www.MyanmarOnlineSales.comသည် ၀င်ရောက်ကြည့်ရှုသူများ အချိန်နှင့်
လုပ်အားဆုံးရှုံးမှုမရှိဘဲ online မှနေ၍ ပစ္စည်းမှာယူနိုင်ရန် ရည်ရွယ်၍
လွှင့်တင်ထားခြင်း ဖြစ်ပါသည်။
www.MyanmarOnlineSales.comသည် ရန်ကုန်မြို့ရှိ Myanmar Online Sales
မှ လွှင့်တင်ထားခြင်းဖြစ်ပါသည်။ websiteနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှု၊
websiteတွင် ပြုလုပ်သော အော်ဒါများနှင့် ပတ်သက်၍ တာဝန်ရှိမှုတို့သည် Myanmar
Online Sales
နှင့်သာ သက်ဆိုင်ပါမည်။
www.MyanmarOnlineSales.comနှင့် online အော်ဒါပြုလုပ်သူများကြားတွင်
နားလည်မှု မှားယွင်း၍ ဖြစ်စေ၊ နှစ်ဦးနှစ်ဖက် သဘောတူပြီး စည်းကမ်းကို
တစ်ဦးဦးက ဖောက်ဖျက်၍ ဖြစ်စေ နစ်နာဆုံးရှုံမှုများ ဖြစ်ပေါ်လာခဲ့ပါက
အငြင်းပွားမှုများ မဖြစ်ပေါ်စေရန်အတွက် ဤစာမျက်နှာပါ အကြောင်းအရာများကို
အစအဆုံး အသေးစိတ် ဖတ်ရှုထားစေလိုပါသည်။
- ဤစာမျက်နှာတွင် ဖော်ပြထားသည့် “www.MyanmarOnlineSales.com” ဆိုသည်မှာ ဤ website လွှင့်တင်ထားသူကို ဆိုလိုပါသည်။
- ဤ website ကို ၀င်ရောက်ကြည့်ရှုသူများ၊ အော်ဒါပြုလုပ်သူများသည် ဤစာမျက်နှာပါ အကြောင်းအရာများ၊ စည်းကမ်းများနှင့် ဤ website ၏ privacy policy စာမျက်နှာပါ အကြောင်းအရာများကို လက်ခံသဘောတူညီပြီးဖြစ်သည်ဟု ယူဆပါမည်။ အကယ်၍ သဘောမတူခဲ့ပါက ဤ website အသုံးပြုခြင်းကို ရပ်ဆိုင်းရပါမည်။
- www.MyanmarOnlineSales.comသည် ၀င်ရောက်ကြည့်ရှုသူ၏ အချက်အလက်များကို cookies အသုံးပြု၍ သိမ်းဆည်းထားမည်ဖြစ်ပါသည်။
- ဤ website ပါ အချက်အလက်များကို အခြားတစ်နေရာရာတွင် အသုံးပြုမည် ဖော်ပြမည်ဆိုပါက www.MyanmarOnlineSales.comမှ ရယူထားခြင်းဖြစ်ကြောင်း မဖြစ်မနေ ဖော်ပြရန် လိုအပ်ပါသည်။ သို့သော် ထိုသို့ အချက်အလက်များ ကူးယူဖော်ပြခြင်းအတွက် ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက www.MyanmarOnlineSales.comတွင် တာဝန်မရှိပါ။
- ဤစာမျက်နှာပါ အကြောင်းအရာများ၊ စည်းကမ်းများနှင့် ဤ website ၏ privacy policy စာမျက်နှာပါ အကြောင်းအရာများကို ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပြောင်းလဲသတ်မှတ်နိုင်ခွင့် www.MyanmarOnlineSales.comတွင် ရှိပါမည်။
- www.MyanmarOnlineSales.comတွင် အခြား website တို့၏ Link တို့ကို ဖော်ပြကောင်း ဖော်ပြထားမည်ဖြစ်သော်လည်း ၄င်း website တို့သည် www.MyanmarOnlineSales.comနှင့် သက်ဆိုင်မှုမရှိသလို ၄င်းတို့ကြောင့် ဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါကလည်း www.MyanmarOnlineSales.comနှင့် သက်ဆိုင်မှု မရှိပါ။
- www.MyanmarOnlineSales.comတွင် ဖော်ပြထားသော အချက်အလက်များသည် ရန်ကုန်မြို့ရှိ ပါရမီစာပေမှ ရယူထားခြင်းဖြစ်ပြီး အမှန်ကန်ဆုံး၊ အတိကျဆုံးဖြစ်အောင် ကြိုးစားထားပါသည်။ သို့သော် ရာနှုန်းပြည့် တိကျ မှန်ကန်မှု ရှိမည်ဟု အာမခံချက် မပေးပါ။ website ဖော်ပြထားသော အချက်အလက်များကိုလည်း ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပြောင်းလဲနိုင်ခွင့်ရှိပါမည်။
- ဤ Website တွင် ရောင်းချနေသည့် ပစ္စည်းများ၏ ဈေးနှုန်းသည် ဈေးကွက်တွင် ရောင်းချနေသည့် ဈေးနှုန်းထက် မများအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါသည်။ အကယ်၍ ဈေးကွက်တွင် ရောင်းချနေသည့် ဈေးနှုန်းသည် များနေခဲ့ပါက ဤ Website တွင် ရောင်းချနေသည့် ပစ္စည်းများ၏ ဈေးနှုန်းကို ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပြောင်းလဲနိုင်ခွင့် www.MyanmarOnlineSales.comတွင် ရှိပါမည်။ ဈေးနှုန်းပြောင်းမည့်ပစ္စည်းသည် ၀ယ်သူလတ်တလော မှာယူထားသည့် ပစ္စည်းဖြစ်ခဲ့က www.MyanmarOnlineSales.comသည် ၀ယ်သူထံသို့ အော်ဒါအတည်မပြုခင် အကြောင်းကြားရန် တာဝန်ရှိပါမည်။
- www.MyanmarOnlineSales.comတွင် အော်ဒါပြုလုပ်သူတိုင်းသည် Member မဖြစ်မနေ ၀င်ရမည် ဖြစ်ပါသည်။
- Member Feeမှာ ငါးထောင်ကျပ် ဖြစ်ပါသည်။ မှာယူသူသည် ထို Member Fee ကို ငွေသားသက်သက် သီးခြားပေးသွင်းရန် မလိုသလို ကြိုတင်ပေးသွင်းထားရန်လည်း မလိုပါ။ ပြုလုပ်သည့် အော်ဒါတန်ဖိုး၏ သုံးရာခိုင်နှုန်းလျှော့ပေးငွေမှသာ Member Fee ပြည့်သည်အထိ www.MyanmarOnlineSales.comသည် ရယူသွားမည်ဖြစ်ပါသည်။ သတ်မှတ်ထားသော Member Feeကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အ၀ဖြစ်စေ ပေးသွင်းထားသူများကို Memberအဖြစ် သတ်မှတ်ပါသည်။
- Member Fee မှာ အချိန်ကာလ အားလျော်စွာ အပြောင်းအလဲရှိနိုင်ပါသည်။ ထိုသို့ပြောင်းလဲခြင်းအတွက် Member တစ်ဦးချင်းထံသို့ ကြိုတင်အကြောင်းမည် မဟုတ်ပါ။ ထိုသို့ ပြောင်းလဲခဲ့ပါက ယခင် ၀င်ရောက်ထားသော Memberများသည် ပြောင်းလဲသွားသော Member Fee အတွက် ထပ်မံပေးသွင်းရန်လိုအပ်သောငွေကို သုံးရာခိုင်နှုန်းလျှော့ငွေမှ ထပ်မံဖြည့်တင်းပေးရပါမည်။
- Member အဖြစ်မှ နှုတ်ထွက်လိုခြင်း အပါအ၀င် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပေးသွင်းပြီးသော Member Feeကို ပြန်ထုတ်ပေးမည် မဟုတ်ပါ။
- Memberများကို ခွဲခြားရန်အတွက် အော်ဒါပြုလုပ်ချိန်တွင် ဖြည့်စွက်ခဲ့သည့် Emailကို အသုံးပြုပါမည်။ ထို့ကြောင့် မှာယူသူသည် Checkout ပြုလုပ်ချိန်၌ Email လိပ်စာ မှန်ကန်စွာ ထည့်သွင်းရန် လိုသလို နောင်တစ်ချိန်၌ မှာယူသူ၏ Email လိပ်စာ ပြောင်းခဲ့ကလည်း www.MyanmarOnlineSales.comသို့ အချိန်မှီ အကြောင်းကြားရန် လိုအပ်ပါမည်။ မှာယူသူ၌ email တစ်ခုထက် ပိုရှိခဲ့ပါက www.MyanmarOnlineSales.com၌ အော်ဒါပထမဆုံးပြုလုပ်ခဲ့စဉ်က အသုံးပြုခဲ့သည့် emailကို ထည့်သွင်းပေးရမည် ဖြစ်ပါသည်။
- Member Fee တစ်စိတ်တစ်ပိုင်း ပေးသွင်းပြီးချိန်တွင် ဖြစ်စေ၊ အပြည့်အ၀ ပေးသွင်းပြီးချိန်တွင် ဖြစ်စေ ဤစာမျက်နှာပါ သဘောတူညီချက်များကို ချိုးဖောက်ခဲ့ပါက မှာယူသူသည် Member အဖြစ်မှ ပျက်ပြယ်မည် ဖြစ်ပါသည်။ ထိုသို့ ပျက်ပြယ်ခြင်းခံရပါက ၄င်းအချိန်အထိ ပေးသွင်းပြီးခဲ့သော Member Fee အားလုံးကို ဆုံးရှုံးမည် ဖြစ်ပါသည်။ Member အဖြစ်မှ ပျက်ပြယ်ခြင်းခံရပြီးနောက် နောင်တစ်ချိန် Memberပြန်ဝင်မည်ဆိုပါက ၄င်းအချိန်တွင် သတ်မှတ်ထားသော Member Feeကို အပြည့်အ၀ ပြန်လည်ပေးဆောင်ရပါမည်။
- ငွေပေးချေမှုပုံစံမှာ အဓိကအားဖြင့် ၄ မျိုးရှိပါမည်။
-
ငွေပေးချေမှုပုံစံ (၁) ။ “ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာယူပစ္စည်းကို လာယူချိန်၌ ငွေချေခြင်း”။
၎င်းသည် ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာသည့်ပစ္စည်းကို လာယူချိန်၌ ငွေပေးချေခြင်း ဖြစ်ပါသည်။ အသေးစိတ်ကို ဤစာမျက်နှာ၏ “ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာယူပစ္စည်းကို လာယူခြင်း”အပိုင်း၌ အသေးစိတ်ဖော်ပြထားပါသည်။ -
ငွေပေးချေမှုပုံစံ (၂) ။ “မှာယူသူ၏ ရန်ကုန်လိပ်စာသို့ ပစ္စည်းလာပို့ချိန်၌ ငွေချေခြင်း”။
၎င်းသည် မှာယူသော ပစ္စည်းများ မှာယူသူ၏ လိပ်စာသို့ ရောက်ရှိချိန်၌ ငွေပေးချေခြင်း ဖြစ်ပါသည်။ အသေးစိတ်ကို ဤစာမျက်နှာ၏ “မှာယူသူ၏ ရန်ကုန်လိပ်စာသို့ မှာယူပစ္စည်းကို အရောက်ပေးပို့ပေးခြင်း”အပိုင်း၌ အသေးစိတ်ဖော်ပြထားပါသည်။ -
ငွေပေးချေမှုပုံစံ (၃) ။ “ဘဏ်မှတဆင့် ကျသင့်ငွေ လွှဲခြင်း”။
၎င်းသည် မှာယူသော ပစ္စည်းများအတွက် ကျသင့်ငွေကို ဘဏ်မှတဆင့် ငွေလွှဲခြင်း ဖြစ်ပါသည်။ လွှဲပေးရမည့် ဘဏ်အကောင့်နံပါတ်အပါအ၀င် ငွေလွှဲအချက်အလက်များကို ငွေတောင်းခံစာ emailတွင် ဖော်ပြပေးထားမည် ဖြစ်ပါသည်။ -
ငွေပေးချေမှုပုံစံ (၄) ။ “CB Bank EASi SMART Card အသုံးပြု၍ CB Bank ATMမှတဆင့် ကျသင့်ငွေ လွှဲခြင်း”။
၎င်းသည် မှာယူသော ပစ္စည်းများအတွက် ကျသင့်ငွေကို CB Bank EASi SMART Card အသုံးပြု၍ CB Bank ATMမှတဆင့် ငွေလွှဲခြင်း ဖြစ်ပါသည်။ လွှဲပေးရမည့် CB ဘဏ်အကောင့်နံပါတ်ကို ငွေတောင်းခံစာ emailတွင် ဖော်ပြပေးထားမည် ဖြစ်ပါသည်။ အကယ်၍ CB Bank ATM အသုံးမပြုလိုပါက CB Bank ၏ ဘဏ်ခွဲတစ်ခုခုမှ တဆင့် ၄င်း CB ဘဏ်အကောင့်သို့ ငွေလွှဲနိုင်ပါသည်။ (၄င်းအကောင့်သို့ CB ဘဏ်ခွဲများမှတစ်ပါး အခြားဘဏ်များ၏ ဘဏ်ခွဲများမှတဆင့် ငွေလွှဲ၍ မရနိုင်ပါ။) - မှာယူသူအနေဖြင့် ပစ္စည်းမှန် ဈေးမှန်ရအောင် www.MyanmarOnlineSales.comအနေဖြင့် အတတ်နိုင်ဆုံး ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။ သို့သော် အော်ဒါပါ ပစ္စည်းများ၏ websiteတွင် ပြထားသော ဈေးနှုန်းနှင့် ဆိုင်တွင် ရောင်းချသောဈေးနှုန်းသည် အကြောင်းတစ်ခုခုကြောင့် မတူညီခဲ့ပါက ၄င်းအော်ဒါကို ပယ်ဖျက်ခွင့် (သို့မဟုတ်) ဆက်လက်ဆောင်ရွက်ရန် ငြင်းဆိုခွင့် (သို့မဟုတ်) မှာယူသူအကြောင်းကြားပြီး အော်ဒါပါ itemများ၏ ဈေးနှုန်းပြင်ဆင်ခွင့် www.MyanmarOnlineSales.comတွင် ရှိပါမည်။ ဈေးနှုန်းပြင်ဆင်ရန် လိုအပ်မည်ဆိုပါက မှာယူသူကို ကြိုတင်အကြောင်းကြားရန် www.MyanmarOnlineSales.comတွင် တာဝန်ရှိပါမည်။
- Checkout ပြုလုပ်စဉ်အချိန်၌ မှာယူသူသည် မှာယူသူ၏ လိပ်စာ (သို့မဟုတ်) ပို့ပေးရမည့် လိပ်စာကို အပြည့်အစုံ ထည့်သွင်းပေးရပါမည်။ ထို့အတူ မှာယူသူထံ ဆက်သွယ်၍ ရနိုင်သည့် ဖုန်းနံပါတ်(များ)ကိုလည်း မဖြစ်မနေ ထည့်သွင်းပေးရပါမည်။ ထည့်သွင်းထားသည့် လိပ်စာသည် မပြည့်စုံ (သို့မဟုတ်) မတိကျ (သို့မဟုတ်) မမှန်ကန်ခဲ့က ဖြစ်စေ၊ မည်သို့မျှ ဆက်သွယ်၍ မရနိုင်သည့် ဖုန်းနံပါတ်ကို ထည့်သွင်းဖော်ပြခဲ့ကဖြစ်စေ ၄င်းအော်ဒါကို ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
- အော်ဒါပြုလုပ်ပြီးချိန်တွင် www.MyanmarOnlineSales.comသည် မှာယူသူထံသို့ ဖုန်းနှင့် ဆက်သွယ်ကာ အော်ဒါနှင့် ပတ်သက်၍ အတည်ပြုချက် ရယူမည်ဖြစ်သည်။ အတည်ပြုချက် ရယူပြီးမှသာ အော်ဒါနှင့် ပတ်သက်သည့် ကိစ္စအ၀၀ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
- www.MyanmarOnlineSales.comတွင် ပြုလုပ်သော အော်ဒါတိုင်းအတွက် အော်ဒါတန်ဖိုး၏ သုံးရာခိုင်နှုန်းကို လျှော့ပေးသွားမည် ဖြစ်ပါသည်။
- Member Fee တစ်စိတ်တစ်ပိုင်းသွင်းပြီးသူဖြစ်စေ၊ အပြည့်အ၀သွင်းပြီးသူဖြစ်စေ အချို့သော အော်ဒါများ (အထူးသဖြင့် ပမာဏများ အော်ဒါများ)အတွက် ကြိုတင်စရံငွေပေးချေရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်ပါသည်။ ထိုသို့လိုအပ်ပါက www.MyanmarOnlineSales.comသည် မှာယူသူထံ ဖုန်းဖြင့် အကြောင်းကြားမည် ဖြစ်ပါသည်။ မှာယူသူသည် သတ်မှတ်ထားသည့် Myanmar Online Sales ၏ ရုံးခန်း သို့မဟုတ် ဆိုင်ခန်း၌ ကြိုတင်စရံငွေကို လာရောက်ပေးချေရန် လိုအပ်ပါမည်။ ကြိုတင်စရံပေး အော်ဒါကို အတည်ပြုပြီးနောက် မှာယူသူသည် သတ်မှတ်ရက်အတွင်း အော်ဒါကို လာမယူခဲ့က စရံငွေဆုံးရှုံးမည် ဖြစ်ပါသည်။
- မှာယူသော ပစ္စည်းများ အရေအတွက် အတိုး၊ အလျှော့၊ အပြောင်းအလဲ ပြင်ဆင်ခြင်းများ ပြုလုပ်လိုပါက မှာယူသူသည် အော်ဒါအတည်ပြုချက် မရယူခင်ကတည်းက ပြုလုပ်ရပါမည်။
- အော်ဒါအတည်ပြုချက်ရယူပြီးနောက် မှာယူသည့် အော်ဒါပစ္စည်းများကို စုဆောင်းခြင်းနှင့် သီးသန့်ဖယ်ပေးထားခြင်းတို့ကို မှာယူသူအတွက် ရည်ရွယ်ကာ ပြုလုပ်မည်ဖြစ်ပါသည်။ ထိုသို့ သီးသန့်လုပ်ဆောင်ပေးရခြင်း ဖြစ်သဖြင့် အော်ဒါအတည်ပြုချက်ရယူပြီးနောက် မှာယူသူသည် မှာယူသောပစ္စည်းများ အရေအတွက် တိုးခြင်း၊ ပစ္စည်းအမျိုးအစား တိုးခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း အရေအတွက် လျှော့ခြင်း၊ ပစ္စည်းအမျိုးအစား လျှော့ခြင်းတို့ကိုမူ လုပ်ဆောင်ခွင့် မရှိတော့ပါ။ ပြုလုပ်ခဲ့ပါက Member အဖြစ်မှ ပျက်ပြယ်ခြင်း ခံရပါမည်။
- အော်ဒါပစ္စည်းများ၏ တစ်ခုချင်းတန်ဖိုးကို အော်ဒါအတည်ပြုပြီးနောက် မည်သည့်အကြောင်းကြောင့်ဖြစ်စေ www.MyanmarOnlineSales.comသည် ပြောင်းလဲခြင်း မပြုရ။
- အတည်ပြုပြီး အော်ဒါပါ ပစ္စည်းများကို ဆိုင်တွင် လာယူသည့်အချိန်တွင်ဖြစ်စေ၊ မှာယူသူ၏ လိပ်စာသို့ လာပို့သည့်အချိန်တွင်ဖြစ်စေ အော်ဒါပါ ပစ္စည်းများ ပျက်စီးချို့ယွင်းမှုများ ရှိခဲ့ပါက ၄င်းပစ္စည်းကို လဲခိုင်းခြင်း (သို့မဟုတ်) လက်ခံရန် ငြင်းပယ်ခြင်း ပြုလုပ်ရပါမည်။ ငွေပေးချေပြီးနောက် တိုင်ကြားလာသည့် ပစ္စည်းပျက်စီးတိုင်ကြားမှုများကို www.MyanmarOnlineSales.comသည် လက်ခံစဉ်းစားပေးလိမ့်မည် မဟုတ်ပါ။
- အထက်တွင် ဖော်ပြထားသည့်“အော်ဒါပါ ပစ္စည်းများ ပျက်စီးချို့ယွင်းမှု” ဆိုသည်မှာ ပစ္စည်း၏ အရည်အသွေး (Quality)ကို မဆိုလိုပါ။ ပစ္စည်း၏ မူရင်း ထုတ်လုပ်စဉ်က အရည်အသွေး (Quality) ကောင်းခြင်း ဆိုးခြင်းသည် မူရင်းထုတ်လုပ်သူနှင့်သာ သက်ဆိုင်ပါမည်။ www.MyanmarOnlineSales.comတွင် ဖော်ပြထားသည့် “အော်ဒါပါ ပစ္စည်းများ ပျက်စီးချို့ယွင်းမှု” ဆိုသည်မှာ ပစ္စည်း၏ မူရင်း ထုတ်လုပ်ပြီးနောက် ပစ္စည်းကို တစ်နေရာမှ တစ်နေရာ ရွေ့ပြောင်းရာတွင်ဖြစ်စေ၊ အရောင်းဆိုင်တွင် ရောင်းချရန် ပြသထားစဉ်ဖြစ်စေ၊ တစ်နည်းနည်းကြောင့် ပျက်စီးချို့ယွင်းခြင်းကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့် ထုတ်လုပ်သူနှင့်မဆိုင်ဘဲ ရောင်းချသူကြောင့် ဖြစ်ရသည့် ပျက်စီးမှုကိုသာ ဆိုလိုပါသည်။ (ဥပမာအားဖြင့် စာအုပ်၏ စက္ကူအရည်အသွေးသည် www.MyanmarOnlineSales.comနှင့် မသက်ဆိုင်ဘဲ ထိုစာအုပ် စုတ်ပြဲနေခြင်း၊ တစ်စုံတစ်ရာ ပေကျံနေခြင်းကဲ့သို့သော ပျက်စီးချို့ယွင်းခြင်းတို့သည်သာ www.MyanmarOnlineSales.comနှင့် သက်ဆိုင်ပါမည်။)
- အော်ဒါပါ ပစ္စည်းလက်ခံချိန်တွင် ပစ္စည်းပျက်စီးနေသော ကိစ္စမှလွဲ၍ မှာယူသူသည် အော်ဒါအတွက် ငွေပေးချေရန် တာဝန်ရှိပါမည်။ အကယ်၍ အော်ဒါပါ ပစ္စည်းလက်ခံချိန်တွင် အော်ဒါတစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးကို ဖြစ်စေ ငွေပေးချေရန် ငြင်းဆန်ခဲ့ပါက Member အဖြစ်မှ ပျက်ပြယ်ခြင်း ခံရပါမည်။
- ငွေပေးချေပြီးသော မည်သည့်အော်ဒါမဆို ငွေပြန်အမ်းမည် မဟုတ်ပါ။
- “ပါရမီစာပေ၏ ဆိုင်ခွဲများတွင် မှာယူပစ္စည်းကို လာယူခြင်း” ၀န်ဆောင်မှုသည် အော်ဒါပြုလုပ်ချိန်၌ Member Fee လုံးဝမပေးသွင်းသေးသူများ၊ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အ၀ပေးသွင်းထားသူများ အပါအ၀င် အားလုံးနှင့် သက်ဆိုင်ပါသည်။
- ဤ၀န်ဆောင်မှုကို ရွေးချယ်သူတိုင်းသည် ရန်ကုန်မြို့ရှိ သတ်မှတ်ထားသည့် Myanmar Online Sales ဆိုင် (သို့မဟုတ်) ရုံးလိပ်စာသို့ ကိုယ်တိုင် လာရောက်၍ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလွှတ်၍ ဖြစ်စေ အော်ဒါပါ ပစ္စည်းများကို လာရောက်ဝယ်ယူရမည်ဖြစ်ပါသည်။
- အော်ဒါလာယူရန် အဆင်သင့်ဖြစ်သည့်နေ့ကို Email သို့မဟုတ် ဖုန်းဖြင့် မှာယူသူထံ အကြောင်းကြားပေးမည် ဖြစ်ပါသည်။ အော်ဒါအတွက် ကျသင့်ငွေကို လာယူသည့်အချိန်၌ ပေးချေနိုင်ပါသည်။
- အော်ဒါကို လာယူနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားပြီး အချိန်မှ စ၍ တစ်ပတ်အထိ သတ်မှတ်နေရာများတွင် သီးသန့်ဖယ်ထားပေးမည် ဖြစ်ပါသည်။ မှာယူသူအနေဖြင့် အော်ဒါကို တစ်ပတ်အတွင်း လာရောက်ဝယ်ယူရမည်ဖြစ်ပါသည်။ အကယ်၍ တစ်ပတ်အတွင်း လာရောက်ဝယ်ယူရန် အခက်အခဲရှိပါက ၀ယ်ယူရန် အဆင်ပြေသည့်နေ့ကို www.MyanmarOnlineSalesသို့ ကြိုတင်အကြောင်းကြားထားရပါသည်။ အကယ်၍ အော်ဒါကို သတ်မှတ်ထားသည့် ရက်အတွင်း လာမယူခဲ့က မှာယူသူသည် Member ဖြစ်ခဲ့က Member အဖြစ်မှ ပျက်ပြယ်ခြင်း ခံရပါမည်။ အကယ်၌ မှာယူသူသည် Member Fee လုံးဝမသွင်းရသေးသူ ဖြစ်ပါက ထိုသူမှာသည့် အော်ဒါများကို နောင်တွင် လက်ခံဆောင်ရွက်ခြင်း ပြုတော့မည် မဟုတ်ပါ။
-
စာပေတိုက် လိပ်စာမှာ
ကံ့ကော်ဝတ်ရည်စာပေအမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်ထောင်မြို့နယ်၊ ရန်ကုန်မြို့။ (ဖုန်း - ၀၁ ၃၉၆၅၈၀၊ ၀၉ ၅၁၂၇၄၉၃ဖြစ်ပါသည်။
-
“မှာယူပစ္စည်းကို မှာယူသူ၏ ရန်ကုန်လိပ်စာသို့ ပို့ပေးခြင်း” ၀န်ဆောင်မှုသည် အောက်ပါမှာယူသူများနှင့် သက်ဆိုင်မှု ရှိပါမည်။
(၁) အော်ဒါပြုလုပ်ချိန်၌ Member Feeကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အ၀ဖြစ်စေ ပေးသွင်းထားသည့် Memberများ၊ (ကျသင့်ငွေကို မှာယူပစ္စည်းလာပို့ချိန်၌ ပေးချေနိုင်ပါသည်။)
(၂) CB Bank EASi SMART Card အသုံးပြု၍ CB Bank ATMမှတဆင့် ကျသင့်ငွေ လွှဲမည့်သူများ (ထိုသို့ ကျသင့်ငွေလွှဲမည်ဆိုပါက Member Fee ပေးသွင်းထားသူဖြစ်ရန် မလိုအပ်ပါ။ သို့သော် မှာယူပစ္စည်းမပို့ခင်တွင် ကျသင့်ငွေ လွှဲပေးရန် လိုအပ်ပါသည်။) - ပို့ပေးရမည့် လိပ်စာသည် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖြစ်ရပါမည်။
- မှာယူသော ပစ္စည်းများကို မှာယူသူ၏ လိပ်စာသို့ အိမ်တိုင်ယာရောက် ပေးပို့ပေးရမည် ဆိုပါက ပို့ခကို အော်ဒါနှင့်မဆိုင်ဘဲ သီးခြားအနေဖြင့် ပေးချေရပါမည်။ ပို့ခမှာ အနည်းဆုံး တစ်ထောင်ကျပ် ရှိပါမည်။ ပို့ခ အနည်းအများမှာ ပို့ရမည့် လိပ်စာပေါ် မူတည်ပါမည်။ ကျသင့်မည့် ပို့ခကို အော်ဒါပြုလုပ်ပြီးနောက် Email သို့မဟုတ် ဖုန်းဖြင့် မှာယူသူထံ အကြောင်းကြားပေးမည် ဖြစ်ပါသည်။
- မှာယူသူသည် ပို့ခကို သဘောမတူခဲ့က အဆိုပါအော်ဒါကို ပယ်ဖျက်ပိုင်ခွင့် ရှိပါမည်။ ပို့ခကို သဘောမတူသဖြင့် မှာယူသူ အော်ဒါပယ်ဖျက်ခြင်းကြောင့် Member အဖြစ်မှ ပျက်ပြယ်ခြင်း မရှိစေရ။
- သို့သော် မှာယူသူသည် ပို့ခသဘောတူသဖြင့် အော်ဒါကို လက်ခံအတည်ပြုပြီးနောက် အော်ဒါကို ပယ်ဖျက်ကဖြစ်စေ၊ လာပို့သည့်အချိန်တွင် အော်ဒါကို ငွေပေးချေရန် ငြင်းဆန်ကဖြစ်စေ Memberအဖြစ်မှ ပျက်ပြယ်ခြင်း ခံရပါမည်။
- ကြိုတင်သဘောတူထားသည့် ရက်၊ ကြိုတင်သဘောတူထားသည့်အချိန်တွင် အော်ဒါကို ပို့ပေးမည် ဖြစ်ပါသည်။ ၄င်းရက်၊ အချိန်၌ ပစ္စည်းပို့ပေးရမည့် လိပ်စာရှာတွေ့သော်လည်း လက်ခံမည့်သူမရှိ၍ ဖြစ်စေ၊ လိပ်စာမှားယွင်းမှုကြောင့် (သို့မဟုတ်) ပေးထားသော လိပ်စာမပြည့်စုံမှုကြောင့် ပို့ပေးရမည့် လိပ်စာကို ရှာမတွေ့ခဲ့ပါကဖြစ်စေ အော်ဒါကို မပို့ဆောင်နိုင်ခဲ့ပါက အော်ဒါအတွက် သဘောတူထားသည့် ပို့ခကို Member Feeမှ နှုတ်ယူမည် ဖြစ်ပါသည်။ လျော့သွားသော Member Feeကို နောက်ပိုင်းတွင် သုံးရာခိုင်နှုန်းလျှော့ပေးငွေမှတဆင့် သတ်မှတ်ထားသော Member Fee ပြည့်သည်အထိ ပြန်လည်ဖြည့်တင်းပေးရပါမည်။
- “မှာယူပစ္စည်းကို ဘူတာ (သို့မဟုတ်) အဝေးပြေးကားဂိတ်မှတဆင့် ပို့ပေးခြင်း” ၀န်ဆောင်မှုသည် အော်ဒါပြုလုပ်ချိန်၌ Member Fee လုံးဝမပေးသွင်းသေးသူများ၊ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အ၀ပေးသွင်းထားသူများ အပါအ၀င် အားလုံးနှင့် သက်ဆိုင်ပါသည်။
- မှာယူပစ္စည်းကို ဘူတာ (သို့မဟုတ်) အဝေးပြေးကားဂိတ်မှတဆင့် ပို့ပေးရမည်ဆိုပါက ရထား (သို့မဟုတ်) ကားဖြင့် တင်ပို့ခနှင့် www.MyanmarOnlineSales.com၏ ရန်ကုန်ဆိုင်မှ ဘူတာ (သို့မဟုတ်) ကားဂိတ်သို့ ပို့ခကို အော်ဒါနှင့်မဆိုင်ဘဲ သီးခြားအနေဖြင့် ပေးချေရပါမည်။ ရထား (သို့မဟုတ်) ကားဖြင့် တင်ပို့ခမှာ ခရီးအကွာအဝေးအပေါ်မူတည်၍ အနည်းဆုံး တစ်ထောင့်ငါးရာကျပ် ရှိပါမည်။ ရန်ကုန်ဆိုင်မှ ဘူတာ (သို့မဟုတ်) ကားဂိတ်သို့ ပို့ခမှာ အနည်းဆုံး ငါးရာကျပ်ရှိပါမည်။ ကျသင့်မည့် ပို့ခအ၀၀နှင့် ပို့မည့်လမ်းကြောင်းဆိုင်ရာ အချက်အလက်များကို အော်ဒါပြုလုပ်ပြီးနောက် Emailသို့မဟုတ် ဖုန်းဖြင့် မှာယူသူထံ အကြောင်းကြားပေးမည် ဖြစ်ပါသည်။
- မှာယူသူသည် ပို့ခကို သဘောမတူခဲ့က အဆိုပါအော်ဒါကို ပယ်ဖျက်ပိုင်ခွင့် ရှိပါမည်။ ပို့ခကို သဘောမတူသဖြင့် မှာယူသူ အော်ဒါပယ်ဖျက်ခြင်းကြောင့် Member အဖြစ်မှ ပျက်ပြယ်ခြင်း မရှိစေရ။
- ပို့ခသဘောတူပြီး အော်ဒါအတွက် မှာယူသူသည် မိမိအဆင်ပြေသည့်ဘဏ်မှတဆင့်ဖြစ်စေ၊ CB Bank EASi SMART Card အသုံးပြု၍ CB Bank ATMမှတဆင့်ဖြစ်စေ ကျသင့်ငွေများကို တစ်ပတ်အတွင်း လွှဲပေးရမည် ဖြစ်ပါသည်။ အကယ်၍ တစ်ပတ်အတွင်း ငွေလွှဲရန် အဆင်မပြေပါက ငွေလွှဲနိုင်မည့်နေ့ကို ကြိုတင်အကြောင်းကြားရပါမည်။ သတ်မှတ်ရက်အတွင်း ငွေလွှဲခြင်း မရှိခဲ့လျှင် မှာယူသူသည် Member ဖြစ်ခဲ့က Memberအဖြစ်မှ ပျက်ပြယ်ခြင်း ခံရပါမည်။ အကယ်၌ မှာယူသူသည် Member Fee လုံးဝမသွင်းရသေးသူ ဖြစ်ပါက ထိုသူမှာသည့် အော်ဒါများကို နောင်တွင် လက်ခံဆောင်ရွက်ခြင်း ပြုတော့မည် မဟုတ်ပါ။
- လွှဲငွေကို လက်ခံရရှိပြီး နောက်နေ့၌ သဘောတူထားသောထားသော ဘူတာ (သို့မဟုတ်) ကားဂိတ်မှ တဆင့် မှာယူသောပစ္စည်းများကို ပို့ပေးမည် ဖြစ်ပါသည်။
- www.MyanmarOnlineSales.comသည် မှာယူပစ္စည်းများကို ဘူတာ (သို့မဟုတ်) ကားဂိတ်ရောက်သည်အထိ လုံခြုံကောင်းမွန်စွာ ရောက်ရှိရန် တာဝန်ယူပါသည်။ သို့သော် ၄င်းနောက်ပိုင်း လမ်းခရီးသယ်ယူပို့ဆောင်စဉ် မှာယူပစ္စည်းများ ပျက်စီး ပျောက်ဆုံး ဆုံးရှုံးခြင်းကိစ္စရပ်ပေါ်ပေါက်ခဲ့ပါက www.MyanmarOnlineSales.comနှင့် သက်ဆိုင်ခြင်း မရှိပါ။
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။