Mozilla Firefox ဆိုရင် အရင်က အများစု သိထားတာဟာ မြေခွေး သို့မဟုတ် မီးလောင်နေသော မြေခွေးလို့ပဲ သိထားကြပါတယ်။ အမှန်တော့ သူက Red Panda ဖြစ်ပါတယ်။
မြန်မာလို ရှင်းရှင်းခေါ်တော့ ပန်ဒါနီလို့အမည်ရပြီး သူ့ရဲ့  အနီကွက် အရောင် အသွေးများကြောင့် Firefox လို့လည်း အင်္ဂလိပ်လို အမည်ပေး ပါတယ်။ နေထိုင်ကျက်စားနေတဲ့ ဒေသကလည်း သိပ်အဝေးကြီး မဟုတ်ပါဘူး ကချင်ပြည်နယ်နဲ့ တရုတ်ပြည်နယ် သစ်မှာ ဖြစ်ပြီး မြန်မာမြေပိုင် နက် ထဲမှာလည်း အကောင်ရေ ထောင်ကျော် ကျက်စားနေ ထိုင်နေသေး ကြောင်း ဆိုပါတယ်။ တရုတ်ပြည်မှာတော့ အများကြီးပါ။ သို့ပေမယ့် ရှားပါး တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်နေပါတယ်။
Mozilla အဖွဲ့အနေနဲ့ ၎င်းတို့ရဲ့  အများနဲ့မတူ တမူထူးခြားတဲ့ Web Browser ကို တူမတူတဲ့ အမည်တစ်ခုရအောင် Firefox ကို ရွေးခဲ့ခြင်းပါ။ ဒါကို မသိတဲ့ သူများက မီးလောင်နေသော မြေခွေးလို့ပဲ ဘာသာပြန်ကြ ပါတယ်။ အမှန်တော့ သူက Red Panda ဖြစ်ကြောင်း သိရပါတယ်။
.
Ref:wiki
Credit>>> အောင်ခမ်း ( smart.com.mm )
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။