Tuesday, June 24, 2014

Amazon က 3D ရုပ်ထွက်များကို ပြသပေးနိုင်သည့် Fire Phone ကို ကြေညာ



Amazon ၏ CEO ဖြစ်သူ Jeff Bezos က 3D ရုပ်ထွက်များ ပြသပေးနိုင်သည့် Fire Phone စမတ်ဖုန်းကို အမေရိကန်ပြည်ထောင်စု Seattle မြို့တွင် ဇွန်လ (၁၈) ရက်နေ့၌ ကြေညာလိုက်ပါသည်။

Fire Phone တွင် ၄.၇ လက်မ အရွယ် 1280x720 IPS LCD HD Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆ (၃၁၅) ဖြစ်ပါသည်။ 2.2GHz Quad-Core Processor, Adreno 339 Graphics Processor, 2GB RAM တို့တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် Optical Image Stabilization နည်းပညာပါသည့် 13 Megapixel Camera တပ်ဆင်ထားပါသည်။ Android ကို ပြုပြင်ထားသည့် Fire OS မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ အကြမ်းခံသည့် Gorilla Glass ကို ဖုန်း၏ အနောက်ဘက်နှင့် အရှေ့ဘက်တွင် ကာကွယ်ထားပါသည်။

Fire Phone ၏ မျက်နှာပြင်သည် 3D ရုပ်ထွက်များကို ပြသပေးနိုင်ပါသည်။ Amazon က အဆိုပါနည်းပညာကို Dynamic Perspective ဟု ခေါ်ပါသည်။ ဖုန်းတွင် အသုံးပြုသူ၏ ဦးခေါင်းကို အမြဲတမ်းစောင့်ကြည့်နေသည့် အထူးပြုလုပ်ထားသော ကင်မရာလေးလုံးကို အရှေ့ဘက်တွင် တပ်ဆင်ထားပါသည်။ အဆိုပါကင်မရာလေးလုံးက အသုံးပြုသူ၏ ဦးခေါင်းအနေအထားပေါ်မူတည်ပြီး 3D ပုံရိပ်များကို ပြသပေးခြင်းဖြစ်ပါသည်။ ကင်မရာတစ်လုံးစီတွင် အနီအောက်ရောင်ခြည် တပ်ဆင်ထားသည့်အတွက် အလင်းရောင်နည်းပါးသည့်အခြေအနေတွင်လည်း 3D ပုံရိပ်များကို ပြသပေးနိုင်ပါသည်။

Bezos က 3D Display ကို ဈေးဝယ်ယူရာတွင် အသုံးပြုနိုင်ပုံကို သရုပ်ပြသခဲ့ပါသည်။ ဖုန်းကို လှုပ်ခါရုံဖြင့် ကုန်ပစ္စည်းများကို တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲကြည့်ရှုနိုင်ပါသည်။ အဆိုပါစွမ်းဆောင်ချက်ကို Web Page များပြောင်းလဲကြည့်ရှုရန်လည်း အသုံးပြုနိုင်ပါသည်။

Fire Phone ၏ အလွန်ကောင်းသည့် စွမ်းဆောင်ချက်များထဲမှ တစ်ခုမှာ Amazon Cloud တွင် ဓါတ်ပုံများကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ သို့သော် ဗီဒီယိုများကိုမူ အကန့်အသတ်မရှိသိမ်းဆည်းနိုင်မည်မဟုတ်ဟု သိရပါသည်။

အခြားစွမ်းဆောင်ချက် အသစ်တစ်ခုဖြစ်သည့် Firefly သည် ကုန်ပစ္စည်းများ၊ Background တွင် ဖွင့်ထားသည့် သီချင်း၊ TV Show များကို Scan ပြုလုပ်နိုင်ပြီး Amazon.com မှ သတင်းအချက်အလက်များကို ရယူဖော်ပြပေးမည်ဖြစ်သည်။ အဆိုပါစွမ်းဆောင်ချက်သည် Shazam နှင့် တူညီပါသည်။ အဆိုပါစွမ်းဆောင်ချက်ကို အသုံးပြုရန် ဖုန်းတွင် ခလုတ်သီးခြား တပ်ဆင်ပေးထားပါသည်။ ကုန်ပစ္စည်းတစ်ခုကို ကင်မရာနှင့် ချိန်ရွယ်လိုက်သည်နှင့် အဆိုပါကုန်ပစ္စည်းကို ဖုန်းမှ ၀ယ်ယူနိုင်မည့် နေရာသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ CD တစ်ချက်ကို Firefly ဖြင့်ကြည့်ရှုလျှင် CD မှ သီချင်းတစ်ပုဒ်ကို Amazon Prime သို့မဟုတ် Music App တစ်ခုဖြင့် ဖွင့်ပေးမည်ဖြစ်သည်။ MyFitnessPal ကို Firefly နှင့် တွဲဖက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပြီး စားသောက်ဖွယ်ရာများ၏ အာဟာရပါဝင်မှုသတင်းအချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။

Amazon က Kindle Fire HDX Tablets များတွင် မိတ်ဆက်ခဲ့သည့် Customer များကို အချိန်ပြည့် ၀န်ဆောင်မှုပေးသည့် May Day ၀န်ဆောင်မှုကိုလည်း Fire Phone တွင် အခမဲ့ ထည့်သွင်းပေးထားပါသည်။ ဖုန်းကို အသုံးပြုရာတွင် အခက်အခဲများရှိပါက May Day မှတစ်ဆင့် ကူညီပေးမည်ဖြစ်သည်။

Fire Phone တွင် ဗီဒီယို နှင့် သီချင်းများအတွက် အထူးစွမ်းဆောင်ချက်များပါရှိပါသည်။ ဖုန်းတွင် သီချင်းနှင့် ဗီဒီယိုများကို Amazon Fire TV , Xbox, PlayStation ကဲ့သို့ Device များသို့ ထုတ်လွှင့်ပေးနိုင်သည့် စွမ်းရည်ပါရှိပါသည်။ ဖုန်းသည် အသုံးပြုသူက အခြား Device များသို့ ထုတ်လွှင့်မည့် အရာများကို ကြိုတင်ခန့်မှန်းနိုင်ပြီး Cache ပြုလုပ်ပေးနိုင်သော Predictive Caching ပါရှိပါသည်။ Prime Music တွင်လည်း သီချင်းများ၏ စာသားများကို အချိန်နှင့်တစ်ပြေးညီပြသပေးနိုင်သည့် X-Ray စွမ်းဆောင်ချက်ပါရှိပါသည်။

ဖုန်း၏ WhisperSync စွမ်းဆောင်ချက်ကလည်း အသံဖြင့်အလုပ်လုပ်နိုင်ပါသည်။ ထို့အတွက် ကားမောင်းနေစဉ်တွင် အီလက်ထရောနစ် စာအုပ်များကို အသံဖြင့် နားဆင်နိုင်ပြီဖြစ်သည်။ ဖက်လက်စစာအုပ်များကို Kindle Fire Tablet သို့မဟုတ် Kindle App တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Fire Phone ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဇူလိုင်လ (၂၅) ရက်နေ့တွင် စတင်ရောင်းချပေးမည်ဖြစ်သည်။ အမေရိကန်တွင် AT&T မှ နှစ်နှစ်စာချုပ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ကနဦးပေးချေငွေအနေဖြင့် 32GB အမျိုးအစားကို ၁၉၉.၉၉ ဒေါ်လာ ၊ 64GB အမျိုးအစားကို ၂၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါသည်။

ref: သူရ

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။