command prompt လေးကို အသုံးပြုပြီး ကြည့်လို့ ရပါတယ်...။
command prompt လေးကို သုံပြီး ကြည့်ကြည့်ကြမယ်ဗျာ။
ပထမဆုံး ကိုယ့် ကွန်ပျူ၏ Model number လေးကို ကြည့် ကြည့် မယ်နော်။
1. ပထမဆုံး command prompt ခေါ်ဖို့ အတွက်ကီးဘုတ်က Window Key+ R key ကို တွဲ ပြီးနှိုက်လိုက်ပါ။
2. Run Box လေးတက်လာမှာ ဖြစ်ပါတယ်။ Run Box လေးမှာ cmd လို့ရိုက်ထည့်လိုက်ပါ...။ပြီးရင် OK ကိုနှိပ်ပါ။ ဒါမှ မဟုတ်ရင်လဲ ကီးဘုတ်က Enter ကို ခေါက်ပေးလိုက်ပါ။ အောက်မှာ ပုံလေး ပြထားပါတယ်
3. ပြီးရင်တော့ command prompt လေးတက်လာပါပြီ။ အောက်မှာ ပုံလေးပြထားပါတယ်။
4. အောက်မှာ ပေးထား စာလေးတွေကို ရိုက်ထည့်လိုက်ပါ။
wmic csproduct get name ပြီးရင် ကီးဘုတ်က Enter ကို ခေါက်လိုက်ပါ။
မြင်ရပါပြီ မိမိ ကွန်ပျူတာ၏ Model number လေးကိုပါ။
ဒီတစ်ခါတော့ မိမိ ကွန်ပျူတာ၏ Serial No လေးကို ကြည့် မယ်။
- အထက်က ပြောခဲ့တဲ့ အတိုင်းပဲ command prompt လေးကို ခေါ်လိုက်ပါ။
- ပြီးရင်တော့ အောက်က စာလေးကို ရိုက်ထည့်လိုက်ပါ။
- ပြီးရင်တော့ ကီးဘုတ်က Enter ခေါက်လိုက်ပါ။
- wmic bios get serialnumber ကဲမြင်ရပါပြီဗျာ မိမိကွန်ပျူတာ၏ Serial Nunber ကို....။
မောင်အေးလွင်(ဘူးရေမျက်ရွာ) မှကူးယူမျှဝေသည်။
အားလုံးအဆင်ပြေကြပါစေဗျာ။
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။