Thursday, June 11, 2015

အရစ်ကျ အိမ်ဝယ်မယ်ဆိုရင်



ကျနော် တစ်ရက် သတင်းစာ ဖတ်တော့ ကြော်ငြာတစ်ခု တွေ့လိုက်တယ်.. တစ်လကို ၈ သိန်းပေးပြီး ၁၀ နှစ်အရစ်ကျသွင်းရင် ကွန်ဒို တစ်လံး အပိုင်ရမယ်တဲ့။ ဒါနဲ့ ကျနော်လည်း စိတ်ဝင်စားသွားပြီး ဖုန်းဆက်မေးတယ်။ ဖုန်းထဲမှာ မရှင်းပြဘူး။ ရုံးကိုလာခဲ့ပါတဲ့။ ဒီတော့ သွားရောက် စုံစမ်းဖြစ်တယ်။ ကျနော် အရမ်းစိတ်ဝင်စားတယ်ဗျ။ ဘာလို့လဲဆို လက်ရှိ ကျနော့ ဝင်ငွေနဲ့ အဲ့လို အရစ်ကျ ပေးဖို့က ဖြစ်နိုင်တာကိုး။ ဒါပေမယ့် တစ်ရက်ပြီး တစ်ရက် သေချာ စဉ်းစားကြည့်မိတယ်။


တစ်လကို ငွေ ၈ သန်းပုံမှန်ပေးပြီး ငွေ တစ်ဝက်ကျေမှ အခန်းအပ်မယ်တဲ့။ ဒီတော့ တစ်လ ၈ သိန်းနှုန်းနဲ့ ကိုယ့်ဘာကိုယ် ငွေစုသွားရင်ကော် ၁၀ နှစ်ပြည့်ရင် သိန်း ၁၀၀၀ ကျော်မသွားပေဘူးလားပေါ့။ ဆုတဲ့အခါလည်းမိမိလက်ထဲမှာ မဟုတ်ပဲ ဘဏ်မှာဆိုရင် အတိုးပါရသေး။ ဒါဆိုရင် သိန်း ၁၀၀၀ မကတော့ဘူးပေါ့။ အဲ့ကျရင်ကော် အခန်းဈေး ဘယ်လောက်ရှိမလဲဆိုတာ စိတ်ကူးတောင် ယဉ်ကြည့်မိသေးသဗျ။ လက်ရှိကလည်း အိုင်တီ Startup တစ်ခု လုပ်ဖို့ ကြိုးစားနေတယ်ဆိုတော့ဗျာ။ ဒီတော့ ပြောချင်တာက အိမ်ကဲ့သို့ ငွေသေစေမယ့် အရာမျိုးကို အရစ်ကျ ဝယ်မယ်ဆိုရင် သက်တမ်းအားဖြင့် ၅ နှစ်မကျော်တာ ပိုကောင်းပါတယ်။ ပြီးတော့ မိမိဝ်ယူတဲ့ ကုမ္ဗဏီဟာလည်း စိတ်ချယုံကြည်ရဖို့လိုအပ် တယ်။ ပြီးတော့ မိမိဝယ်မယ့် ကွန်ဒို ဆောက်မယ့် မြေနေရာဟာ တကယ်ပဲ စာရွက်စာတမ်းအရ သေချာမှု ရှိမရှိ၊ အခန်းကို ဘယ်တော့ နောက်ဆုံးထားအပ်မှာလဲ အစရှိသဖြင့် အသေးစိတ် ကြည့်ရှု လေ့လာရန် လိုအပ် ပါတယ်။ အခြားသော လေ့လာ သတိထားစရာ အချက်တွေလည်း အများကြည့်ပါ။ ဗဟုသုတ နည်းပါးခြင်းဟာလည်း အလိမ်ခံရနိုင်တဲ့ အကြောင်းတစ်ချက်ပဲ ဖြစ်ပါတယ်။

အခန်းဝယ်မယ်ဆိုရင် အခန်းရဲ့ အလှအပ ဘယ်လိုရှိတယ်ဆိုတာကိုသာ ကြည့်ပြီး ကျန်တဲ့ တရားဥပဒေ ဆိုင်ရာအမြင်၊ စီးပွားရေး အမြင်၊ အပြင် သတင်းအချက်အလက်များကို ထည့်သွင်းစဉ်းစားခြင်းတို့ မရှိဘူး ဆိုရင် ခိုင်ခံ့မှု ရှိမှာ မဟုတ်ပါဘူး။  ဒါ့အပြင် ကျနော် တွက်သလို သင်္ချာနည်းလေးနဲ့ တွက်ကြည့်ပါ။ ၁၀ နှစ်လောက်ကြာတဲ့အခါ မိမိမှာ ရှိတဲ့ ငွေကြေးဟာ မိမိဝယ်ယူမယ့် အရာရဲ့ တန်ဖိုးပမာဏထက် အနည်းဆုံး ၂ ဆလောက် များနေတယ်ဆိုရင် ပိုလို့တောင် မဝယ်သင့်ပါဘူး။ ဒီလိုပြောလို့ အရစ်ကျကို ကြောက်မသွားပါနဲ့။ အရစ်ကျ ဝယ် စနစ်ဟာ ခိုင်ခံ့မှု ရှိပြီး ယုံကြည်စိတ်ချရမှုရှိရင် မိမိအတွက်လည်း များစွာ အကျိုး ရှိပါတယ်။ အိမ်နဲ့ ပက်သက်ပြီးတော့ သိချင်ရင် သိစရာလေးတွေ၊ မှတ်စရာ လေးတွေကို တင်တင်ပေးနေတတ်တဲ့ www.imyanmarhouse.com ရဲ့ သတင်း menu မှာ ဝင်ရောက် ဖတ်ရှု လေ့လာနိုင်ပါတယ်။

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။