အခြေခံ Google Search အသုံးပြုခြင်း
အင်တာနက် ကော်နက်ရှင် ရမရ စမ်းသပ်ဖို့အတွက် ကျနော်တို့လည်း Google ကို အသုံးပြုသလို၊ စာဖတ်သူတို့လည်း အသုံးပြုတာကို မငြင်းဆန် နိုင်ပါဘူး။ ပြီးတော့ စာလုံးပေါင်း သတ်ပုံ စစ်ဆေးမှုပေါ့။
အလယ်အလတ် Google Search အသုံးပြုခြင်း
အထက်က အချက်တွေတင် မကတော့ဘူး။ ကိုယ်ရှာချင်တဲ့ လူတစ်ဦးတစ်ယောက်ရဲ့  အမည်တွေကို ရိုက်တတ်လာတယ်။ ပုံလည်း ရှာတတ်လာတယ်။ သီချင်းလေးတွေ ရှာတတ်လာတယ်။ ဗီဒီယိုတွေ ရှာတတ် လာတယ်။ သီချင်းစာသားတွေ ရှာတတ်လာတယ်။ ဒေါင်းချင် တဲ့ ဆော့ဖ်ဝဲကို တွေ့အောင် ရှာတတ် လာတယ်။
အဆင့်မြင့် Google Search အသုံးပြုခြင်း
Google Search ကနေ အွန်လိုင်းကနေ အခမဲ့ သင်ကြားလို့ရမယ့် ဝဘ်ဆိုဒ်တွေကို ရှာဖွေမယ်၊ လေ့လာမယ်။ ဥပမာ coding ဆိုလည်း coding, အနီးစပ်ဆုံးအားဖြင့် အင်္ဂလိပ်စာ လေ့လာဖို့အတွက်လည်း ရှာဖွေပြီး သုံးလို့ ရတယ်။ ဗီဒီယို lecturer တွေ ရှာဖွေမယ်။ Google Search Engine ကနေပဲ Top ranking site တွေကို ကိုယ်တိုင် research လုပ်မယ်။ စာရင်းပြုစုမယ်။ ဒါတွေကို လက်တွေ့ ပြန်ပြီးတော့ အသုံးချမယ်။ အစရှိသဖြင့် ပေါ့။ Search Engine မှာ Optimize ဖြစ်တဲ့ ဆိုဒ်တွေကို သတိထားမိလာမယ်။ ကိုယ်ရှာချင်တဲ့ keyword, meta data တွေကို သေချာ ပေးပြီး ရှာတတ်လာမယ် အစရှိသဖြင့်ပေါ့။
Google က ကိုယ့်အတွက် အကောင်းဆုံး ခရီးသွားလမ်းညွန်တစ်ခုလိုပါပဲ။ သို့ပေမယ့် ကိုယ်သွားချင်တဲ့ ခရီးကို သေချာ သိဖို့လိုအပ် ပါတယ်။ ဘက်ပေါင်းစုံကနေ ကောင်းကောင်း အသုံးချနိုင်ရင် Google Search နဲ့တင် ပညာတတ်တစ်ဦး ဖြစ်စေဖို့တောင် ပညာရှင်အချို့ က အာမခံ ထားပါတယ်။ wikipedia ကို specialize လုပ်ရင် ဗဟုသုတ ကြွယ်သလို Google ကနေ လိုရာ ပညာရပ်များကို အလွယ်တကူ ရှာဖွေလေ့လာလို့ ရပါတယ်။ ဒါကြောင့်မို့ Google Search ကို ကောင်းကောင်း အသုံးချနိုင်ဖို့ အတွက် ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။
Google Searh ကို ကောင်းကောင်း အသုံးချနိုင်ဖို့အတွက် အောက်ပါလခ့်မှာ ကိုယ်တိုင် ဝင်ရောက် လေ့လာ နိုင်ပါတယ်။
http://www.howtogeek.com/106718/how-to-search-google-like-a-pro-11-tricks-you-have-to-know/
Advanced Google Search - http://www.google.com/advanced_search
အောင်ခမ်း ( smart.com.mm )
Aung Ko Htet
Tuesday, November 5, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။