Xbox One တွင် internal hard drive ၌ သိုလှောင်ထားသောအချက်အလက်များကို Microsoft အွန်လိုင်း cloud ဆာဗာတွင်အလို အလျောက်သိမ်းဆည်းထားပေးခဲ့ကြောင်း Microsoft ကထုတ်ပြန်ခဲ့သည်။
Xbox One ဂိမ်းစက်အချက်အလက်များ အလိုအလျောက်သိမ်းဆည်းမှုတွင် Sign-in ပြုလုပ်လာသည့် Xbox One သုံးစွဲသူများ၏ Save ဂိမ်းများနှင့် Settings ဖိုင်များကို cloud သိုလှောင်မှုတွင် သိမ်းဆည်း
ပေးခြင်းဖြစ်သည်။
Xbox One သည် အလိုအလျောက် သိုလှောင်နိုင်ရန်ပြုလုပ်ထားခြင်းဖြစ်ကြောင်း Game Informer သို့ Microsoft က ပြောကြားခဲ့သည်။
Save ဂိမ်းများနှင့် Setting များ အပါအဝင် အခြားအချက် အလက်များကို Xbox One သုံးစွဲသူများသည် cloud တွင်အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်သည်။ Xbox One တိုင်းတွင်ပါရှိသော Internal hard drive ပေါ်ရှိဂိမ်းများနှင့် app များကို Xbox One menu button ဖြင့် အလွယ်တကူ သွင်းနိုင်ဖြုတ်နိုင်သည်။
Xbox One သုံးစွဲသူများသည် သိုလှောင်မှုဘယ်ရွေ့ ဘယ်မျှလောက်ရှိသည်ကို စိုးရိမ်စရာမရှိကြောင်း၊ menu button ကို အသုံးပြု၍ app ပမာဏကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။
သို့သော်လည်း Microsoft သည် offline version များ၏ အချက်အလက်သစ်များကို cloud တွင် သိုလှောင်ခွင့်မပြုပေ။
ဂိမ်းစက်ပေါ်တွင် သိုလှောင်ထားသော အချက်အလက်အားလုံး သည် offline အဖြစ် ကစားနိုင်ရန် cache အနေဖြင့်သာ သိမ်းဆည်းပေးထားသည်။ ဂိမ်းကစားသူများအနေဖြင့် အင်တာနက်ဖြင့် ချိတ်ဆက်သည့်အခါ ဂိမ်းအတွင်းရှိလုပ်ငန်းစဉ်များကို sync ပြုလုပ်ပေးကြောင်း Microsoft က ပြောကြားထားသည်။
Cloud နှင့်ချိတ်ဆက်ထားပြီးသားဖြစ်ပါက cloud တွင်သုံးစွဲသူ၏ ဂိမ်းလုပ်ငန်းစဉ်သည် အမြဲတမ်းရှိနေကာ Xbox One တွင် ဆက်ကစားလိုပါက ကစားနိုင်ပြီး မကစားလိုပါက ဂိမ်းစက်ပေါ်တွင် သိမ်းဆည်းထားပေးသည်။
Credit >>> -စိုးထက် (internet journal)
Ref: Computer and video games com

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
Aung Ko Htet (www.itstudier.com)

0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။