ကျွန်တော်တို့ ပုံမှန် Gmail ကို sign in ၀င်တဲ့အခါမှာ password ရိုက်ထည့်လိုက်ရင် ကိုယ်ဘာရိုက် လိုက်တယ်ဆိုတာကို မမြင်ရပါဘူး။ အမည်းစက်လေးတွေပဲ မြင်ရပါတယ်။ ပြီးတော့ Gmail မှာ လည်း Show & Hide လုပ်ဖို့ feature မပါဝင်ပါဘူး။ အခုတော့ အဲ့ဒါလေးကို ဖြေရှင်းဖို့အတွက် ကျွန်တော် နည်းလမ်လေးတစ်ခုတွေ့ခဲ့ပါတယ်။ အောက်က အဆင့်တွေကို တစ်ခုချင်းစီလိုက်လုပ်သွားပါ။ အဲ့ဒါဆိုရင် အဆင်ပြေပါလိမ့်မယ်ဗျာ။
1 >> Mozilla Firefox browser နဲ့ Gmail မှာ ကိုယ်ရိုက်ထည့်လိုက်တဲ့ password ကို show & hide လုပ်ချင်ရင် ဒီနေရာလေးကို နှိပ်လိုက်ပါ။
2 >> Firefox add on ကို download လုပ်လိုက်ပါ။
3 >> Firefox browser ကို restart ချလိုက်ပါ။
4 >> Address Bar မှာ http://www.gmail.com ကိုရိုက်ထည့်လိုက်ပါ။
5 >> Gmail Sign in ရဲ့ Username နဲ့ Password ပြီးသွားရင် အနီရောင်လေးနဲ့ Show ဆိုတဲ့ စာ လုံးလေး ကိုတွေ့ပါလိမ့်မယ်။ အဲ့ဒီ Button လေးကို နှိပ်ပြီး Show & Hide ကို အသုံးပြုနိုင်ပါပြီဗျာ။
Hide & Show Firefox add on ကို ရယူရန် ဒီနေရာကိုနှိပ်ပါ။
အာလုံးအဆင်ပြေကြပါစေ...
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။