NVIDIA သည် အဆင့်မြှင့်ဆုံးနည်းပညာဖြင့် ပြုလုပ်ထားသော 192-core Tegra K1 ပရိုဆက်ဆာကို လူသုံးကုန် အီလက်ထရွန်နစ် ပြပွဲတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
NVIDIA Kepler ပေါင်းစပ်ပါဝင်သည့် Tegra K1 ကို ဗားရှင်းနှစ်ခုဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပြီး ၎င်းတို့သည် အလွန်ကောင်းမွန်သည့် ဂရပ်ဖစ်ကို ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။ 32-bit ဗားရှင်းကို ၂၀၁၄ နှစ်လယ်ပိုင်းတွင် ထွက်ရှိမည်ဟု မျှော်လင့်ရပြီး 64-bit ဗားရှင်းကို နှစ်ကုန်ပိုင်းမှသာ တွေ့မြင်ရဖွယ်ရှိသည်။
Tegra K1 ကို ဂရပ်ဖစ်ဈေးကွက်တွင် လွှမ်းမိုးမှုရယူထားသော NVIDIA Kepler GPU နှင့်ပေါင်းစပ် ထုတ်လုပ်ထားသည်။ NVIDIA CEO Jen-Hsun Huang က Epic Games က မိတ်ဆက်ပေးမည့် Unreal Engine 4 ဂိမ်းအင်ဂျင်တွင် Tegra K1 ဖြင့် ကစားနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်းချစ်ပ် လုပ်ဆောင်နိုင်သည့် အရာတစ်ချို့ကိုလည်း စမ်းသပ်ပြသခဲ့သည်။
ဈေးကွက်အတွင်း PC ကွန်ပျူတာ ရောင်းချမှုနှုန်း ဆက်လက် ကျဆင်း သွားဖွယ်ရှိသောကြောင့် NVIDIA အနေဖြင့် PC များပေါ်မှ မိုဘိုင်း ချစ်ပ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်နေကြောင်း သိရသည်။
သို့သော် မိုဘိုင်းဈေးကွက်သို့ ပြောင်းလဲရာတွင် desktop ကုမ္ပဏီအများစု သည် အခက်အခဲများ ကြုံတွေ့ရလေ့ရှိသောကြောင့် NVIDIA အနေဖြင့်လည်း ရုန်းကန်ရဖွယ်ရှိကြောင်း ခန်မှန်းထားကြသည်။
Ref: WSJ
Credit>>> internet journal
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။