Tuesday, February 11, 2014

Huawei တို့ MWC တွင် စမတ်နာရီလည်း မိတ်ဆက်ပြသမည်



တရုတ်ပြည် အခြေဆိုက် Huawei ကုမ္မဏီမှ လာမယ့် Mobile World Congress မှာ စမတ်နာရီ တစ်မျိုးပါ မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ဒါ့အပြင် စမတ်ဖုန်း တစ်မျိုးနဲ့ ကျောက်သင်ပုန်း ကွန်ပြူတာ ၂ မျိုးကိုပါ တစ်ခါတည်း မိတ်ဆက် မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းကို အများစုက လက်ရှိ ထွက်ရှိထားတဲ့ Huawei Ascend P6 ရဲ့  နောက်ထပ် မော်ဒယ် အသစ်လို့ပဲ ထင်ခဲ့ကြတာပါ။ သို့ပေမယ့် Wall Street Journal ရဲ့ မေးမြန်းမှုကို ဖြေကြား ချက်အရ မဟုတ်သေး ပါဘူး။ ယခု ထွက်ရှိတဲ့ စမတ်ဖုန်းက သီးသန့် တစ်မျိုး ဖြစ်ပါတယ်။ ကျောက်သင်ပုန်း ကွန်ပြူတာ ၂ မျိုး ကလည်း အဆင့်မြင့် အရည်အသွေး Tablet များ ဖြစ်ပါတယ်။ မျက်နှာပြင် အရည် အသွေး 1920x1200 high resolution ရှိပြီး ppi က 323 အဆင့် ရှိပါတယ်။ 3G Connectivity ထောက်ပံ့ပြီး RAM က 2GB ရှိပါတယ်။ Mail-450 GPU ကို အသုံးပြုထားပါတယ်။ quad core Hisilicon 910 Kirin chip ကို အသုံးပြု ထားပြီး speed က 1.6 GHz ရှိ ပါတယ်။ Android 4.2 Jelly Bean OS ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် စမတ်ဖုန်းကိုလည်း RAM 2GB, Quad core processor ကိုသာ အသုံးပြုထား ပါတယ်။ လာမယ့် ဖေဖော်ဝါရီလကုန်ပိုင်း Mobile World Congress မှာ Huawei တို့ မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Aung Ko Htet


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။