Google Play Edition Smartphone ဆိုတာဘာလဲ?
==========================
Google က “Google Play Edition” ဖုန်းတွေကို Nexus Device တွေနဲ့ အတူ ရောင်းချပေးနေပါတယ်။ အဲဒီ Device တွေဟာ Standard Android Phone , Tablet တွေမှာ အသုံးပြုနေတဲ့ ဆော့ဝဲ နဲ့ မတူတဲ့ Pure Android ကို အသုံးပြုထားတာဖြစ်ပါတယ်။ Google Play Edition Device တွေဟာ Pure Android ကို အသုံးပြုချင်တဲ့ သူတွေနဲ့ Developer တွေအတွက် ရည်ရွယ်ထုတ်လုပ်ပေးထားပုံပေါ်ပါတယ်။
Google Play Edition VS. Standard Edition
--------------------------
Google Play Edition Device တွေဟာ သာမာန် Device တွေနဲ့ Hardware ပိုင်းမှာ အတူတူပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် Samsung Galaxy S4 Google Play Edition မှာ သာမာန် Samsung Galaxy S4 မှာ အသုံးပြုထားတဲ့ Hardware တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အဲဒီဖုန်း နှစ်လုံး ဟာ ဆော့ဝဲ ပိုင်းမှာပဲကွာခြားတာဖြစ်ပါ
Android Device အများစု မှာ ဆော့ဝဲကို ထုတ်လုပ်သူက ပြုပြင်ပြောင်းလဲထားတာဖြစ်ပ
Pure Android ကို အသုံးပြုချင်တဲ့သူတွေက ထုတ်လုပ်သူတွေရဲ့ အပိုထည့်သွင်းထားတဲ့ ဆော့ဝဲ တွေကို မနှစ်သက်ကြပါဘူး။ သာမာန် စမတ်ဖုန်းတွေကနေ Pure Android ကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖုန်းထုတ်လုပ်သူတွေရဲ့ အပိုဆော့ဝဲတွေကို မနှစ်သက်ရင် Custom ROM တွေကို အသုံးပြုရမှာဖြစ်ပါတယ်။
အဲဒီအတွက် Google Play Edition ဖုန်းတွေပေါ်ထွက်လာတာဖြစ်ပါတ
Android Update ထွက်ရှိတဲ့အခါမှာလည်း သာမာန် ဖုန်း တွေဟာ ရရှိချိန် လနဲ့ချီကြာတတ်ပါတယ်။ ဖုန်းထုတ်လုပ်သူတွေက သူတို့ရဲ့ အပိုဆော့ဝဲ တွေနဲ့ ကိုက်ညီအောင်ပြုပြင်ရလို့ဖြ
နောက်အချက်တစ်ခုက အပိုဆော့ဝဲ တွေကြောင့် ဖုန်းရဲ့ Storage မှာ နေရာလွတ်နည်းပါးတာဖြစ်ပါတယ်
Google Play Edition VS. Nexus Device
--------------------------
Google Play Edition Device တွေ မထုတ်လုပ်မီထဲက Nexus Device တွေကို Google က ထုတ်လုပ်ရောင်းချနေတာဖြစ်ပါ
Nexus နဲ့ Google Play Edition တွေဟာ ဆော့ဝဲ ပိုင်းမှာ တူညီကြပြီး Pure Android ကို အသုံးပြုထားတာဖြစ်ပါတယ်။ ကွာခြားချက်က Hardware ဖြစ်ပါတယ်။ ဥပမာ အားဖြင့် Nexus Device တွေမှာ On-Screen Buttons တွေပါရှိပါတယ်။ SD Card မပါရှိပါဘူး။ ဘက်ထရီ ကို ဖြုတ်လို့မရဘဲ အသေတပ်ထားပါတယ်။ Google Play Edition ဖုန်းတွေကတော့ Standard Edition နဲ့ Hardware ပိုင်းမှာ အတူတူပဲဖြစ်ပြီး ကွာခြားချက်မရှိပါဘူး။ အဲဒီအတွက် ဘက်ထရီ ဖြုတ်တပ်နိုင်ပြီး SD Card Slot တွေပါရှိပါတယ်။
Nexus Device တွေဟာ ဈေးနှုန်းချိုသာပါတယ်။ Nexus 5 ဟာ ဒေါ်လာ (၃၄၉) တန်ကြေးရှိပြီး Galaxy S4 Google Play Edition ကတော့ ဒေါ်လာ (၆၄၉) တန်ကြေးရှိပါတယ်။
Google Play Edition Device တွေကို ရွေးချယ်သင့်တဲ့အကြောင်းအရင
--------------------------
Samsung Galaxy S4, HTC One, Sony Z Ultra, LG G Pad 8.3 စတဲ့ Device တွေရဲ့ Hardware တွေကို နှစ်သက်ပေမယ့် ထုတ်လုပ်သူတွေရဲ့ အပိုဆော့ဝဲ တွေကို မနှစ်သက်ရင် အဲဒီ Device တွေရဲ့ Google Play Edition ကို ၀ယ်ယူနိုင်ပါတယ်။
နောက်ပြီး Nexus Device တွေရဲ့ ဆော့ဝဲ နဲ့ ဈေးနှုန်း ကို နှစ်သက်ပေမယ့် ဖြုတ်တပ်လို့ရတဲ့ ဘက်ထရီ ၊ SD Card Slot ၊ အရည်အသွေးမြင့်တဲ့ ကင်မရာ စတာတွေကိုပါ လိုချင်ရင် Google Play Edition တွေကို ရွေးချယ်နိုင်ပါတယ်။
Google Play Edition Device တွေကို မ၀ယ်သင့်တဲ့ အကြောင်းအရင်းများ
--------------------------
အမေရိကန် မှာ စမတ်ဖုန်းတွေကို Carrier တွေရဲ့ လိုင်း တွေထည့်သွင်းပြီးရောင်းချကြ
Google Play Edition Device တွေမှာ ထုတ်လုပ်သူတွေရဲ့ အပိုဆော့ဝဲ တွေမပါရှိတဲ့အတွက် အချို့ Feature တွေကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး
Google Play Edition ROMs တွေကို Standard Device တွေမှာ အသုံးပြုခြင်း
--------------------------
Standard Device တွေက အပိုဆော့ဝဲ တွေ ၊ Features တွေကို မနှစ်သက်ဘဲ Pure Android ကို အသုံးပြုချင်ရင် Google Play Edition ROMs တွေကို ပြောင်းလဲအသုံးပြုနိုင်ပါတယ
Credit>>> Myanmar Digital Life Journal
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။