Saturday, September 21, 2013

Web Developer တွေအတွက် My SQL version 5.6.14



MySQL ဆိုရင် Web Developer သမားတွေကတော့ ပြောနေစရာကိုမလိုတော့ဘူးလို့ထင်ပါတယ်ဗျာ။ ဒါလေးကတော့ အသစ်လေးမို့လို့ တင်ပေးလိုက်ပါတယ်ဗျာ။ PHP ရေးတဲ့ developer တွေအတွက်ဆိုပိုပြီးမှန်တာပေါ့နော်ာ။

MySQL Community Edition is a freely downloadable version of the world's most popular open source database that is supported by an active community of open source developers and enthusiasts.
MySQL delivers enterprise features, including:
  • Partitioning to improve performance and management of very large database environments
  • Row-based/Hybrid Replication for improved replication security
  • Event Scheduler to create and schedule jobs that perform various database tasks
  • XPath Support
  • Dynamic General/Slow Query Log
  • Performance/Load Testing Utility (mysqlslap)
  • Improved! Full Text Search (faster, new dev templates)
  • Improved! Archive engine (better compression, more features)
  • Improved! User session and problem SQL identification
  • Improved! MySQL embedded library (libmysqld)
  • Additional INFORMATION_SCHEMA objects
  • Faster data import operations (parallel file load)
  • ACID Transactions to build reliable and secure business critical applications
  • Stored Procedures to improve developer productivity
  • Triggers to enforce complex business rules at the database level
  • Views to ensure sensitive information is not compromised
  • Information Schema to provide easy access to metadata
  • Pluggable Storage Engine Architecture for maximum flexibility
  • Archive Storage Engine for historical and audit data

 အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။

Download (Zippyshare)

Download (Sendspace)

Download (Box)

Download (Copy)

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT Studier)

Symbian ဖုန်းတွေအတွက် media player Nonitmee MEDIA PLAYER 1.0


Symbian OS ဖုန်းတွေဖြစ်တဲ့ Nokia N8 နဲ့ Belle Smart Phone တွေအတွက် media plyaer လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။ လူတိုင်းနီးပါးက android နဲ့ iOS တွေကို အသုံးပြုတာများပေမဲ့လည်း Nokia အသုံးပြုတဲ့ သူတွေကိုလည်း တွေ့လာရလို့တင်ပေးလိုက်ပါတယ်ဗျာ။ ဒီ application လေးကတော့ သိတဲ့အတိုင်းပဲ media player ဆိုမှတော့ media ပိုင်းအတွက်ထုတ်ပေးထားတဲ့ application လေးပေါ့ဗျာ။ Nokia အသုံးပြုတဲ့ မိတ်ဆွေတွေအတွက်တော့ အဆင်ပြေစေမယ်လို့မျှော်လင့်မိပါတယ်ဗျာ။ 



အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 





အားလုံးအဆင်ပြေကြပါစေဗျာ။ 

Aung Ko Htet (IT Studier)








တရားဝင် Apple ဆိုင်တွေ မှောင်ခိုဈေးကွက်နဲ့ ယှဉ်ရောင်းပြီ

 
Apple က နောက်ဆုံးထုတ် iPhone 5 လက်ကိုင်ဖုန်းများ (ဓာတ်ပုံ – Reuters)

အသစ်ဖွင့်လှစ်လိုက်သည့် အရောင်းဆိုင်အသစ်တွေက ရန်ကုန်မှာများပြားလာနေသည့် ငွေကြေးသုံးနိုင်သော ဖောက်သည်တွေကိုAppleထုတ်ကုန်တွေရောင်းချနိုင်ဖို့ မျှော်လင့်နေကြသည်။ သို့သော်လည်း ဈေး သက်သက်သာသာနှင့် ရောင်းချနေသော တရားမ၀င် တင်သွင်း ရောင်းချသူတွေနှင့် ယှဉ်ပြိုင်နေကြရကြောင်း တရားဝင် ရောင်းချခွင့်ရ ကိုယ်စားလှယ်တွေက ပြောကြသည်။

Make It Happen Internal လုပ်ငန်းစုက Apple Laptop နှင့် Desktop ကွန်ပျူတာများကို တရားဝင် ကိုယ်စားလှယ်ယူ ရောင်းချမည့် mDrive အမည်ရှိ အရောင်းဆိုင်တဆိုင်ကို ရန်ကုန်မြို့လယ်ရှိ Junction Maw Tin ဈေးဝယ် စန်တာ၌ ယခုလ ၂၈ ရက်နေ့ တွင် ဖွင့်လှစ်တော့မည် ဖြစ်သည်။

Make It Happen Internal လုပ်ငန်းစု၏ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သော ဦးမြတ်ထူးက သူတို့ဆိုင် အောင် မြင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဆိုင်ရှေ့မှာ လူတွေ တန်းစီပြီး စောင့်နေကြမယ်လို့ မျှော်လင့်နေတာ” ဟု သူကဆိုသည်။ အမေရိကန် အခြေစိုက် Apple ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကမ္ဘာတလွှား အလွန်ရေပန်းစားသော Apple ကွန်ပျူတာများကို မြန်မာနိုင်ငံမှ ငွေကြေးချမ်းသာသူများက ၀ယ်ယူမှာ သေချာကြောင်းလည်း ဦးမြတ်ထူးက ထပ်ပြောသည်။ Apple ကော်ပိုရေးရှင်းသည် ကမ္ဘာပေါ်တွင် ဒုတိယ တန်ဖိုးအကြီးဆုံး ကုမ္ပဏီလည်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ Apple ဈေးကွက်ရှိတယ်လို့ ကျနော်ထင်ပါတယ်” ဟု သူကပြောသည်။
မန္တလေးနှင့် နေပြည်တော်သို့ လုပ်ငန်းမတိုးချဲ့မီ ရန်ကုန်တွင် နောက်ထပ် တဆိုင်ဖွင့်လှစ်နိုင်ရန် ဦးမြတ်ထူး မျှော်မှန်းထား သည်။ မကြာမီကာလတွင် Apple tablet နှင့် smartphone များ မြန်မာနိုင်ငံတွင် တရားဝင်ရောင်းချရန် ခွင့်ပြုချက် ရရှိလိမ့်မည်ဟုလည်း သူမျှော်လင့်နေ၏။
သို့သော်လည်း Apple ကွန်ပျူတာများကို ရန်ကုန်တွင် အရင်ထဲက ၀ယ်ယူလို့ရနေပါသည်။ တရားဝင်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံထားရခြင်းမရှိဘဲ အခြားသော ကမ္ဘာသိ လျှပ်စစ်ပစ္စည်းများနှင့် အတူ ရောင်းချနေသော ဆိုင် အမြောက် အများရှိသည်။ တခါတရံ ဈေးနှုန်းများက အိမ်နီးချင်းနိုင်ငံများထက်ပင် လျော့နည်းနေသေးသည်။

ထိုသို့ဈေးလျှော့ ရောင်းချနိုင်ရန်အတွက် တခုထဲသောနည်းလမ်းမှာ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်မှောင်ခို တင်သွင်း သည့် နည်းသာရှိသည်ဟု ဦးမြတ်ထူး၏ အဆိုအရသိရသည်။ တရားမ၀င်တင်သွင်းလာသည့် အတွက် “ကုန်သွယ်ခွန်လည်း သူတို့မပေးရဘူး။ သွင်းကုန်ခွန်လည်း မပေးရဘူး။ ထပ်တိုးတန်ဖိုးခွန်လည်း ပေးစရာမလိုတော့ဘူး။ ဒီ အခွန် ၃မျိုးလွတ်သွားပြီဆိုရင် ဈေးက အရမ်းသက်သာသွားပြီပေါ့” ဟု သူကပြောသည်။

mDrive ကဲ့သို့ တရားဝင်ကိုယ်စားလှယ်မဖြစ် တင်သွင်းရောင်းချသူများသည် ပေးဆောင်ရမည့် အခွန်အားလုံးကို ပေး ဆောင်ရပြီး အခွန်ပမာဏသည် ကုန်ပစ္စည်းတန်ဖိုးနှင့် တင်သွင်းစားရိတ် နှစ်ခုပေါင်း၏ ၁၀ မှ ၁၂ ရာခိုင်နှုန်း အထိရှိသည် ဟုလည်း သူကပြောသည်။
mDrive တွင်ရောင်းချမည့် ပစ္စည်းများ၏ ဈေးနှုန်းကို မသတ်မှတ်ရသေးသော်လည်း ဘန်ကောက်နှင့် စင်္ကာပူမှ Apple အရောင်းဆိုင်များ၏ ဈေးနှုန်းထက် ၁ ရာခိုင်နှုန်း သို့မဟုတ် ၂ ရာခိုင်နှုန်း ပိုများနိုင်ဖွယ်ရှိသည်ဟု ဦးမြတ်ထူး ကဆို သည်။ တရားမ၀င်ဆိုင်များထက် ဈေးပိုပေးရမည် ဖြစ်သော်လည်း ၀ယ်ယူသူများအတွက် အကျိုးရှိစေလိမ့်မည်ဟု သူက ပြောသည်။

“လူတွေကတော့ ဈေးပိုများတာကိုပဲ မြင်မယ်လို့ ထင်ပါတယ်။ တရားမ၀င် ရောင်းကြတာတွေထက် ၁၀ ဒေါ်လာလောက် ပိုများနေလိမ့်မယ်။ ပြဿနာက ဘာလဲဆိုတော့၊ တရားမ၀င်ဈေးကွက်က ၀ယ်ရင် အာမခံချက်မရှိဘူး။ သူတို့က ပြင်ဆင် လဲလှယ်နိုင်ခွင့် အာမခံလက်မှတ်ပေးမှာ မဟုတ်ဘူး။ ကျနော်တို့က အာမခံချက်ပေးမယ်” ဟု ဦးမြတ်ထူး ကပြောသည်။

ဦးမြတ်ထူးက သူ၏ ဆိုင်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Apple ၏ တရားဝင် အရောင်းဆိုင်ဟု ပြောသော်လည်း Sakura Tower ရှိ Futureworld အမှတ်တံဆိပ် ပစ္စည်း များကိုရောင်းချသော Futureworld Myanmar အမည်ရှိ ဆိုင် တဆိုင်က ဒေသဆိုင်ရာ Apple လက်လီ အရောင်းဆိုင် အဖြစ် ဖေဖော်ဝါရီလကတည်းက ဖွင့်လှစ်ခဲ့ ပြီး ဖြစ်သည်။

Futureworld Myanmar တွင် Laptop နှင့် Desktop ကွန်ပျူတာများ နှင့် iPot ကဲ့သို့ MP3 ဖွင့်စက်များကို တရားဝင် ရောင်းချသူ အမှတ်တံဆိပ်ဖြင့် ရောင်းချနေသည်။ Futureworld ဆိုင်မှ လက်ထောက် မန်နေဂျာ ဒေါ်ချယ်ရီအောင် က Apple ထုတ်ကုန်များကို တရားဝင်ရောင်းချခွင့် ယခင်လက ရရှိခဲ့ကြောင်း ပြောသည်။
“လူလတ်တန်းစားတွေနဲ့ အထက်တန်းလွှာတွေက Apple ပစ္စည်းတွေကို စိတ်ဝင်စားကြပါတယ်” ဟု သူကဆိုသည်။

“လူအများစုက တရားဝင် အရောင်းကိုယ်စားလှယ်တွေဆီက ၀ယ်ချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အာမခံချက် လိုချင်တယ်လေ” ဟု ဒေါ်ချယ်ရီအောင်က ပြောသည်။

mDrive က ဦးမြတ်ထူးကတော့ မှောင်ခိုတင်သွင်းလာသည့် Apple အမှတ်တံဆိပ် ပစ္စည်းများ မြန်မာနိုင်ငံတွင် ဈေး ချိုချို ဖြင့် နောက်ထပ် ၁နှစ် ၂နှစ်လောက် ရနိုင်နေလိမ့်ဦးမည် ဟု ယူဆသည်။ သို့သော်လည်း အခွန်ငွေလျော့နည်းကျဆင်းမှုကို အစိုးရက သတိပြုမိပြီး ထိုပြဿနာကို ဖြေရှင်းရန်အတွက် အကောက်ခွန် စစ်ဆေးရေး စခန်းများတွင် အဖွဲ့များဖွဲ့စည်း ခဲ့သည်ဟု သူကဆိုသည်။

“အခုဆိုရင် ဒီကိစ္စတွေကို သွားရောက်စစ်ဆေးဖို့ အဖွဲ့သစ်တခုရှိနေပါပြီ။ မြန်မာနိုင်ငံထဲကို မှောင်ခိုလမ်းကြောင်းက နေ စီးဝင်နေမှုကို ဖြေရှင်းနိုင်ဖို့ သူတို့ကြိုးစားပါလိမ့်မယ်” ဟုလည်း ဦးမြတ်ထူးက ပြောသည်။

“ဟိုအရင်တုန်းက ဆိုရင် မြန်မာနိုင်ငံထဲကို iPad ၁၀ခု ယူလာတယ်ပဲထားပါတော့။ အကောက်ခွန်ဌာနက ဘာမှသိပ် ပြော နေမှာ မဟုတ်ပါဘူး။ အခုဆိုရင်တော့ သူတို့က ဒါတွေကို အကောက်ခွန်ဥပဒေအရ စစ်ဆေးပါတော့မယ်။ ဒါကြောင့် စတင် ပြီးတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီလို့ ပြောနိုင်ပါတယ်” ဟု သူကဆိုလိုက်သည်။

(Simon Lewis ၏ Authorized Apple Sellers Must Compete With Black Market Counterparts ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Ref : http://burma.irrawaddy.org/archives/48351


ကိုဝင်းကမ္ဘာကျော်ဆီမှ ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။ 

အားလုံးအဆင်ပြေကြပါစေဗျာ။ 


Aung Ko Htet (IT Studier)

PayPal Account ကို Verified ဖြစ်အောင် လုပ်ကြရအောင်

ကျွန်တော်မနေ့တုန်းက ပိုက်ပိုက်ရမဲ့ နည်းလမ်းလေးကို MM IT Helper  ဆီကနေ ပြန်လည် မျှဝေပေးထားပါတယ်ဗျာ။ ဒါပေမဲ့ PayPal account မရှိလို့ဆိုပြီး member မ၀င်ဘူးဆိုပြီးဖြစ်နေကြတဲ့ သူငယ်ချင်းတွေအတွက် PayPal account ဖွင့်နည်းလေးကို တင်ဆက်လိုက်ပါတယ်ဗျာ။





Paypal Account ကို verify ဖြစ်အောင်လုပ်တဲ့နည်း ကျွန်တော်စမ်းသပ်တာ အောင်မြင်သွားပါပြီခင်ဗျာ။စွန့်စားပြီးလုပ်ရတာဖြစ်တဲ့အတွက် အလေးအနက်ထားပြီး ဖတ်ပေးကြပါ။PayPal က အကောင့်ဖွင့်ရတာ လွယ်ပါတယ်။ verify ဖြစ်အောင် လုပ်ရတာပဲ ခက်တာပါ။ ကဲ ... စကြရအောင်။ PayPal Account တစ်ခုလုပ်ဖို့အတွက် ဘာတွေလိုအပ်လဲ...

  1. Visa card တစ်ကဒ်
  2. လုံခြုံတဲ့ Email အကောင့်တစ်ခု
  3. HongKong zip code

ပထမဆုံး www.paypal.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလိုမျိုး တွေ့ရင် Sign Up နှိပ်လိုက်ပါ..။


ပြီးရင် Your Country or Regionမှာ China Worldwide ကို ရွေးလိုက်ပါ။ ပြီးရင် Personal ဆိုတာရဲ့အောက်က Get Started ကို နှီပ်လိုက်ပါ။



အဲ နောက်တစ်ဆင့်ကျတော့ ကိုယ်လိုအပ်သလိုဖြည့်... Phone number ကတော့ google ကို အားကိုးပြီးတော့ ရှာလိုက်ပါ။ အနီရောင်ထောင့်ကွင်း ပြထားတဲ့ ကောင်တွေထဲမှာ ကိုယ်နဲ့ သင့်တော်မယ့်ဟာတွေ ထည့်ပါ။အစိမ်းရောင် ကွင်းမှာတော့ google ကို အားကိုးပြီးတော့ တရုတ်ဖုန်းနံပါတ်တစ်ခုဖြည့်ပါ။ ကျန်တာကတော့ ကျွန်တော် ဖြည့်တဲ့အတိုင်း လိုက်ဖြည့်ပါ။

 
 




 ပြီးသွားပြီဆိုရင်တော့ နောက်စာမျက်နှာကျရင် Add Credit Card တို့ ဘာတို့ လာလိမ့်မယ်။ ဘာမှနှိပ်မနေနဲ့။ Go to my account  ဆိုတာ ကိုသာ နှိပ်လိုက်ပါ။ ဥပမာ ကျွန်တော့ဟာလေးပေါ့ဗျာ။ဒါပေမယ့် ကျွန်တော့ဟာက Verified ဖြစ်ပြီးသားပါ။ Verified မဖြစ်သေးတဲ့သူကတော့ အဲဒီနေရာမှာ Get Verify လို့ ပေါ်မှာ။ အဲဒီ Get Verify ကို နှိပ်လိုက်ရင် Add Bank Account တို့ Link My Credit Card တို့ ဘာတို့ ပေါ်လာလိမ့်မယ်။
 အဲဒီအခါကျရင် Link My Credit Cardဒါမှမဟုတ် Credit Card ပါတဲ့ Button လေးကို နှိပ်လိုက်ဗျာ။ ကျွန်တော်လည်း သိပ်မမှတ်မိတော့လို့။ ဒါဆိုရင် အချက်အလက်တွေ ဖြည့်ခိုင်းတော့မယ်။ အဲဒီအခါကျရင် Credit Card(Visa Card) နဲ့ ပက်သက်တဲ့ အချက်အလက်တွေ ထည့်လိုက်တော့။အကောင့်ဖွင့်တာတော့ 75%ပြီးသွားပြီ။



အဲဒီအခါ သူတို့က Credit Card(visa card) ကို confirm လုပ်ခိုင်းလိမ့်မယ်။ သူပြောတဲ့သဘောက ဂဏန်းလေးလုံးပါတဲ့  code နံပါတ် တစ်ခုကို မိမိ credit card statement ထဲကို ပို့လိုက်ပြီ။ အဲဒီ နံပါတ်လေးလုံးကို ဒီ box ထဲမှာ ဖြည့်ပါ လို့ ပြောတာပါ။ အဲဒီ code နံပါတ်က credit card ထဲကို ရောက်ဖို့အတွက် ၃ရက် ၄ရက်လောက် ကြာပါတယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ visa card ကို www.shwemoney.com မှာ လုပ်ရတယ် ဆိုတာကိုပေါ့။
 ကဲပါ.. Visa Card လုပ်ချင်ရင် ဒီကို သာ သွားလိုက်။ အဲဒီမှာ ကဒ် ၀ယ်ပြီးမှ PayPal လုပ်လို့ ရမှာပါ။ ရန်ကုန်မှာ နေတဲ့သူဆိုရင်တော့ ငွေချေရတာ လွယ်ကူပါတယ်။ အခြားမြို့မှာ နေတယ်ဆိုရင်တော့ myanpay အကောင့် ရှိမှ ငွေချေလို့ ရမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် ရန်ကုန်မှာ အသိတစ်ယောက် ရှိရင်လည်း အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသိဆီကို ငွေလွှဲပေးပြီး ShweMoney ရုံးခန်းမှာ သွားပြီးတော့ ပေးရုံပါပဲ။ MyanPay အကောင့် လုပ်ရတာတော့ အင်မတန်မှ လွယ်ကူလှပါတယ်။ 
ပထမဆုံး www.myanpay.com.mm ကို သွားပြီးတော့ အကောင့် ဖွင့်လိုက်ပါ။ အဲဒီမှာ ကိုယ်တကယ်ကိုင်တဲ့ Mobile Phone နံပါတ်ကိုပါ ဖြည့်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က ဖုန်းကို Verification Code ပို့မှာမို့လို့ပါ။ အကုန်လုံးကို မှန်မှန်ကန်ကန် ဖြည့်စွက်ဖို့တော့ လိုပါတယ်။ 
 Credit & Ref : www.pyaephyo.com
 
 အားလုံးအဆင်ပြေကြပါစေဗျာ။ 

Aung Ko Htet (IT Studier)

အင်တာနက် Bandwidth ကို 40 Gbps အထိ တိုးချဲ့မည်

 
မြန်မာ့ဆက်သွယ်ရေးဟာ လက်ရှိ ပြည်တွင်းသုံးစွဲဖို့အတွက် အင်တာနက် Bandwidth 13 Gbps ရှိရာကနေ လာမယ့် အရှေ့တောင်အာရှ အားကစားပွဲ မတိုင်ခင် အင်တာနက် Bandwidth ကို 20 Gbps အထိ တိုးချဲ့မယ်၊ ဒါတင်မက ၂၀၁၄ ခုနှစ်ရောက်ရင်တော့ အင်တာနက် သုံးစွဲသူ ၁၀၀ မှာ ၇ ယောက်ရှိလာရေး ရည်ရွယ်ပြီး Bandwidth ကို 40 Gbps အထိ တိုးချဲ့ သွားမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ သုံးစွဲသူ ၁ သန်း ၂ သိန်းကျော်၊ ADSLလိုင်း တပ်ဆင်ထားသူ ၇၀၀၀ ကျော်ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်မော်ကလည်း ပြောပါတယ်။
မြန်မာနိုင်ငံက အင်တာနက်လိုင်းတွေဟာ နှေးကွေးလွန်းတဲ့အတွက် စီးပွားရေး လုပ်ငန်း တွေ လုပ်ဆောင်ရာမှာ အဆင်မပြေဘူးလို့ အိုင်တီကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ မဖြူဖြူက ဒီဗွီဘီကို ပြောပါတယ်။



Ref:dvb

Friday, September 20, 2013

Android ပေါ်မှာ သုံးရမဲ့ Firefox Browser for Android version 24.0 Apk


Android အတွက် browser လေးပါ။ အသစ်လေးမို့လို့ တင်ပေးလိုက်တာပါ။ အားလုံးလည်း သုံးဖူးကြမှာပါ။
ကွန်ပျူတာမှာလည်း သုံးဖူးကြတယ်ဆိုတော့ သိပ်ပြီးရှင်းပြစရာမလိုတော့ဘူးလို့ထင်ပါတယ်။ တော်တော်များများသော phone တွေမှာလည်း အသုံးပြုနေတာမို့လို့ သိပ်ပြီးမရှင်းပြတော့ပါဘူးနော်။ 

 သူ့အထဲမှာတော့ feature အသစ်တွေပါဝင်တဲ့အတွက်ကြောင့် အသုံးပြုရတာတော့ အရင်နဲ့မတူပဲ ပိုပြီး လန်းလာမှာတော့ မလွဲပါပဲဗျာ။ File size တော့နည်းနည်း ကြီးတယ်ဗျ။ 25.2 MB မှာရှိတာကြောင့် နည်းနည်းတော့ ကြာလိမ့်မယ်နော်။ အသုံးပြုချင်ရင်တော့ android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 





အားလုံးအဆင်ပြေကြပါစေဗျာ။ 

Aung Ko Htet (IT Studier)

မိမိလဲ ပိုက်ဆံရ .. မန်ဘာဝင်သူ အယောက်ငါးရာရှိရုံနဲ့ ဒေါ်လာ 60 $ လည်းရတဲ့ Outbux ( လက်တွေ့စမ်းသပ်ပြီး ) 1000% Working!

ကျွန်တော်တို့ရဲ့ hacker ကြီး MM IT Helper ရဲ့ post လေးကိုပြန်လည် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

မင်္ဂလာပါ ကျွန်တော် ငွေအစစ်အမှန်ရှာနေတဲ့ဆိုဒ်တွေကို ကိုယ်တိုင်စမ်းသပ်ပြီးဆက်တိုက်ဆိုသလို တင်ပေးခဲ့ပါတယ်..တစ်ကယ်ထုတ်လို့ရပြီဆိုတဲ့အခါကျမှ တင်ပေးခဲ့တာပါ..ငွေရှာတဲ့ဆိုဒ်အတုတွေလဲ
ရှိပါတယ်..ဒါကြောင့်သေချာစမ်းတင်ပေးခဲ့တာပါ... ကဲအခု Outbux ဆိုတဲ့ ငွေရှာတဲ့ဆိုဒ်အကြောင်းကို မိတ်
ဆက်ပေးမယ်ဗျာ... တစ်ကယ်လုပ် အဟုတ်ရတယ်...တစ်လလောက်ပဲ ကြော်ငြာတွေကိုသီးခံClick .. ငွေရရှိမှုနှုန်း Level တက်လာတာကိုတွေ့ရပါလိမ့်မယ်....ရလာတဲ့ပိုက်ဆံတွေကို Rental Referral ၀ယ်.. တစ်နည်း ရှယ်ယာဝယ်ပေါ့..မိမိရဲ့ Link ကိုလည်း သူငယ်ချင်းတွေဆီဖြန့်ပြီး ရှယ်ယာဝင်ခိုင်း အလုပ်လုပ်ခိုင်း .. ဒီလို ငွေရှာတဲ့ဆိုဒ်တွေမယ်လုပ်ရတာ
ဘားမှအချိန်ကုန်တာမဟုတ်ပါဘူး...ငွေတွေများလာလို့ထုတ်ချင်သလား
..မပူနဲ့...ငွေရှာနည်းအကြောင်း သေချာမသိသေး
ဘူးလား မပူနဲ့ adflycreator@gmail.com ဆီကိုသာ Mail ပို့မေးမြန်းလိုက် 24 နာရီအတွင်းချက်ချင်းကူ
ညီပေးပါတယ်... ကဲ.. ဟုတ်ပီ Outbux ဆိုတဲ့ဆိုဒ်မယ်ရှာမယ်နော်...ဘယ်လို ရှာမလဲ ??

အရင်ဆုံး ငွေရှာနည်းအကြောင်းကိုနားမလည်သေးသူတွေကတော့ ဒီမှာ သေချာလေး အချိန်ပေးဖတ်လိုက်
ပါဦး...  နားလည်သွားပြီဆိုရင် Outbux မှာငွေရှာနည်းစမယ်.... ငွေရှာနည်း . .ရှယ်ယာဝယ်နည်း..အကုန်လုံးကသဘောတရားအတူတူပါဘဲနော်.....အိုကေ...

Outbux မှာ Member ၀င်ဖို့ ဒီကိုနှိပ်ပါ..

တစ်ခါတစ်လေ မန်ဘာဝင်တဲ့အခါ Sorry , Your IP Address is used by other member ဆိုပြီးပေါ်တတ်တယ်.. ဒီတော့ IP Address ကိုကျော်ခွပြီးလုပ်မှရတော့မှာပေါ့..ကျော်ခွနည်း
ကတော့ ဒီမှာ ဖတ်ပါ။ 
ကဲ..မန်ဘာလည်းဝင်ပြီးပြီ ဖတ်လဲဖတ်ပြီးပြီဆိုရင် သဘောပေါက်လောက်ပြီထင်ပါတယ်..အလုပ်ကတော့
ရှင်းရှင်းလေးပါဘဲ.. ကြော်ငြာ Click တယ်...ပိုက်ဆံစုတယ်..ရှယ်ယာတွေဝယ်တယ်..ဒီလိုနည်းနဲ့
ပိုက်ဆံများလာအောင်လုပ်တာပေါ့...ဟုတ်ပြီး Outbux မှာကျတော့ကြော်ငြာဘယ်လိုကြည့်မလဲ ?
အောက်ပုံမယ်ပြထားတဲ့အတိုင်း View ADS ကိုနှိပ်လိုက်...အဲဒါဆိုရင် Click ရမယ့်ကြော်ငြာတွေပေါ်လာမယ်..အဲဒီထဲမှာမှ အပြာရောင်ဘားကို ကြော်ငြာကြည့်ဖို့Click လိုက်
click လိုက်ရင်အောက်ကအတိုင်း  ပေါ်လာမယ်...( တစ်ခုသတိပေးတာက ကလစ်လိုက်တာနဲ့ တန်းပေါ်တာမဟုတ်ပါဘူး..သူသတ်မှတ်ထားတဲ့ Webpag ရဲ့စာမျက်နှာအပြည့်ပေါ်မှ Click ရမယ့် ပုံတွေပေါ်တာပါ..ကျွန်တော်ကတော့ GSM Connection နဲ့သုံးတယ်...တစ်မိနစ်လောက်နေလို့မှClick ရမယ့်ပုံတွေမပေါ်သေးရင် Loading ပြန်ဆွဲတယ်.မကြာဘူးတန်းပေါ်လာပါတယ်...
ပုံမှာ Click ဖို့ ပုံခြောက်ပုံပေါ်လာပါတယ်နော်... ဘေးမယ်စာရေးထားတယ်.. " Click the upside down Picture" ဆိုတော့ အောက်ကို ဇောက်ထိုးဖြစ်နေတဲ့ပုံကို click ခိုင်းတာပါ.. ခြောက်ပုံထဲက ဇောက်ထိုးဖြစ်နေတဲ့ ပုံကို ကလစ်ပေးလိုက်ပေါ့.. ဒါဆိုရင် အောက်က အတိုင်း
အမှန်ခြစ်ပေါ်လာပါ့မယ်..ဒါဆိုရင် ကြော်ငြာတစ်ခု ကြည့်လို့ပြီးသွားပါပြီ..

ကျန်ရှိနေတဲ့ကြော်ငြာတွေကိုလည်း ဒီအတိုင်းသာ ကလစ်သွားပါ...ကိုယ်ပိုင်ဖုန်းသမားတွေကတော့ မနက်ခင်း 7 နာရီ 8 နာရီလောက်ထလုပ်ကြည့်ပါ..မြန်မှမြန် ခဏလေးနဲ့ တက်ပါတယ်။ အိုကေ..ကြော်ငြာ
ကြည့်ပြီးပြီဆိုတော့.. ကိုယ့်ထဲကို မန်ဘာဝင်အောင် လုပ်နည်းပြောပါ့မယ်....အောက်က ပုံကိုအရင်ကြည့်လိုက်ပါ
Banners ကို ကလစ်ပါ.. ပြီးတာနဲ့ HTML ထဲက အစိမ်းရောင်ပြထားတဲ့ထဲက Link ကိုကော်ပီကူးပါ..ဥပမာ.
http://www.outbux.com/?ref=aungsan လိုလေးဖြစ်ပါတယ်.. အစိမ်းရောင် အကွင်းပြထားတဲ့ စာသားကို
ကော်ပီကူးပြလိုက်တာပါ..အဲလိုမှမဟုတ်လဲ ထိပ်ဆုံးမယ် Your referral link: http://www.outbux.com/?ref=aungsan ဆိုပြီးရှိပါတယ်..အိုကေ.. အဲ Link ကို မိမိလိုဘဲ ငွေရှာစိတ်ဝင်စားသူဆီကိုပေးလိုက် ရော့..သူငယ်ချင်းရေ..ဒါလေးကတော့ ဒီလို ဒီလို ငွေရှာတယ်ကွာ..အဆင်လဲပြောတယ်..မင်းလုပ်ချင်ရင် ဟောဒီက Link မယ်မန်ဘာဝင်လိုက်..ငါလုပ်နည်းသင်ပေးမယ်.. ဘာညာ ကွိကွ လုပ်ထည့်လိုက်... ပွဲစားပါးစပ်ပေါ့ :D .. ကိုယ်ပေးလိုက်တဲ့သူက မန်ဘာဝင်လာပြီဆိုတာနဲ့ မြှားအပြာပြထားတဲ့အတိုင်း မန်ဘာဝင်သူအရေအတွက်
တက်လာပြီပေါ့ဗျာ..သူတို့က ကိုယ့်ထဲမယ်မန်ဘာဝင်မယ်...ပြီးတော့ သူတို့ ကြော်ငြာကလစ်ကြမယ်ဆို
ရင်..သူတို့ကလစ်တဲ့အထဲက $0.02 ရှယ်ယာ အမြတ် ကိုယ့်အတွက်ရမှာပါ... ဒီလို ပွဲစားလုပ်တာကိုတော့
Direct Referral လုပ်တယ်လို့ခေါ်ပါတယ်.... ရှယ်ယာ ၀ယ်တာကိုတော့ Rental Referral လို့ခေါ်ပါတယ်..
Rental Referral ဘယ်လိုဝယ်မှာလဲ..ဟုတ်ကဲ့.. ထိပ်ဆုံးမယ်. ဒီမှာ သေချာလေး အချိန်ပေးဖတ်လိုက်ပါဦး.
ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်..အဲဒီမှာရေးထားတာတွေကိုသာ သေချာဖတ်ပါ..လုံးဝလုပ်တတ်သွားစေရ
ပါ့မယ်.. မလုပ်တတ်ဘူး နားမလည်ဘူးဆိုရင်လည်း adflycreator@gmail.com သို့ဆက်သွယ်နိုင်ပါတယ်

ကဲဟုတ်ပြီ အဲလိုနဲ့ Direct Referral တွေကိုရှာသွားမယ်ဆိုပါစို့..ကိုယ့်ထဲကို မန်ဘာဝင်လာသူက အယောက်ငါးရာပြည့်တာနဲ့ 60$  အပိုဘောက်ဆူးရပါ့လိမ့်မယ်....အောက်က ပုံကိုကြည့်ပါ

ပုံမယ်ပြထားတဲ့အတိုင်း တစ်ကယ်ပေးမှာပါ..ဘာလို့သိသလဲဆိုရင် ကျနော် The bux မယ်လဲ ရှာနေပါတယ်..သူက အယောက် 250 ပြည့်ရင် 30 $ ပေးပါတယ်..ကျနော်တစ်ကယ်လဲရခဲ့ပါတယ်..
ကဲ... နမူနာပြထားတာကိုလဲကြည့်...ဒါကိုလဲ ကလိ..ပါ..တစ်ကယ်ရပါတယ်..ငွေများလာရင်ဘယ်လို
ထုတ်မလဲ..ဟုတ်ကဲ့..  ကိုယ်ငွေစုတာ 25$ ရရင် adflycreator@gmail.com သို့သာ ဆက်သွယ်လိုက်ပါ
တာဝန်ယူထုတ်ပေးပါ့မယ်...ဒါကြောင့် ငွေဘယ်လိုထုတ်ရလဲမမေးပါနဲ့... ကျနော် MMITHelper ကိုယ်တိုင်တာဝန်ယူထုတ်ပေးပါ့မယ်။ အေးအေးဆေးဆေးသာရှာပါ... တစ်လလောက်ဘဲ စမ်းရှာကြည့်
တစ်နေ့တစ်နေ့ ငွေရရှိမှု Level တွေတက်လာပါလိမ့်မယ်...အချိန်ဆိုတာလဲ မကုန်ပါဘူး.. အလွန်ဆုံးနာ၇ီဝက်လောက်ဘဲ ကုန်တာပါ..ဒီနာရီဝက်ဆိုတာကလဲ မိမိအင်တာနက်သုံးတဲ့အချိန်ထဲကနေ ဖဲ့ပေးရတာပါ..အခြားအလုပ်တွေလုပ်နေတာထက်စာရင် ဒါလုပ်တာက ကိုယ့်အတွက်အကျိုးရှိပါ့လိမ့်မယ်။

ကဲ..ဒီမှာ ကျွန်တော် 2$ စမ်းထုတ်ထားတာလေး ကြည့်လိုက်ပါဦး..

ဟောဒါကတော့ PayPal ထဲကို 24 နာရီအတွင်းရောက်လာတဲ့ပုံပါ
ကဲ.. PayPal ထဲရောက်မှတော့ အေးအေးဆေးဆေး မြန်မာကနေထုတ်လို့ရပြီပေါ့ဗျာ... တစ်ကယ်ထုတ်လို့ရတယ်ဆိုတာ လက်တွေ့ပြလိုက်ပါတယ်နော့်.. :) အခြားသော Offer တွေကိုလဲ ကလိလို့ရသေးတယ်ဗျ..ကြော်ငြာကလစ်မှ ပိုက်ဆံရတာမဟုတ်ဘူး Offer တွေကိုလဲ လိုက်ကလိကြည့်ပါ...ဥပမာ နားလည်အောင်ပြောရရင် အလုပ်ပေါ့နော်...ဒီ အလုပ်ကိုလုပ်ပါ..တစ်ဒေါ်လာပေးမယ်..ဆယ်ဒေါ်လာပေးမယ်..ပေါ့...အိုကေ..
အားလုံးဘဲအဆင်ပြေကြပါစေခင်မျ
Myanmar IT Helper
www.mmithelper.ccom
 
အားလုံးအဆင်ပြေကြပါစေဗျာ။ 
 
Aung Ko Htet (IT Studier)




တောင်ဆင်းအတိုင်း စက်ဘီးစီး ကြရမဲ့ Stickman Downhill version1.5 APK



လှပပြီး သေသပ်လှတဲ့ graphic design နဲ့ ကစားလို့ကောင်းတဲ့ game လေးတစ်ခုပါ။ လှပတဲ့ရှုခင်းပေါင်း 80 ကျော်ကို ဒီဇိုင်းအနေနဲ့လုပ်ထားတာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ နောက်ခံ design တွေကိုလည်းပြောင်းလဲနိုင်ပါတယ်။ နောက်ခံဒီဇိုင်းအနေနဲ့ပြောင်းလဲနိုင်တာတွေကတော့ သစ်တောနဲ့တူတဲ့ အရောင် ဒီဇိုင်းတွေပြောင်းလဲနိုင်ခြင်း၊ ပင်လယ်ပြင်ကိုနောက်ခံ ဒီဇိုင်းအဖြစ်ပြောင်းလဲနိုင်ခြင်း၊ ညပိုင်းအခြေနေတစ်ရပ်အဖြစ် ဒီဇိုင်းကိုပြောင်းလဲနိုင်ခြင်းတွေလုပ်နိုင်ပါတယ်ဗျာ။

စက်ဘီးစီးရမဲ့ အခြေအနေတွေကတော့ Free ride tracks လွတ်လွတ်လပ်လပ် စက်ဘီးစီးရခြင်း၊ Trial tracks
စမ်းသပ်ပြီးစက်ဘီ စီးရခြင်း နဲ့ Downhill tracks တောင်ဆင်းအတိုင်း စက်ဘီးရခြင်းတွေဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်ဗျာ။ အဲ့ဒီထဲကမှ ကိုယ့်စိတ်ကြိုက် ကိုယ်ကြိုက်သလို ရွေးချယ်ကစားနိုင်ပါတယ်ဗျာ။

စက်ဘီးတွေကိုလည်း အများကြီးရွေးချယ်ခွင့်ရှိသလို၊ နေ့နဲ့ည ကြိုက်တဲ့အချိန်ကိုရွေးချယ်ပြီး ကစားနိုင်ပါသေးတယ်ဗျာ။ ကျွန်တော်ဒီလောက်ပဲရေးပေးတော့မယ်ဗျာ။ တကယ်လို့ ကျန်တာတွေကိုသိချင်တယ်ဆိုရင်တော့ ကစားရင်းနဲ့ လေ့လာနိုင်ပါတယ်။ 

ဒီ game လေးကိုကစားဖို့အတွက်တော့ android version 2.2 နဲ့အထက်မှာ ဆိုရင် ကစားနိုင်ပါပြီဗျာ။




အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။




အားလုံးအဆင်ပြေကြပါစေဗျာ။ 

Aung Ko Htet (IT Studier)



Window 8 မှာ အရင် Control Panel အဟောင်းပုံစံကို Desktop ပေါ်မှာ Shortcut အနေနဲ့ထားနည်း


အခုချိန်မှာ window 8 သုံးတဲ့ သူတွေတော့ ရှိလာပြီး သူ့နောက် version မှာပါဝင်တဲ့ Shortcut icon တွေကိုမရင်းနှီးပဲနဲ့ အရင်တုန်းက shortcut တွေနဲ့ပဲကျင်လည်နေကြတဲ့ မိတ်ဆွေအတွက် ဒီ post လေးကို တင်ပေးလိုက်ရတာပါ။ အခုကျွန်တော်ရေးပေးမဲ့ အကြောင်းအရာကတော့ အရင် control panel shortcut လေးကို window 8 ရဲ့ desktop အပေါ်မှာ Tile အနေနဲ့ ထားရှိမဲ့ အကြောင်းလေးပါ။

အရင်ဆုံးလုပ်ရမဲ့ လုပ်ဆောင်ချက်ကတော့ desktop ပေါ်မှာ Right click နှိပ်လိုက်ပါ။ ပြီးရင် New ထဲကနေ
shortcut ကိုသွားလိုက်ပါ။

အဲ့လိုရွေးပြီးရင်  desktop ပေါ်မှာ shortcut ထားဖို့အတွက် icon ရဲ့  location ကိုရွေးခိုင်းပါမယ်။ အောက်မှာပေးထားတဲ့ စာသားကိုရိုက်ထည့်ပေးပြီး Next ကိုသွားလိုက်ပါ။


%windir%\explorer.exe shell:::{26EE0668-A00A-44D7-9371-BEB064C98683}

ပြီးရင် shortcut ရဲ့နာမည်ကို ပေးခိုင်းပါလိမ့်မယ်။ အဲ့ခါကျရင် ကျွန်တော်တို့က Control Panel ကိုထားမှာဖြစ်တဲ့အတွက် Control Panel လို့နာမည်ပေးလိုက်ပါတယ်။ ပြီးရင် Finish ကိုနှိပ်လိုက်ပါ။

ပြီးရင်တော့ Desktop ပေါ်မှာ shortcut icon လေးရောက်သွားပါပြီ။ ဒါပေမဲ့ သူပေးတဲ့ icon က default  icon ဖြစ်တဲ့အတွက် icon ကတော့ မှားနေပါလိမ့်မယ်။ အဲ့ဒါကို change မယ်ဆိုရင် change လို့ရပါတယ်။ မ change ချင်တဲ့သူတွေကတော့ မ chnage ဘဲဒီအတိုင်းထားနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ control panel ကိုထားပါမယ်ဆိုရင်တော့ control panel icon လေးနဲ့ပဲ မြင်ချင်တာပေါ့။ အဲ့ဒီအတွက် icon ကို change မယ်ပေါ့ဗျာ။

Change ရမဲ့ ပုံစံကတော့ အဲ့ဒီ icon လေးပေါ်မှာ right click ထောက်ပြီး Properties ကိုနှိပ်လိုက်ပါ။

အပေါ်ကပုံအတိုင်းနှိပ်လိုက်ရင် dialog box လေးကျလာပါလိမ့်မယ်။ အဲ့ဒီ box လေးပေါ်လာပြီဆိုရင်  icon ကို change icon ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။ ပြီးရင် icon ကို change  ဖို့အတွက် location ကိုရွေးခိုင်းပါ့မယ်။ အောက်က စာသားကိုရိုက်ထည့်ပေးလိုက်ပါ။

 %SystemRoot%\system32\SHELL32.dll




ပြီးရင် control panel ရဲ့ icon လေးကို ရွေးပေးပြီး OK ကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် control icon လေးနဲ့ shortcut လေးကလန်းသွားပြီးပေါ့ဗျာ။



ကဲနောက်ဆုံးတစ်ဆင့်ကတော့ window 8 ရဲ့  desktop မှာ  Tile  အနေနဲ့ ထားဖို့ပါပဲဗျာ။ ဒါကတော့နောက်ဆုံးအဆင့်ပါပဲဗျာ။ ကိုယ်ပြောင်းလဲလိုက်တဲ့ control panel shortcut icon ကို right click နှိပ်လိုက်ပါ။ ပြီးရင် Pin to Start ဆိုတာကို ရွေးပေးလိုက်ပါ။

အဲ့ဒါဆိုရင် window 8 ရဲ့ desktop ပေါ်မှာ control panel shortcut icon အဟောင်းလေးကို tile အနေနဲ့မြင်တွေ့နိုင်ပြီပေါ့ဗျာ။





အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT Studier)

Thursday, September 19, 2013

ကွန်ပျူတာရဲ့ hard disk space ကိုနေရာပြန်ချပေးမဲ့ Auslogics Disk Defrag version 4.2.0.0



ကျွန်တော်တို့ တွေရဲ့ computer မှာ Software တွေကို သိမ်းချင်သလိုသိမ်းပြီး install တွေလည်းလုပ်ချင်သလိုလုပ်ကြပါတယ်။ အဲ့ဒါလေးကိုကျွန်တော် ဥပမာတစ်ခုပေးပြီးပြောပါရစေဗျာ။ ကျွန်တော်တို့ အခန်းတွေထဲမှာ အ၀တ်စားတွေ၊ ပစ္စည်းတွေကို ဒီအတိုင်းပဲ နေရာတကျမထားပဲ ထားချင်သလိုထားမယ်ဆိုရင် အခန်းကြီးက ရှုပ်ပွနေပြီး ဘယ်လိုမှ မြင်ကောင်းမှာမဟုတ်ဘူးလေ။ အဲ့ဒီအချိန်မှာကျွန်တော်တို့ ဘာလုပ်လဲဆိုတော့ အခန်းလေးကိုပြန်ရှင်းပြီး ပစ္စည်းတွေ၊ အ၀တ်စားတွေကို နေရာတကျပြန်ထားလိုက်ရင် ရှင်းပြီးတော့ ကြည့်လို့လည်းကောင်းသွားသလိုပေါ့ဗျာ။

အခုလည်းဒီသဘောပါပဲ။ ကွန်ပျူတာမှာ software တွေ ကို install လုပ်ချင်လုပ်၊ unistall လုပ်ချင်လုပ်နဲ့ ဆိုတော့ harddisk ထဲမှာ software တွေက ဖြစ်ချင်သလိုဖြစ်နေပြီး၊ တစ်ခါတစ်လေ စက်ကိုသုံးရတာ လေးလာတာတို့၊ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ဒီ software လေးကိုသုံးပြီး defragment လုပ်ပေးသင့်ပါတယ်။ ပြောရမယ်ဆိုရင် နေရာပြန်စီတာပေါ့ဗျာ။ အဲ့ဒါကြောင့် ဒီ software လေးက အသုံးဝင်မယ်လို့လည်း မျှော်လင့်မိပါတယ်ဗျာ။ တစ်လကိုတစ်ကြိမ်လောက် လုပ်ပေးတာနဲ့ ကိုယ့်ရဲ့စက်လေးက အသုံးပြုရတာပေါ့ပါးတာပေါ့ဗျာ။ ဒါပေမဲ့ သတိထားသင့်တာတော့ ဒီ software လေးသုံးနေချိန်မှာဆိုရင် ကွန်ပျူတာကို ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားသင့်ပါတယ်။ 



အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 





အားလုံးအဆင်ပြေကြပါစေဗျာ။ 

Aung Ko Htet (IT Studier)


Android ရဲ့ System ပိုင်း color ကို စိတ်ကြိုက် customize လုပ်နိုင်မဲ့ XBlast Tools version 1.5.8 Apk



အခုနောက်ပိုင်းမှာ android အသုံးပြုတဲ့ user တွေများလာတဲ့အခါများလာပြီး modern မြှင့်တွေလည်း ကိုင်လာတာများလာတယ်လေ။ လူတိုင်းရဲ့လက်ထဲမှာ အနည်းဆုံး android version 4.0 လောက်က ရှိနေပြီးသားပါ။ အဲ့ဒါကြောင့်ဒီ application လေးကို တင်ပေးလိုက်တာပါ။ ဒီ application လေးကိုသုံးမယ်ဆိုရင်တော့ Root ဖောက်ထားဖို့တော့လိုပါလိမ့်မယ်ဗျာ။

သူ့ရဲ့ လုပ်ဆောင်ချက်တွေကတော့ screen မှာရှိတဲ့ icon တွေကိုစိတ်ကြိုက် costomizeလုပ်နိုင်ခြင်း ကိုယ်ကြိုက်တဲ့ font တွေနဲ့ အချိန်နဲ့ နေ့ရက်တွေကို status bar ၊ notification bar မှာထားနိုင်ခြင်း Notification bar ၊ Status bar တွေကို ကိုယ်ကြိုက်တဲ့ အရောင်ထားနိုင်ခြင်း
Screen rotation ကို 180 degree အထိထားနိုင်ခြင်း
Battery color ကို လည်း စိတ်ကြိုက်အရောင်ထားနိုင်ခြင်း
Notification bar ကိုစွဲတဲ့ အခါ speed ကို ထိန်းချူပ်နိုင်ခြင်း
ဖုန်းခေါ်တဲ့အခါလည်း screen ကို အပြည့်ထားနိုင်ခြင်း တွေကိုကိုယ်ကိုယ်ကြိုက်သလို ရွေးချယ် အသုံးပြုနိုင်ပါတယ်ဗျာ။ ကျွန်တော်ဖော်ပြပေးလိုက်တဲ့ အရာတွေကနည်းနည်းလေးပဲရှိပါသေးတယ်ဗျာ။ အဲ့ဒါတွေအပြင် တခြားအရာတွေလည်းရှိပါတယ်ဗျာ။
သေသေချာချာသိချင်ရင်တော့ အသုံးပြုကြည့်ရင်းလေ့လာနိုင်ပါတယ်ဗျာ။

ဒီ application လေးက android version 4.0.3 နဲ့အထက်မှာအသုံးပြုနိုင်တာကြောင့် version မြှင့်တဲ့ ဖုန်းတွေကတော့ color လန်းလန်းလေးတွေနဲ့လန်းနိုင်မှာသေချာပါတယ်ဗျာ။



အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။

Download (Box)

Download (Sendspace)

Download (copy)

Download (Zippyshare)

အားလုံးအဆင်ပြေကြပါစေဗျာ။

Aung Ko Htet (IT Studier)

ဘယ် Programs (Desktop Shortcut) ဖွင့်ဖွင့် .Lnk ဖြင့် ပွင့်နေခြင်း (How to fix .LNK file Error)


ကိုလတ်: အကို....ဘာဘဲဖွင့်ဖွင့် Firefox Browser နဲ့ပွင့်နေတယ် .lnk တခုကို Open With Firefox နဲ့နှိပ်မိထားတာပါ ကူညီပါဦးဗျာ...
 ဘယ် Program ဖွင့်ဖွင့် .Lnk File (or) Window Media Player (or) Adobe Reader (or) IE Browser စ,သည်တို့ ဖြင့်ပွင့်နေတတ်တာဟာ Malware တမျိုးကြောင့်ပါ.. အဲ့ဒီ Error ကို အောက်ပါ နည်းလမ်း (၅) မျိုးထဲမှ အဆင်ပြေမဲ့ တစ်နည်းနည်းနဲ့ ဖြေရှင်းပေးနိုင်ပါတယ်...။
 နည်းလမ်း (၁)

 Window XP User တွေအတွက် ဒီမှာ ဒေါင်းပါ..။

Window Vista , 7 User တွေအတွက်ကတော့ ဒီမှာ ဒေါင်းပါ...။
 ဒေါင်းလို့ ရလာတဲ့ .reg ဖိုင်လေးကို Double Click နဲ့ Run ပါ ...

Registry Editor တတ်လာရင် Yes ကို နှိပ်ပါ ....
ကွန်ပျူတာကို Restart ချပေးပါ...။
 နည်းလမ် (၂)
Start > Run မှာ regedit ရေးထည့်ပြီး Enter ခေါက်ပါ ..

HKEY_CURRENT_USER\ Software\ Microsoft\ Windows\ CurrentVersion\ Explorer\ FileExts\ .l​nk
 ထိ အဆင့်ဆင့် ရောက်အောင်သွားပါ..


UserChoice ဆိုတာကို ရှာပါ .. တွေ့ရင်  Right Click နှိပ်ပြီး Delete လုပ်ပေးလိုက်ပါ...။
Registry Editor ကို ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ...။
 နည်းလမ်း (၃)

 Start button က Search Box မှာ System Restore ရေးထည့်ပြီး ခု Error မတတ်ခင် ရက်တွေကို ရွေးပြီး System Restore လုပ်ပေးနိုင်ပါတယ်...။
 နည်းလမ်း (၄)
Malwarebytes Anti-Malware  (or)  Malwarebytes Anti-Malware Full Version ကို ဒေါင်းယူ Install ပါ... 

Perform full scan နဲ့ စစ်ပေးပါ ..

တွေ့သမျှ Malware တွေကို Delete လုပ်ပါ...

[Image:   mbam4.png]
[Image:   mbam6.png]
ပြီးရင် စက်ကို Restart ချပေးပါ....။
 နည်းလမ်း (၅)
ဒီ Repair .lnk ဆိုတဲ့ Utility လေးကို ဒေါင်းယူ Install ပါ...
Start button ကို နှိပ်ပြီး Repair လုပ်ပေးလိုက်ပါ...
ပြီးရင် စက်ကို Restart ချပေးလိုက်ပါ....။
အဆင်ပြေနိုင်ကြပါစေ

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
 
အားလုံးအဆင်ပြေကြပါစေဗျာ။ 
 
Aung Ko Htet (IT Studier)

How To Manage Hibernate Mode in Windows 7 (Window မှ Hiberation ကို ဖွင့်/ပိတ်နည်း)

  ကို Aung Htay   မေးထားတာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်... သူ့ကွန်ပျူတာမှာ Driver Update လုပ်ရင်း Start Menu က Hibernate Button လေးပျောက်သွားလို့ပါဆိုပြီး မေးထားတာပါ...။
 


ပထမဆုံး Microsoft က ပေးထားတဲ့ Fix Tool လေးတွေနဲ့ စမ်းကြည့်နိုင်ပါတယ်...။

Fix it for me

To fix this problem automatically, click the Fix it button or link. Click Run in the File Download dialog box, and follow the steps in the Fix it wizard.



Ref : http://support.microsoft.com/kb/920730
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အဆင်မပြေသေးရင်တော့ အောက်ပို့စ်အတိုင်း လုပ်ပေးရမှာပါ...။
 Window မှာ Hiberation ကိုပိတ်နည်း

Windows 7 နဲ့ Vista တို့က Windows XP သုံးနေတဲ့သူတွေအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့နေရာမှာ တော်တော်ကို အစိမ်းသက်သက်ဖြစ်နေပါလိမ့်မယ်။ အခု ဒီနေရာမှာ Windows 7 မှာ Hibernation ကိုဘယ်လို ပိတ်မယ် ဖွင့်မယ်ဆိုတာကို ဖော်ပြပေးသွားမှာပါ။

Hibernation ကတော့ အဓိကအားဖြင့် လျှပ်စစ်စွမ်းအင် သုံးစွဲမှုကို သက်သာစေရန်အတွက်ပါပဲ။ ဒါဟာ "Sleep mode" နဲ့ မတူပါဘူး။ "Sleep mode" က ဖွင့်ထားတဲ့ files တွေ documents တွေကို Power နည်းနည်းနဲ့ Memory အပေါ်မှာ သိမ်းထားတာပဲဖြစ်ပါတယ်။ သို့သော် Hibernation ကတော့ ဖွင့်ထားတဲ့ Files တွေ Documents တွေအားလုံးကို Hard Disk မှာ စွမ်းအင် သုံးစွဲမှုလုံးဝမပါပဲ ထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။ ဒီ Feature ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရမ်းကောင်းပါတယ်.. မီးက လာလိုက် ပျက်လိုက်ဆိုတော့ ဒီ Feature လေးနဲ့ အရေးပေါ် ပိတ်လိုက်ရင် ကျွန်တော်တို့ရဲ့ Data တွေ မဆုံးရှုံးတော့ဘူးပေါ့။ နောက်တစ်ခါ မီးလာလို့ ကွန်ပျူတာကို ပြန်ဖွင့်တဲ့အခါ အရင်က ကျွန်တော်တို့ သုံးခဲ့တဲ့ State အတိုင်း ပြန်ရပါတယ်။

၁။ Command Prompt ကို "Administrator rights" နဲ့ဖွင့်ဖို့အတွက် Start > Search Box ထဲမှာ 'cmd' ဆိုပြီးရိုက်ထည့်ပါ .. cmd.exe ကို Right Click > Run as administrator နဲ့ Run ပါ..။

 6hi
၂။ Command Prompt ထဲမှာ powercfg /hibernate on ဆိုတာကို ရိုက်ထည့်လိုက်ပါ...  ဒါက Command ကိုသုံးပြီး hibernation ကိုဖွင့်တာပါပဲ။ ပြီးရင် exit ကို ရိုက်ထည့်ပြီး command prompt ကိုပိတ်လိုက်ပါမယ်။
 
ပိတ်ချင်ရင်...

၃။ ကျွန်တော်တို့ရဲ့ Start Menu ကိုသွားကြည့်ပါ။ Shutdown ဆိုတဲ့ဘေးနားမှာ arrow လေးနဲ့ ကိုနိုပ်ပြီး hibernate button ပေါ်မပေါ်ဆိုတာ ကြည့်လိုက်ပါ... (မှတ်ချက် Windows မှာ Menu Style အပေါ် မှုတည်ပြီးတော့ ကွဲပြားတာလေးတွေရှိပါတယ်။ တစ်ချို့က Shutdown Button ကို နိုပ်မှ ပေါ်လာတာတွေရှိပါတယ်)။ Start Menu မှာ မပေါ်သေးရင် အောက်ပါ အတိုင်း ဆက်လက်လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။

၎။ Start Menu ကို နိုပ်ပြီး Start Menu ရဲ့ Sear Box မှာ "Power Options" ဆိုပြီးရိုက်ထည့်က Enter ခေါက်လိုပါက Power Options ပေါ်လာပါလိမ့်မယ်....
 

 ပုံတွေထဲက အတိုင်း အဆင့်ဆင့်သွားပြီးတော့ Sleep ထဲက Allow Hybrid Setting ကို ပိတ်ပေးရပါတယ်။ ( Change Plan Setting > Change Advanced Power Setting > Sleep > Allow hybrid sleep - Off ) ဆိုပြီးလုပ်ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် Hibernate button ကိုမြင်ရပါပြီ...

Good Luck!
Ref : http://www.howtogeek.com/howto/7564/how-to-manage-hibernate-mode-in-windows-7
&
http://thusayyar.blogspot.com