ကွန်ပျူတာမှာမှ အသုံးပြုနိုင်တဲ့ Word တို့ ၊ Excel တို့ ၊ Power Point တို့ ကို ဖုန်းမှာ အသုံးပြုနိုင်တဲ့ application ဖြစ်ပါတယ်ဗျာ။ ကျွန်တော်တို့ ရုံးက အလုပ်တွေ အရေးကြီးကိစ္စတွေကို အလွယ်တကူ လုပ်ချင်ကြတဲ့မိတ်ဆွေတို့အတွက် ဒီ application လေးကိုဆောင်ထားသင့်ပါတယ်။
ဒီ apk လေးထဲမှာပါဝင်တဲ့ feature တွေကတော့ microsoft word , Excel နဲ့Power Point file တွေကို PDF file အဖြစ်နဲ့ကြည့်ရှုနိုင်ပါတယ်။ ဒါပေမဲ့ အဲ့လို
PDF file နဲ့ကြည့်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ android version ပေါ်မူတည်ပါတယ်။ ဒါကိုတော့ ကျွန်တော် သိပ်မရှင်းပြတော့ပါဘူးနော်။ ဘာကြောင့်လဲ
ဆိုတော့ အားလုံးရဲ့လက်ထဲမှာ jelly bean လောက်တော့ရှိပြီးသားဖြစ်မှာမို့လို့ ဒီ apk လေးကိုလည်း အသုံးပြုလို့အဆင်ပြေမယ်လို့ ယူဆပြီးတင်ပေးလိုက်တာပါ။
ကွန်ပျူတာပေါ်မှာအသုံးပြုနေကြတဲ့ document တွေရဲ့ file format တွေအတိုင်းဖုန်းမှာလဲ အသုံးပြုနိုင်ပြီး Google Docs, DropBox, Box, ကိုယ့် email ထဲမှာလဲ
attachments တွဲပြီးလည်း မျှဝေသိမ်းဆည်းနိုင်ပါတယ်။ ဒီ application လေးကိုဆောင်ထားမယ်ဆိုရင် ဘယ်နေရာကိုရောက်နေရောက်နေ ကွန်ပျူတာရှိမှဖြစ်မယ်ဆိုတဲ့
အလုပ်တစ်ခုဖြစ်တဲ့ office word တွေကို လုပ်နိုင်ပြီဖြစ်ပါတယ်။

ဒီ apk လေးကို android version 3.1 နဲ့အထက်မှာဆိုရင် အသုံးပြုနိုင်ပါတယ်။
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။