Tuesday, November 5, 2013
Android အတွက် အလန်းစား Media player : PlayerPro Music Player version 2.8
မိတ်ဆွေတို့ အသုံးပြုနေကြတဲ့ android phone ထဲမှာ media player နဲ့ပတ်သက်ပြီး အမျိုးမျိုးရှိ ကြမှာမလွဲပါပဲ။ အဲ့ဒီထဲကမှ အသုံးပြုရ အဆင်ပြေတဲ့ application လေးတစ်ခုကို ပဲမိတ်ဆွေတို့ အသုံးပြုနေကြတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ အခုလည်း Media Player အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Application လေးက media player ဖြစ်တာကြောင့် အသံထွက်ကောင်းမွန်ခြင်း၊ feature တွေစုံ လင်ခြင်းတွေကြောင့် အသုံးပြုရ အဆင်ပြေစေပါတယ်။ ပြီးတော့ Equlizer ချိန်ငြိရတာ အဆင်ပြေအောင် လုပ်ဆောင်ပေးထားတာတွေ၊ setting ထဲမှာ ဖုန်းကို လှုပ်လိုက်တာနဲ့ ရှေ့ကို ကျော်ခြင်း (next)လုပ်တာနဲ့ ဖုန်း ကို ဇောက်ထိုးထားပြီး လှုပ်လိုက်ရင် အနောက်ကို ပြန်ပြီး ရစ်တာ ( previous ) လုပ်တာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ အသံပိုင်းကတော့ ပြောနေစရာမလိုလောက်အောင် စွမ်းဆောင် မှုမျိုး ပေး စွမ်းပေးနိုင် ပါတယ်။ အသုံးပြုလိုသူများအနေနဲ့ android version 2.3.3 နဲ့အထက်မှာ ဆိုရင် အသုံးပြုနိုင်ပါပြီ။
အောက်က link ကနေ download လုပ်နိုင်ပါတယ်။
Download Here
အားလုံးအဆင်ပြေကြပါစေ....
Aung Ko Htet
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။