ပြည်တွင်း၏ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုနှုန်းသည် နှစ်အနည်းငယ် အတွင်းမြင့်တက်လာရာ မြို့ကြီးများတွင် ဖွင့်လှစ်ထားကြသည့် ဆိုက်ဘာကဖေး အများစုလုပ်ငန်းများ ရပ်ဆိုင်းပစ်နေရကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ထိုလုပ်ငန်းနယ်ပယ်မှ စုံစမ်းသိရသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုမှုပေါ်ပေါက် လာသည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ရန်ကုန်နှင့် မန္တလေးရှိ အင်တာနက်ဆိုင်များ၏ ဝင်ငွေများထိခိုက်မှု ရှိလာခဲ့ပြီး ယနေ့တစ်နိုင်ငံလုံး အတိုင်းအတာ မိုဘိုင်းဖုန်း အသုံးပြုသူဦးရေမှာ ငါးသန်းကျော်ရှိလာပြီဖြစ်သည်။ အဆိုပါ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ငါးသန်းကျော်အနက်မှ တစ်သန်းကျော်ပမာဏသည် မိုဘိုင်းအင်တာနက် အသုံးပြုသူများ ဖြစ်သည်ဟု အင်တာနက် စာမျက်နှာပေါ်ရှိ တရားဝင် စစ်တမ်းအချို့အရ သိရသည်။
“အရင်က အင်တာနက်ဆိုင် တစ်ခုဖွင့်နိုင်ရင် အောင်မြင်တယ်။ ခေတ်ရဲ့လိုအပ်ချက်အရ စီးပွားရေးကောင်း ခဲ့ကြတယ်။ အဲ့ဒီအတွက် အရင်းအနှီးလည်း အများကြီးစိုက်ထုတ်ကြ ရပါတယ်။ အခုအချိန်မှာတော့ ဒေဝါ လီခံလိုက်ရသလိုမျိုး ကျွန်တော်တို့ လုပ်ငန်းတွေဖြစ်နေတာ လွန်ခဲ့တဲ့သုံးနှစ် ဝန်းကျင်လောက်က တည်း ကပါ” ဟု ရန်ကုန်မြို့တွင် ဆိုက်ဘာကဖေးများ ဖွင့်လှစ်ခဲ့သူ တစ်ဦးကပြောသည်။ စီးပွားဖြစ် ဆက်လက် ရပ်တည်နိုင် သည့် အနေအထားတွင် မရှိတော့သည့် မြို့ကြီးများရှိ ဆိုက်ဘာကဖေးများထဲမှ အများစုသည် အင်တာနက်ဆိုင် အမည်ခံဂိမ်းကစားနိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ်သာ ပြောင်းလဲရပ် တည် နေလာ ရပြီဖြစ် သည်။
“ဆိုင်ကိုမကြာခင် ပိတ်ပစ်ဖို့စဉ်းစားနေတယ်။ အရင်းအနှီးများများနဲ့ ထူထောင်ထားတာဆိုတော့ ဒီလိုမျိုးအခြေအနေ မကောင်းလည်း ပိတ်သိမ်းပစ်ဖို့ ခက်နေတယ်။ ဒါပေမဲ့ဆိုင်မှာ အင်တာနက်သုံးတဲ့သူ မရှိပါဘူး။ ဂိမ်းကစားနေတဲ့ ကလေးတွေနဲ့ချည်း ပြည့်နေတယ်” ဟု မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် အင်တာနက်ကဖေး ဆိုင်တစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ထိုကဲ့သို့ လုပ်ငန်းပြောင်းလဲမှုသည်လည်း လွန်ခဲ့သည့် နှစ်နှစ်ကျော်ဝန်းကျင်က စတင်ကာသိသာ လာခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်တွင်မူ ထိုအင်တာ နက်ဆိုင်များတွင် ဒိုတာကဲ့သို့ဂိမ်းများကို ကစားနေသည့် လူငယ်များဖြင့်သာ ပြည့်နှက်နေ ပြီဖြစ်ကြောင်း ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်တချို့က ပြောသည်။ ယခင်က အင်တာနက်ဆိုင် များတွင် ကွန်ပျူတာအလုံးရေ ပြည့်သည်အထိ အသုံးပြုခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ အဆိုပါဆိုင်အများစုတွင် တစ်ရက်လျှင် အင်တာနက်လာရောက် အသုံးပြုသူမှာ ဆယ်ဦးခန့်ပင် မရှိတော့ကြောင်း ထိုလုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ၏ စမတ်ဖုန်း အသုံးပြုသူ များပြားလာခြင်းကြောင့် အင်တာနက်ကဖေးများ ပိတ်ပစ်နေရခြင်းကဲ့သို့ပင် အိန္ဒိယ၊ ထိုင်း၊ ကိုရီးယားနှင့် ရဝမ်ဒါအစရှိသည့် နိုင်ငံများတွင်လည်း အလားတူစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်ဟု ပြီးခဲ့သည့် နိုဝင်ဘာကထုတ်ပြန်ခဲ့သော အင်တာနက်စာမျက်နှာပေါ်ရှိ သတင်းစာမျက်နှာ တစ်ခုတွင် ရေးသားဖော်ပြထားခဲ့သည်။
-ယုဇနကိုကို
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။