Sunday, December 22, 2013
မှတ်စရာလေးတွေကို android မှာမှတ်ဖို့ Handy Note Pro version 7.1.1 APK
ဒီ apk ကတော့ အထူးတလည်ပြောနေစရာမလိုတော့ဘူးနဲ့တူပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဖုန်းတိုင်းရဲ့ အထဲမှာ Note ဆိုတဲ့ application လေးက အမြဲတမ်းပါနေလို့ပါပဲ။ အဲ့ဒါကြောင့်မစိမ်းကြဘူးလို့ထင်ပါတယ်။အဲ့ဒါဆိုရင်ဘာလို့တင်နေလည်းလို့တော့မပြောလိုက်ပါနဲ့နော်။
ဒီ application လေးက Note ကိုမှ ဒီဇိုင်းလှလှလေးတွေနဲ့ ဖန်တီးနိုင်တဲ့အတွက်ကြောင့်ရယ်၊ ကိုယ်လိုချင်တဲ့ paper templates တွေအများကြီးကိုရွေးချယ် အသုံးပြုနိုင်တာရယ်တွေက ဖုန်းတိုင်းမှာ ပါဝင်တဲ့ Note တွေနဲ့မတူတဲ့ ထူးခြားတဲ့အချက်ပဲဖြစ်ပါတယ်။ Android Developer တွေရေးကြတဲ့ apk တွေဆိုတော့သိတဲ့အတိုင်းပဲလေ။ နဂိုမူလ ရှိပြီးသား ဟာ ထက်တော့ ပိုပြီး function စုံအောင်၊ စွဲဆောင်မှုရှိအောင် အသွင်မတူတဲ့ အချက်တွေ ပါဝင် လာမြဲပါပဲ။ အခုလည်းထိုနည်းလည်းကောင်းပါပဲ။ မြောက်များစွားလှသော function တွေ၊ feature တွေပါဝင်လာတဲ့အတွက်ကြောင့် ဖုန်းမှာ Note ရေးလေ့ရှိတဲ့ ကျွန်တော့် လိုပဲ လေ့လာ သူတို့လည်း အသုံးပြုနိုင်အောင်လို့ ဒီ application လေးကို တင်ပေး လိုက်တာပါ။ ဒီ application လေး ကို အသုံးပြုချင်တယ်ဆိုရင် android version 2.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ File လေးက RAR file လေးဆိုတော့ download size ပြည့်အောင်လို့ download လုပ်ပေးပါ။ File size ကတော့ 14.02 MB ရှိပါတယ်။
အောက်က link ကနေ download လုပ်နိုင်ပါတယ်။
Download Here
Facebook မှာ လည်း like လုပ်ပေးအုံးနော်..... အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။