Tuesday, June 24, 2014

Google Glass ကို ဗြိတိန်တွင် ရောင်းပြီ



Google Glass ကို ဗြိတိန် တွင် ရောင်းချပေးလိုက်ပြီ ဖြစ်သည်။ ဗြိတိန် သည် အမေရိကန်ပြင်ပတွင် Google Glass ကို ပထမဆုံး ရောင်းချပေးလိုက်သည့် နိုင်ငံဖြစ်ပါသည်။ Google Glass ကို စတာလင်ပေါင် တစ်ထောင် (ဒေါ်လာ ၁၇၀၀) ဖြင့် ရောင်းချပေးနေပါသည်။ အမြင်အာရုံမကောင်းသူများအတွက် Google Glass မျက်မှန်ကိုင်းများကိုလည်း ဗြိတိန် တွင် ၀ယ်ယူနိုင်သည်ဟု သိရပါသည်။

Google Glass တွင် 720p Display တပ်ဆင်ထားပြီး Gmail ၊ ၀က်ဆိုက်များ နှင့် လမ်းညွှန်ပြချက်များ ကြည့်နိုင်ခြင်း နှင့် Glassware ဟု ခေါ်သည့် Apps များအသုံးပြုနိုင်မည်ဖြစ်သည်။ ခေါင်းကို လှုပ်ခါ၍သော်လည်းကောင်း၊ အသံဖြင့်ခိုင်းစေ၍သော်လည်းကောင်း Google Glass ကို ခိုင်းစေနိုင်ပါသည်။ Glass တွင် ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ပြီး ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရန် ကင်မရာပါရှိပါသည်။

Google Glass ကို ၂၀၁၃ ခုနှစ်တွင် Explorer Program မှ အကန့်အသတ်ဖြင့်ရောင်းချပေးခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မေလတွင် အမေရိကန်ရှိ နေထိုင်သူအားလုံးကို ရောင်းချပေးခဲ့ပြီး ယခုမူ ဗြိတိန်တွင် ရောင်းချပေးခြင်းဖြစ်ပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသည့် ဗြိတိန်နိုင်ငံသားတိုင်းသည် Explorer တွင် ပါဝင်နိုင်ပြီး Glass ကို ၀ယ်ယူနိုင်ပြီဖြစ်သည်။

Google Glass ကို ဗြိတိန်တွင် အသုံးပြုနည်းများကို အောက်က ဗီဒီယိုတွင် လေ့လာနိုင်ပါသည်။

https://www.youtube.com/watch?v=Z3AIdnzZUsE

သူရ


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။