Paypal Account ကို verify ဖြစ်အောင်လုပ်တဲ့နည်း ကျွန်တော်စမ်းသပ်တာ 
အောင်မြင်သွားပါပြီခင်ဗျာ။စွန့်စားပြီးလုပ်ရတာဖြစ်တဲ့အတွက် အလေးအနက်ထားပြီး
 ဖတ်ပေးကြပါ။PayPal က အကောင့်ဖွင့်ရတာ လွယ်ပါတယ်။ verify ဖြစ်အောင် 
လုပ်ရတာပဲ ခက်တာပါ။ ကဲ ... စကြရအောင်။ PayPal Account တစ်ခုလုပ်ဖို့အတွက် 
ဘာတွေလိုအပ်လဲ...
- Visa card တစ်ကဒ်
 - လုံခြုံတဲ့ Email အကောင့်တစ်ခု
 - HongKong zip code
 
ပထမဆုံး www.paypal.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလိုမျိုး တွေ့ရင် Sign Up နှိပ်လိုက်ပါ..။

ပြီးရင် Your Country or Regionမှာ China Worldwide ကို ရွေးလိုက်ပါ။ ပြီးရင် Personal ဆိုတာရဲ့အောက်က Get Started ကို နှီပ်လိုက်ပါ။

အဲ နောက်တစ်ဆင့်ကျတော့ ကိုယ်လိုအပ်သလိုဖြည့်... Phone number ကတော့ google 
ကို အားကိုးပြီးတော့ ရှာလိုက်ပါ။ အနီရောင်ထောင့်ကွင်း ပြထားတဲ့ 
ကောင်တွေထဲမှာ ကိုယ်နဲ့ သင့်တော်မယ့်ဟာတွေ ထည့်ပါ။အစိမ်းရောင် ကွင်းမှာတော့
 google ကို အားကိုးပြီးတော့ တရုတ်ဖုန်းနံပါတ်တစ်ခုဖြည့်ပါ။ ကျန်တာကတော့ 
ကျွန်တော် ဖြည့်တဲ့အတိုင်း လိုက်ဖြည့်ပါ။
 
 ပြီးသွားပြီဆိုရင်တော့ နောက်စာမျက်နှာကျရင် Add Credit Card တို့ 
ဘာတို့ လာလိမ့်မယ်။ ဘာမှနှိပ်မနေနဲ့။ Go to my account  ဆိုတာ ကိုသာ 
နှိပ်လိုက်ပါ။ ဥပမာ ကျွန်တော့ဟာလေးပေါ့ဗျာ။ဒါပေမယ့် ကျွန်တော့ဟာက Verified 
ဖြစ်ပြီးသားပါ။ Verified မဖြစ်သေးတဲ့သူကတော့ အဲဒီနေရာမှာ Get Verify လို့ 
ပေါ်မှာ။ အဲဒီ Get Verify ကို နှိပ်လိုက်ရင် Add Bank Account တို့ Link My 
Credit Card တို့ ဘာတို့ ပေါ်လာလိမ့်မယ်။
 အဲဒီအခါကျရင် Link My Credit 
Cardဒါမှမဟုတ် Credit Card ပါတဲ့ Button လေးကို နှိပ်လိုက်ဗျာ။ 
ကျွန်တော်လည်း သိပ်မမှတ်မိတော့လို့။ ဒါဆိုရင် အချက်အလက်တွေ 
ဖြည့်ခိုင်းတော့မယ်။ အဲဒီအခါကျရင် Credit Card(Visa Card) နဲ့ ပက်သက်တဲ့ 
အချက်အလက်တွေ ထည့်လိုက်တော့။အကောင့်ဖွင့်တာတော့ 75%ပြီးသွားပြီ။

အဲဒီအခါ သူတို့က Credit Card(visa card) ကို confirm လုပ်ခိုင်းလိမ့်မယ်။ 
သူပြောတဲ့သဘောက ဂဏန်းလေးလုံးပါတဲ့  code နံပါတ် တစ်ခုကို မိမိ credit card 
statement ထဲကို ပို့လိုက်ပြီ။ အဲဒီ နံပါတ်လေးလုံးကို ဒီ box ထဲမှာ ဖြည့်ပါ
 လို့ ပြောတာပါ။ အဲဒီ code နံပါတ်က credit card ထဲကို ရောက်ဖို့အတွက် ၃ရက် 
၎ရက်လောက် ကြာပါတယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ visa card ကို 
www.shwemoney.com မှာ လုပ်ရတယ် ဆိုတာကိုပေါ့။
 ကဲပါ.. Visa Card 
လုပ်ချင်ရင် ဒီကို 
သာ သွားလိုက်။ အဲဒီမှာ ကဒ် ၀ယ်ပြီးမှ PayPal လုပ်လို့ ရမှာပါ။ ရန်ကုန်မှာ 
နေတဲ့သူဆိုရင်တော့ ငွေချေရတာ လွယ်ကူပါတယ်။ အခြားမြို့မှာ နေတယ်ဆိုရင်တော့ 
myanpay အကောင့် ရှိမှ ငွေချေလို့ ရမှာ ဖြစ်ပါတယ်။
ဒါမှမဟုတ် ရန်ကုန်မှာ အသိတစ်ယောက် ရှိရင်လည်း အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသိဆီကို ငွေလွှဲပေးပြီး ShweMoney ရုံးခန်းမှာ သွားပြီးတော့ ပေးရုံပါပဲ။ MyanPay အကောင့် လုပ်ရတာတော့ အင်မတန်မှ လွယ်ကူလှပါတယ်။
ပထမဆုံး www.myanpay.com.mm ကို
 သွားပြီးတော့ အကောင့် ဖွင့်လိုက်ပါ။ အဲဒီမှာ ကိုယ်တကယ်ကိုင်တဲ့ Mobile 
Phone နံပါတ်ကိုပါ ဖြည့်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က ဖုန်းကို 
Verification Code ပို့မှာမို့လို့ပါ။ အကုန်လုံးကို မှန်မှန်ကန်ကန် 
ဖြည့်စွက်ဖို့တော့ လိုပါတယ်။ 
 Credit & Ref : www.pyaephyo.com
 အားလုံးအဆင်ပြေကြပါစေဗျာ။ 
Aung Ko Htet (IT Studier)







0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။