Google နှင့် ကားထုတ်လုပ်သူများက အလိုအလျှောက်မောင်းနှင်နိုင်သည့် ကားများကို တီထွင်နေသော်လည်း တည်ထောင်ခါစ ကုမ္ပဏီတစ်ခုက မော်တော်ကားတိုင်းတွင် တပ်ဆင်နိုင်သည့် အလိုအလျှောက်ကားမောင်းနိုင်သည့် နည်းပညာကို တီထွင်နေသည်ဟု သိရပါသည်။
အဆိုပါနည်းပညာကို Cruise RP-1 ဟု အမည်ပေးထားပါသည်။ Cruise RP-1 ကို ကားတွင် တပ်ဆင်ပြီးလျှင် Cruise ခလုတ်ကို နှိပ်သည်နှင့် စတီယာရင်နှင့် ခြေနင်းများကို ထိတွေ့ရန်မလိုဘဲ Highway လမ်းမများတွင် အလိုအလျှောက်မောင်းနှင်နိုင်မည်ဖြစ်သည်။ Cruise RP-1 စနစ်က ကားကို သူ၏ လမ်းကြောင်းပေါ်တွင် တည့်မတ်စွာ မောင်းနှင်ရန် ထိန်းကြောင်းမည်ဖြစ်ပြီး အခြားကားများနှင့် မတိုက်မိရန်လည်း ထိန်းကြောင်းမည်ဖြစ်သည်။ အဆိုပါနည်းပညာသည် Google တီထွင်နေသည့် ကားများကဲ့သို့ လူ၏ အကူအညီလုံးဝယူရန် မလိုအပ်ခြင်းမဟုတ်ဘဲ လူက အချို့နေရာများတွင် ထိန်းကျောင်းရမည်ဖြစ်သည်။
Cruise RP-1 နည်းစနစ်ကို ခေါင်မိုးပါသည့်ကားတိုင်းတွင် တပ်ဆင်နိုင်ပြီး ကင်မရာနှစ်လုံး၊ ရေဒါ၊ GPS ၊ Sensor နှင့် ကွန်ပြူတာအပြင် ကား၏ စတီယာရင်၊ အရှိန်နှင့် ဘရိတ်စနစ်များကို ထိန်းချုပ်သည့် ကိရိယာပါရှိပါသည်။
Cruise RP-1 သည် တပ်ဆင်ခအပါအ၀င် ဒေါ်လာ တစ်သောင်းကျသင့်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကယ်လီဖိုးနီးယား တွင် အကန့်အသတ်ဖြင့် ရောင်းချမည်ဟု သိရပါသည်။ Cruise RP-1 တပ်ဆင်ထားသည့် ကားများကို စက်တင်ဘာလတွင် စမ်းသပ်မောင်းနှင်မည်ဖြစ်သည်။
Cruise RP-1 အတွက် iOS App ကို တီထွင်ပေးထားပြီး ကား၏ ကင်မရာများမှ ရိုက်ကူးမှုများကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ပါသည်။ iOS Device နှင့် ကင်မရာကို ၀ိုင်ဖိုင်ဆက်သွယ်မှုဖြင့် ချိတ်ဆက်နိုင်ပါသည်။
Cruise RP-1 ၏ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုတွင် လေ့လာနိုင်ပါသည်။
https://www.youtube.com/watch?v=uEQqQj_zyHI
သူရ
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။