ကမ္ဘာ့ဖလား ဘောလုံးပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး အခုနှစ် ဘရာဇီး မှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ ဟာ တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်များ တစ်ခဲနက် ကြည့်ရှုကြတဲ့ပွဲဖြစ်ပါတယ်။ ဘရာဇီး ကမ္ဘာ့ဖလားပွဲ ရဲ့ သတင်းအချက်အလက်များ ဖြစ်တဲ့ ဂိုးရလဒ်များ၊ ကစားသမားများရဲ့ သတင်းအချက်အလက်များ အပြင် အခြား သတင်းအချက်အလက်များကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ဖို့ Apps များ တီထွင်ပေးထားကြပါတယ်။
Livescores များအတွက် FlashScore Livescore
ကမ္ဘာ့ဖလားဘောလုံးပွဲများရဲ့ နောက်ဆုံး ဂိုးရလဒ်များ ကို သိရှိနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အချိန်နဲ့ တစ်ပြေးညီ ဂိုးရလဒ်များ သိရှိချင်ရင်တော့ FlashScore Livescore ကို အသုံးပြုနိုင်ပါတယ်။ FlashScore ဟာ အစပိုင်းမှာ ၀က်ဆိုက် သာရှိပေမယ့် နောက်ပိုင်းမှာတော့ Android, iOS Apps များကို ပြုလုပ်ပေးထားပါတယ်။ ဒီ App ရဲ့ ထူးခြားချက်က သတင်းအချက်အလက်များ ကို ပြည့်စုံစွာ နဲ့ လျှင်မြန်စွာ သိနိုင်တာ ဖြစ်ပါတယ်။ ဂိုးသွင်းလိုက်တာနဲ့ ချက်ချင်းဆိုသလို ရလဒ်များ ကို ပြသပေးနိုင်ပါတယ်။ FlashScore Livescore ကို Android, iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။
Android (http://goo.gl/TOhkQq ) , iOS (http://goo.gl/OV8BsD )
ဘောလုံး အသင်းများ နဲ့ ကစားသများများ ရဲ့ သတင်းအချက်အလက်များ အတွက် Soccerway
Soccerway က ဘောလုံး အသင်းများ နဲ့ ကစားသမားများ ရဲ့ သတင်းအချက်အလက်များ ကို အပြည့်စုံဆုံး ဖော်ပြပေးနိုင်တဲ့ App ဖြစ်ပါတယ်။ Live Scores များကို ပြသပေးနိုင်ပေမယ့် FlashScore လောက် မကောင်းတာတွေ့ရပါတယ်။ Soccerway ရဲ့ အားသာချက် က ကစားခဲ့တဲ့ပွဲများ၊ ဂိုးများ၊ ဂိုးရရှိရန် ထောက်ပံ့ပေးမှုများ ၊ ကစားသမား ရဲ့ ကလပ် အသင်းများ စတဲ့ အသင်းများ နဲ့ ကစားသမားများ ရဲ့ သတင်းအချက်အလက်များ ကို ဖော်ပြပေးနိုင်တာ ဖြစ်ပါတယ်။ Soccerway ကတော့ iOS App ကိုသာ ထုတ်လုပ်ပေးထားပါတယ်။
iOS ( http://goo.gl/1DICDH )
သတင်းများ အတွက် ESPN FC
ဘရာဇီး ကမ္ဘာ့ဖလား ရဲ့ သတင်းများကို သိရှိနိုင်တဲ့ နည်းလမ်းများစွာ ရှိပေမယ့် အကောင်းဆုံး App က ESPN FC Soccer & World Cup ဖြစ်ပါတယ်။ ESPN FC က ကမ္ဘာတစ်လွှားမှ ဘောလုံး ပရိသတ်များ ကို အကောင်းဆုံး နဲ့ အထူးခြားဆုံး သတင်းများ ကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲ ရဲ့ Breaking News များကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ကမ္ဘာ့ဖလားပွဲ အပြင် Premier League, La Liga, Serie A, Bundesliga စတဲ့ ကလပ်အသင်းပွဲများရဲ့ သတင်းများ ကိုလည်း ပြသပေးနိုင်ပါတယ်။ ESPN FC ကို Android , iOS နှစ်မျိုးစလုံးမှာ သုံးနိုင်ပါတယ်။
Android (http://goo.gl/EAcFQO ) , iOS (http://goo.gl/B737Zx )
ဘောလုံးပွဲကြည့်နိုင်မယ့် ရုပ်သံလိုင်းများ အတွက် Live Football on TV
ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်နိုင်မယ့် ရုပ်သံလိုင်းများကို သိချင်ရင်တော့ Live Football on TV ဆိုတဲ့ App ကို သုံးနိုင်ပါတယ်။ ဘောလုံးပွဲများရဲ့ နေ့ရက် ၊ အချိန် နဲ့ ထုတ်လွှင့်မယ့် ရုပ်သံလိုင်းများ ကို ပြသပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲ အပြင် League ပြိုင်ပွဲများ ကို ပြသမယ့် အချိန်ဇယားများ နဲ့ ရုပ်သံလိုင်းများ ကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ Live Football on TV ကို Android, iOS Device များမှာ အသုံးပြုနိုင်ပါတယ်။
Android (http://goo.gl/cbMjJj ) , iOS (http://goo.gl/T4Dvor )
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပွဲ အတွက် Apps များစွာ ရှိပေမယ့် အပေါ်မှာဖော်ပြထားတဲ့ Apps များက ကဏ္ဍပေါင်းစုံကို ပြည့်စုံစွာ ပြသပေးနိုင်တဲ့ Apps များဖြစ်ပါတယ်။
ref: သူရ
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။