မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
(MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀
ကျပ်တန် MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို Long Time
Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။
“အစ်ကိုတို့က 3G စနစ်၊ ဒါကို တချို့ 4G သွားလို့မရဘူးလို့ ပြောနေကြတယ်။ နောက်ပိုင်းထွက်တဲ့ မိုဘိုင်းဖုန်းလိုင်းတွေမှာ 4G စနစ်ကို ဆက်သွားမှာ။ LTE စနစ်ကို သွားလို့မရဘူး မဟုတ်ဘူး။ သွားလို့ ရတယ်” MEC Tel မှ တာဝန်ရှိသူ မန်နေဂျာတစ်ဦးက ပြောသည်။
MEC သည် CDMA ဖုန်းလိုင်းများကို ZTE နှင့် ပူးပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်ပြီး နောင်တစ်ချိန်၌ LTE စနစ်သို့ ကူးပြောင်းသွားမည်ဟု သိရသည်။ ZTE နှင့် ပြိုင်ဘက်ကုမ္ပဏီသည် ZTE ၏ နည်းပညာများမှာ ခေတ်မီခြင်း မရှိတော့သည့်အပြင် MEC အနေဖြင့် ZTE နည်းပညာများကို ချဲ့ထွင်နေပါက နောင်တစ်ချိန်ပြင်ဆင်ရန် ခက်ခဲမည်ဟု ဝေဖန်ခဲ့ကြသည်။
MEC အနေဖြင့် ZTE သည် မြန်မာ့ဆက်သွယ်ရေးနှင့် အစဉ်အဆက် လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် လက်ရှိကာလ၌လည်း အဆိုပါနည်းပညာသည် အဆင်ပြေစွာ သုံးစွဲနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အများအနေဖြင့် 4G စနစ်သို့ CDMA များ ကူးပြောင်းနိုင်ခြင်းမရှိဘူး ပြောဆိုကြသည်မှာ မှားယွင်းသည့်အပြင် ၎င်းတို့အနေဖြင့်လည်း LTE စနစ်ကို ကူးပြောင်းရန် ရည်ရွယ်ပြီးဖြစ်ကြောင်း MEC က ပြောဆိုခဲ့သည်။
လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G နည်းပညာကိုသာ ဆက်လက်အသုံးပြုမည်ဟု ကြေညာခဲ့ပြီး တိုးချဲ့ခန့်အပ်လိုက်သည့် ဆက်သွယ်ရေး အော်ပရေတာများသည်လည်း 3G, 2G နည်းပညာများကို အသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်၌ MEC သည် မိုဘိုင်းဖုန်းလိုင်း ၁ သန်းကျော်ကို ချထားပေးပြီးဖြစ်သည်။
မြင့်ကျော်လှိုင်
- See more at: http://www.myanmarinternetjournal.com/content/10105#sthash.Hvkv3OB5.dpuf

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀ ကျပ်တန် MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို Long Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။
“အစ်ကိုတို့က 3G စနစ်၊ ဒါကို တချို့ 4G သွားလို့မရဘူးလို့ ပြောနေကြတယ်။ နောက်ပိုင်းထွက်တဲ့ မိုဘိုင်းဖုန်းလိုင်းတွေမှာ 4G စနစ်ကို ဆက်သွားမှာ။ LTE စနစ်ကို သွားလို့မရဘူး မဟုတ်ဘူး။ သွားလို့ ရတယ်” MEC Tel မှ တာဝန်ရှိသူ မန်နေဂျာတစ်ဦးက ပြောသည်။
MEC သည် CDMA ဖုန်းလိုင်းများကို ZTE နှင့် ပူးပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်ပြီး နောင်တစ်ချိန်၌ LTE စနစ်သို့ ကူးပြောင်းသွားမည်ဟု သိရသည်။ ZTE နှင့် ပြိုင်ဘက်ကုမ္ပဏီသည် ZTE ၏ နည်းပညာ များမှာ ခေတ်မီခြင်း မရှိတော့သည့်အပြင် MEC အနေဖြင့် ZTE နည်းပညာများကို ချဲ့ထွင်နေ ပါက နောင်တစ် ချိန်ပြင် ဆင်ရန် ခက်ခဲမည် ဟု ဝေဖန်ခဲ့ကြသည်။
MEC အနေဖြင့် ZTE သည် မြန်မာ့ဆက်သွယ်ရေးနှင့် အစဉ်အဆက် လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် လက်ရှိကာလ၌လည်း အဆိုပါနည်းပညာသည် အဆင်ပြေစွာ သုံးစွဲနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အများအနေဖြင့် 4G စနစ်သို့ CDMA များ ကူးပြောင်းနိုင်ခြင်း မရှိဘူး ပြောဆိုကြသည်မှာ မှားယွင်းသည့်အပြင် ၎င်းတို့အနေဖြင့်လည်း LTE စနစ်ကို ကူးပြောင်းရန် ရည်ရွယ်ပြီးဖြစ်ကြောင်း MEC က ပြောဆိုခဲ့သည်။
လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G နည်းပညာကိုသာ ဆက်လက်အသုံးပြုမည် ဟု ကြေညာ ခဲ့ပြီး တိုးချဲ့ခန့်အပ်လိုက်သည့် ဆက်သွယ်ရေး အော်ပရေတာများသည်လည်း 3G, 2G နည်းပညာများကို အသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်၌ MEC သည် မိုဘိုင်းဖုန်းလိုင်း ၁ သန်းကျော်ကို ချထားပေးပြီးဖြစ်သည်။
မြင့်ကျော်လှိုင်
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။