Monday, October 28, 2013

LG ရဲ့ ကွေးကောက်စမတ်ဖုန်း G Flex တရားဝင် မိတ်ဆက်

 

 တောင်ကိုရီးယား ထွက်ချင်း အတူတူဖြစ်တဲ့ Samsung က Galaxy Round ဆိုပြီး ထုတ်လုပ်ပြီးနောက် LG ကတော့ ကွေးကောက် လို့ရတဲ့ စမတ်ဖုန်း LG G Flex ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Samsung ရဲ့  Galaxy Round က ဘေးနှစ်ဘက်ကို ကွေးနိုင်ခြင်း ဖြစ်ပြီး LG G Flex ကတော့ အပေါ်အောက် ကို ကွေးနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ထူခြားချက်ကို ဘယ်သူမှ မခန့်မှန်းထားမိခဲ့ ပါ့ဘူး။ LG G2 နဲ့ Specification သိပ်ကွာခြားမှု မရှိပါဘူး။ RAM 2GB, 2.26 Snapdragon 800 processor တို့ ပါဝင်ပြီး ကင်မရာက 13 megapixel ရှိပါတယ်။ ရှေ့ မှာက 2.1 megapixel ကင်မရာ ဖြစ်ပါတယ်။ ဘက်ထရီက 3500 mAh ရှိပါတယ်။ ဖုန်း အလေးချိန်က ၁၇၇ ဂရမ် ရှိပါတယ်။ ဖုန်း Display က ၆ လက်မ ကျယ်ပြီး 720p အရည်အသွေး ထုတ်နိုင် ပါတယ်။ Android 4.2.2 Jelly Bean OS နဲ့ ထုတ်လုပ်ထားပါတယ်။

Swing Lockscreen တို့လိုမျိုး ကွေးကောက်နိုင်တဲ့အလျောက် ထူးခြားတဲ့ Special Feature တွေပါဝင်လာမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ LG က မကြေညာသေးပါဘူး။ သို့ပေမယ့် ၂၀၁၄ နှစ်ဆန်းပိုင်းအတွင်း LG G Flex ကို ဈေးကွက် ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlin

အောင်ခမ်း ( TSJ Team ) 
Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။