နိုင်ငံတကာမှ သုံးစွဲသူများကို Cloud သိုလှောင်မှု 10TB ပေးမည့် Tencent
============
တရုတ်နိုင်ငံ၏ အကြီးဆုံး အင်တာနက် ကုမ္ပဏီဖြစ်သော Tencent သည် လာမည့်၂၀၁၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ချဲ့ ထွင်သည့် အနေဖြင့် Cloud သိုလှောင်မှု ပမာဏ 10TB အထိ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
MIT ၏ China Innovation and Entrepreneurship Forum တွင် Tencent ၏ ဒု-ဥက္ကဋ္ဌ Peter Zheng က ၂၀၁၄ ခုနှစ် အစောပိုင်းတွင် အနောက်နိုင်ငံအတွက် သိုလှောင်မှုစနစ် ဝန်ဆောင်မှု ကို လွှင့်တင် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံတွင် သိုလှောင်မှုစနစ် ဝန်ဆောင်မှုသည် အရှိန်ကောင်းနေပြီး ဩဂုတ်လမှ စတင်၍ ပြည်တွင်းတွင် Baidu နှင့် Qihoo 360 ကဲ့သို့ နည်းပညာ ကုမ္ပဏီများက သုံးစွဲသူများကို 10TB အထိ ဝန်ဆောင်မှု ပေးနေ သည်။
Tencent သည် ၎င်းနည်းလမ်းကို အသုံးပြု ၍ အနောက်နိုင်ငံ များတွင် Dropbox, Box နှင့် Google Drive တို့ နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ် ထားသည်။ Tencent ၏ ဝန်ဆောင်မှုကို စတင် အသုံးပြုရာတွင် 10TB အပြည့် ရရှိဦးမည် မဟုတ်ပေ။ Tencent ၏ သိုလှောင်မှု ဝန်ဆောင်မှု အတွင်း အချက်အလက်များ ပမာဏများပြားစွာ တင်သည့် အပေါ်မူတည်၍ သိုလှောင်မှု ပမာဏများ အခမဲ့ အလိုအလျောက် ရရှိသွားမည် ဖြစ်သည်။
Tencent သည် တရုတ်ကုမ္ပဏီ ဖြစ်သောကြောင့် လုံခြုံရေးဆိုင်ရာ ပူပန်မှုများ ရှိနေသော်လည်း တရုတ်အစိုးရ၏ ဆင်ဆာများကြောင့် စိုးရိမ်မှု မရှိကြောင်းနှင့် နိုင်ငံတကာ သုံးစွဲသူများ၏ ဆာဗာများကို အမေရိကန်နိုင်ငံ (သို့ ) အရှေ့တောင်အာရှတွင် ထားရှိမည် ဖြစ်ကြောင်း Peter Zhang ပြောကြားခဲ့သည်။
Ref: CNET

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။