ style လှလှပပလေးတွေကို ပြောင်းလဲအသုံးပြုလိုတဲ့ သူတွေအတွက်တော့ တကယ့်ကို အဆင်ပြေစေတဲ့application လေးတစ်ခုပါပဲ။ Icon ဒီဇိုင်းပိုင်းမှာလဲ လှပတဲ့အတွက် အသုံးပြုလိုသူတွေအတွက် စွဲမက်စရာကောင်းတဲ့ စွဲလန်းမှုတစ်ခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော် Themes ကို Launcher ပေါ် ထည့်သွင်းနည်းကို ဖော်ပြပေးထားပါတယ်။
ကျွန်တော် Themes ကို Launcher ပေါ် ထည့်သွင်းနည်းကို ဖော်ပြပေးထားပါတယ်။
Apex Launcher ထဲသို့ Themes ထည့်သွင်းအသုံးပြုနည်း
===============================
Apex Launcher ကိုအရင်ဆုံးဖုန်းထဲမှာ install လုပ်ထားလိုက်ပါ။ ပြီးရင် theme ကို install ထပ်လုပ်ပါ။
Apex Launcher ရဲ့ settings ကိုဖွင့်ပြီး Themes setting ကိုရွေးပေးလိုက်ပါ။ Theme setting ထဲမှာ Glass Theme ကိုရွေးးချယ်ပေးလိုက်ရင် ကိုယ်အသုံးပြုနေတဲ့ android phone ရဲ့ theme style က
ဒီဇိုင်းပြောင်းလဲနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
Go Launcher ထဲသို့ Themes ကိုထည့်သွင်းအသုံးပြုနည်း
=================================
Go Launcher ကိုဖွင့်ပြီး MENU key ကိုနှိပ်ကာ Theme Preferences ကိုရွေးချယ်လိုက်ပါ။ ပြီးရင် Glass Themeကိုရွေးပေးလိုက်ရင် Go Launcher မှာ Glass Theme ကို အသုံးပြုနိုင်တာကိုတွေ့မြင်ရပါလိမ့်မယ်။
ဒီ application လေးကိုတော့ android version 2.0 နဲ့အထက်မှာ ရှိရုံနဲ့ အသုံးပြုနိုင်ပါပြီ။
အောက်က link ကနေ download လုပ်နိုင်ပါတယ်။
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)










0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။