Monday, October 28, 2013

၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7

မြန်မာငွေ ၆ သောင်းလောက်နဲ့ ဥရောပဖြစ် ကျောက်သင်ပုန်းကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ်ပြည်ထွက် Tablet တွေကို ခဏမေ့ထားနိုင်မှာ အမှန်ပါပဲ။

အမည်ကတော့ Avoca 7 လို့ခေါ်ပါတယ်။ ဗြိတိန်ပေါင် ၄၉ နဲ့ ဗြိတိန်အခြေ ဆိုက် Carphone Warehouse က ထုတ်တာပါ။ Display အရွယ် ၇ လက်မ ရှိပြီး Resolution က 800x400 ပါ။ RAM 512 MB ရှိပြီး Processor ကတော့ 1GHz ပါပဲ။ ဘက်ထရီက 3000 mAh တောင် ရှိပါတယ်။ ၈ နာရီလောက်ထိ အသုံးခံ ပါတယ်။ 192x117x10.7 mm အတိုင်းအတာ ရှိပြီး အလေးချိန်ကတော့ ၃၅၀ ဂရမ် ရှိပါတယ်။ Wi Fi ရပါတယ်။ နောက်ကော အဖြူ၊ ရှေ့ အနက် ပုံစံ ကာလာ တစ်မျိုးထဲ ထွက်ပါတယ်။

Android 4.2 Jelly Bean OS ကို အသုံးပြု ထားပါတယ်။ built in storage က 8GB ရှိပြီး SD card ထပ်ဆိုက် နိုင်ပါသေးတယ်။ ဒါကို မြန်မာကျပ်ငွေ ၇ သောင်း၊ ၈ သောင်းနဲ့ ရမှာမို့ တော်တော်လေး တန်ပါတယ်။ UK made ဖြစ်ပြီး အာမခံလည်း ရရှိမယ့် ပစ္စည်း Avoca 7 Tablet အား အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ ဝယ်ယူ နိုင်ပါတယ်။
Ref :  http://www.carphonewarehouse.com/special-offers/categories/half-price-tablet?stop_mobi=yes#phonedetailstabs

.
Aung Kham ( TSJ team ) 
Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။