Monday, December 16, 2013

အင်တာနက်အကြောင်းသိကောင်းစရာ


 ဒီအကြောင်းရာလေးက အခုလက်ရှိကျွန်တော်လေ့လာနေတဲ့ အိမောင်ရဲ့  Professional Web Developer စာအုပ်ထဲက အကြောင်းရာပဲဖြစ်ပါတယ်။ နောက်ထပ် လည်း ဖော်ပြပေးသွားပါ့မယ်ဗျာ။

ကွန်ပျူတာတွေ တစ်လုံးနဲ့တစ်လုံး အချက်အလက်တွေ အပြန်အလှန် ပေးပို့နိုင်အောင် Wire နဲ့ပဲဖြစ်ဖြစ် Wireless ဖြစ်ဖြစ် ချိတ်ဆက်တာကို Network လို့ခေါ်ပါတယ်။
အင်တာနက်ဆိုတာ Network တွေအချင်းချင်း အပြန်အလှန် ချိတ်ဆက်ပေးထားတဲ့ ကွန်ယက်ကြီး တစ်ခုလည်းဖြစ်ပါတယ်။။

1957 ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မျာ ကနေ့ ခေတ် နည်းပညာ ကမ္ဘာကြီးကိုဖြစ်ပေါ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက ကမ္ဘာ့ပထမဦးဆုံး
ဂြိုဟ်တုဖြစ်တဲ့ စပွတ်နစ်(၁) ကိုလွတ်တင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကိုပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ကမ္ဘာပတ်လမ်းကြောင်းထဲကို ဂြိုဟ်တုလွတ်တင်ဖို့ ပြင်ဆင်နေဆဲအချိန်မှာပဲ သူတို့ရဲ့ အဓိကပြိုင်ဘက်က အရင်လွတ်တင်နိုင်ခဲ့တဲ့အတွက် အကြီးကျယ်
တုန်လှုပ်သွားခဲရတာပဲဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ARPA (the Advanced Research Project Agency ) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာသစ်တွေ သုတေသနလုပ်နိုင်ရန်ရည်ရွယ်ပြီး အမေရိကန် ပြည်ထောင်စု
ကာကွယ်ရေး ဌာနက စတင်ဖွဲ့စည်းခဲ့ပါတော့တယ်။ အဲ့ဒီ အဖွဲ့ရဲ့ အကျော်ကြားဆုံး ဖန်းတီးမှုကတော့ ကနေ့ နည်းပညာ ကမ္ဘာကြီကိုဖြစ်ပေါ်လာစေတဲ့ အင်တာနက်ပဲဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ်မှာ Joseph Licklider လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်က Man- Computer Symbiosis လို့အမည်ပေးထားတဲ့ စာတမ်းတစ်စောင်ကို တင်ပြလာပါတယ်။ အဲ့ဒီ စာတမ်းဟာ ကွန်ပျူတာ
Network တွေတည်ဆောက်ဖို့အတွက် စိတ်ကူးအခြေခံတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ Joseph Licklider ဟာ ARPA ရဲ့ Information Process Office ဥက္ကဌအဖြစ်နဲ့ သုတေတန အဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့စိတ်ကူးကို အကောင်ထည်မဖော်ဖြစ်ခင်မှာပဲ အဖွဲ့ကနေ ထွက်သွားခဲ့ပါတယ်။

၁၉၆၇ ခုနှစ်အောက်တိုဘာလမှာ ARPANET လို့အမည်ပေးထားတဲ့ ကွန်ပျူတာ Network အစီအစဉ်ကို စတင် အကောင်ထည်ဖော်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှာတော့ ကွန်ပျူတာ Network တစ်ခုကို
စတင်ချိတ်ဆက် အသုံးပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီ ပထမဆုံး Network မှာသုံးခဲ့တဲ့ packets switching နည်းစနစ်ဟာ ကနေ့ထိအသုံးပြုနေဆဲဖြစ်ပါတယ်။

ARPANET ရဲ့ packets switching နည်းစနစ်ကို ဗြိတိန် တက္ကသိုလ်တွေစုပေါင်းထားတဲ့ Network တစ်ခု ဖြစ်တဲ့ JANET နဲ့အများသုံး Network  ကုမ္ပဏီတစ်ခုဖြစ်တဲ့ CompuServe အပါအ၀င် အခြားအဖွဲ့အစည်းတွေကလည်း အသုံးပြုလာ
ကြပါတယ်။ အဲ့ဒီ Network တွေဟာ ကနေ့ ခေတ်နဲ့နှိုင်းယှဉ်ရင် Private Network သာသာမျှသာ ဖြစ်ပါတယ်။

အခြေခံနည်းစနစ်တူပေမဲ့ ကွဲပြားခြားနားတဲ့ ဖွဲ့စည်းပုံတွေကြောင့် အဲ့ဒီ Network တွေတစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကြိုးစားတဲ့ အခါမှာတော့ အခက်ခဲတွေ ကြုံလာရပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့ ARPA ရဲ့ Satellite Network Packets Project မှာ
လုပ်နေတဲ့ Robert Kahn နဲ့စတန်းဖို့ တက္ကသိုလ်က Vinton Cerf တို့ပူးပေါင်းပြီး မတူညီတဲ့ Network စနစ်တွေ အတွက်ကြားခံ Mask တစ်ခုအနေနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ Protocol တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖော်ထုတ်ခဲ့တဲ့
အဲ့ဒီနည်းပညာကို "Internet Transmission Control Program " လို့ခေါ်ခဲ့ပါတယ်။ Network ရဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချပြီး ကွန်ပျူတာ ကို အဓိက အလုပ်လုပ်ခိုင်းလိုက်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်ကတော့ Network တွေအားလုံးကို ချိတ်
ဆက်မယ်ဆိုရင်တောင် ချိတ်ဆက်နိုင်တဲ့ နည်းပညာတစ်ခု ဖြစ်လာတာပါပဲ။

ARPA က လိုအပ်တဲ့ software တွေကိုပါ တည်ဆောက်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာကတော့ မတူကွဲပြားတဲ့ Network သုံးခုကို အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ Protocol ကိုလက်စသတ်နိုင်ခဲ့ပြီး ၁၉၈၂ မှာကတော့ " TCP/IP " လို့ခေါ်တဲ့ အဲ့ဒီ Protocol ကိုအခြား မဖွဲ့အစည်း
တွေကပါ စတင်အသုံးပြုလာကြပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကွန်ပျူတာ Network တွေကို ချိတ်ဆက်ပေးတော့မယ့် အင်တာနက်ဆိုတာ အဲ့ဒီအချိန်မှာ အစပြုခဲ့တာဖြစ်ပါတယ်။

ကနေ့အချိန်မှာတော့ အင်တာနက်ကွန်ယက် ကြီးထဲမှာ Network တွေ ၊ ကွန်ပျူတွေသာမက၊ မိုဘိုင်းဖုန်းတွေ၊ Tablet နဲကအခြားသော Device တွေလည်း ပါဝင်နေပြီဖြစ်ပါတယ်။ အခြားသော Device ဆိုတဲ့အထဲမှာ အင်တာနက်ချိတ်ဆက်မှု ပြုလုပ်နိုင်တဲ့ ကားတွေ၊ မျက်မှန် (Smart Glass ) နဲ့နာရီ (Smart Watch) တွေအပြင်နောက်ပိုင်းမှာ ဆိုရင် အိမ်သုံးရေခဲသေတ္တာ၊ အ၀တ်လျှော်စက်တွေအထိ အင်တာနက်ကွန်ယက်မှာ ပါဝင်လာဖို့ရှိပါတယ်။

အင်တာနက်ကွန်ယက်မှာ ပါဝင်တဲ့ကွန်ပျူတာနဲ့ Device တိုင်းမှာ IP Address လို့ခေါ်တဲ့ မိမိတို့ကိုယ်ပိုင် လိပ်စာနံပါတ် တစ်ခုစီရှိကြပါတယ်။ ဒီလိုချိတ်ဆက်ထားတဲ့ Device တွေဟာ တစ်ခုနဲ့တစ်ခု လိုအပ်သလို အချက်လက် ပေးပို့ဆက်သွယ်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာ အင်တာနက်ဆိုတာဟာ ကွန်ပျူတာနဲ့စက်ပစ္စည်းတွေကို ချိတ်ဆက်ယံသာ ချိတ်ဆက်ပေးထားတဲ့ နည်းပညာလို့ နားလည်စေချင်ပါတယ် သတင်းပေးပို့ခြင်းလို လုပ်ဆောင်ချက်ကို အင်တာနက်က တိုက်ရိုက်မလုပ်ပါဘူး။ ဒီအင်တာနက်ပေါ်မှာ အခြေခံပြီး Wrold Wide Web တို့ကို
အချက်လက်တွေပို့ဆောင်ပေးတဲ့ " ကား " လို့ ယူဆပြီးအင်တာနက်ကတော့ အဲ့ဒီ ကားတွေသွားလို့ရတဲ့ " လမ်း " လို့ အကြမ်းဖျဉ်းမှတ်ယူနိုင်ပါတယ်။

Email နဲ့ World Wide Web ကဲ့သို့ အင်တာနက် လမ်းမကြီးပေါ်မှာ အချက်လက်တွေသယ်ယူပို့ဆောင်ပေးနိုင်တဲ့ အခြားနည်းပညာတွေရှိပါသေးတယ်။ Instant Messaging (IM), File Transfer Protocol (FTP), Secure Shell (SSH), Internet Relay Chat (IRC), Voice Over Internet Protocol (VOIP)စတဲ့ နည်းပညာတွေဖြစ်ပါတယ်။

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။