Tuesday, November 5, 2013

Google မှာ I'm Feeling Lucky ဆိုတာဘာလဲ





မြန်မာ ဘာသာ Google ထဲမှာတော့ I'm Feeling Lucky ကို ဥုံဖွလို့ ရေးသား ဖော်ပြ ထားပါတယ်။

ဥုံဖွလို့ဆိုတဲ့ အတိုင်း Google က နေရာတစ်ခုကို ချက်ချင်း ပို့လိုက်ခြင်း ဖြစ် ပါတယ်။ ဥပမာ book လို့ ရိုက်ပြီး I'm Feeling Lucky ( ဥုံဖွ ) ကို နှိပ်လိုက်ရင် ထိပ်ဆုံး ညွန်းပေးလိုက်တဲ့ ဆိုဒ်က Wikipedia ဖြစ်ပါ တယ်။ အကြောင်း ကတော့ Wikipedia က Search Engine Optimization Ranking မှာ နံပါတ် ၁ ဖြစ်နေ လို့ ဖြစ်ပါ တယ်။ ခပ်လွယ်လွယ်ရှင်းရရင် အဲ့ဆိုဒ်က bookကို ရှာတဲ့ အကြိမ်က ပိုများမယ်။ Link building , back linking ကောင်းမယ် အစရှိသဖြင့်ပေါ့။

SEO ဖြစ်စေမယ့် အချက် ၅ ချက်ကြောင့် Google ရဲ့  အယ်လ်ဂိုရစ်သန်အရ စာလုံး တစ်ခုကို ရှာလိုက်ရင် Wikipedia က ထိပ်ဆုံးကို ရောက်ပြီး ဥုံဖွကို နှိပ်တဲ့အခါ ယင်းဆိုဒ်ကိုသာ တိုက်ရိုက်သွားစေခြင်း ဖြစ်ပါ တယ်။ Google က အဲဒါကို ခပ်လွယ်လွယ်ရှာ၊ အမြန်ရှာ ရှာချင်သူများအတွက် ရည်ရွယ်ပြီးတော့ ထည့် ထားပေး မယ့် Feature ဖြစ်ပါ တယ်။ သိုပေမယ့် တော်ရုံ အသုံးပြုသူ နည်းပါတယ်။ အများစုကတော့ research လုပ်ဖို့အတွက် သုံးဖြစ်ကြလိမ့်မယ်လို့ ယူဆ ရပါတယ်။

ဒီလောက်ဆိုရင် I'm Feeling Lucky ရဲ့  Definition ကို အကြမ်းဖျင်း သိပြီလို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း ( smart.com.mm ) 


Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။