Saturday, December 21, 2013

Cache ထဲမှာ ရှိနေတဲ့ application တွေရဲ့ data တွေကိုရှင်းပေးမဲ့ App Cache Cleaner Pro – Clean version 5.0 Apk


သူငယ်ချင်းတို့ ကိုယ့်ဖုန်းက တစ်ခါတစ်ခါမှာ ဘာမှသုံးလို့မရတော့အောင် hang သွားတာ ဘာကြောင့်လို့ထင်ပါသလဲ။ ကျွန်တော့်အထင်တော့ကိုယ့်ဖုန်းထဲမှာ ကိုယ်အသုံးပြုနေတဲ့ application တွေရဲ့ data က cache ထဲမှာ သွားသိမ်းနေလို့လို့ထင်ပါတယ်။ အဲ့လို အဖြစ်မျိုးတွေနဲ့ ကြုံလာခဲ့ရင် ကျွန်တော့်ဖုန်းထဲမှာအသင့်သွင်းပြီးသားဖြစ်တဲ့ Clean Master ဆိုတဲ့ app နဲ့ chace လေးကိုရှင်းပေးလိုက်ရင် ပြန်ပြီးကောင်းလာတာကိုတွေ့ရပါတယ်။

အခုတော့ အဲ့လိုအဖြစ်မျိုးတွေကိုကျော်လွှားနိုင်ဖို့အတွက် Cache တွေကိုပဲ သီးသန့် ရှင်းပေးမဲ့ application လေးတစ်ခုထွက်ရှိလာပါပြီဗျာ။ ဒီကောင်းလေးက ကိုယ့်ဖုန်းကို ဒုက္ခပေးစေတဲ့
cache file ထဲက application တွေရဲ့ data တွေကို ရှင်းပေးခြင်း၊ မလိုအပ်ဘူးဆိုရင် unistall လုပ်လို့ရတဲ့ အခြေအနေအထိ ပြုလုပ်နိုင်ခြင်း၊ ဒီ application လေးကို တစ်ချက်နှိပ်ပြီး ဖွင့် လိုက် ရုံနဲ့cache file ထဲက data file တွေကို ရှင်းလင်းပေးခြင်း၊ file တွေအကုန်လုံးကို ရှင်း ပြီးပြီဆိုတာနဲ့ တစ်ခါတည်း exist လုပ်ပေးခြင်း၊ ဖုန်း memory နည်းနေတဲ့အခါ SD card ထဲကိုပြောင်းချင်တယ်ဆိုရင်လည်း ပြောင်းနိုင်တဲ့ APP 2 SD function လည်းပါဝင်ပါတယ်။

Application လေးကိုဖွင့်လိုက်တာနဲ့ ဖုန်းရဲ့ cache ထဲကfile တွေအကုန်လုံးကိုဖော်ပြပေး မှာဖြစ်ပြီး ကိုယ်ဘာလုပ်ချင်လဲ ဆိုတာကိုကိုယ့်ဘာသာကိုယ် ရွေးချယ်ပြီး စိတ်ကြိုက် လုပ်ရုံပါပဲဗျာ။ Function တွေလည်းတော်တော်စုံစုံလင်လင်ပါဝင်တာရယ်၊ ကိုယ့်ဖုန်းလေး ကိုလည်း တကယ်ပေါ့ပါးသွားစေမှာဖြစ်တာကြောင့် ဆောင်ထားသင့်တဲ့ application လေး တစ်ခု ပဲဖြစ်ပါ တယ်။



အောက်က link ကနေ download လုပ်နိုင်ပါတယ်။





Download Here
 

အားလုံးအဆင်ပြေကြပါစေ....

Facebook မှာ လည်း like လုပ်ပေးအုံးနော်..... အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။