Friday, November 29, 2013

iOS 7 တွင် Me Note Keyboard ဖြင့် မြန်မာလိုရိုက်နိုင်ပြီ

ပါဠိစကားလုံးများကိုပါ အလွယ်တကူရေးသားနိုင်မည့် မြန်မာစာစနစ်ပါဝင်သည့် Me Note Keyboard ကို Apple Store ပေါ်တွင် အခမဲ့ Donwload ရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း Application ကို ရေးဆွဲထားသည့် Microsoft.Net Developer တစ်ဦးလည်းဖြစ်၊ Sundew Myanmar Co.,Ltd ၏ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သော ကိုထွန်းလင်းထံမှ သိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်ကမှ စတင်အသုံးပြုနိုင်ခဲ့သည့် ဇော်ဂျီမြန်မာစာစနစ်သုံး Me Note Myanmar ၏ Keyboard Application တွင် စာပို့စနစ်ပါ ပါဝင်လာတော့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်က Microsoft.Net Developer တစ်ယောက်ဖြစ်ပေမယ့် Apple User မြန်မာတွေ မြန်မာကီးဘုတ်ကို အခမဲ့သုံးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ” ဟု ၎င်းကပြောသည်။

လတ်တလောတွင် အဆိုပါအခမဲ့မြန်မာစာကီးဘုတ်စနစ်ကို Facebook, Twitter နှင့် Email များနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပြီး Facebook တွင် Comment ပေးနိုင်ရန်အတွက် မြန်မာ Facebook Application တစ်ခုရေးနိုင်ရန်လည်း စီစဉ်နေသည်ဟု ၎င်းကပြောသည်။

Apple Store ပေါ်တွင် အခမဲ့စတင်ဖြန့်ချိခဲ့သည့်နေ့မှ ယခုအချိန်အထိ Download ရယူသုံးစွဲသူအရေအတွက်မှာ တစ်ထောင့်ခုနှစ်ရာကျော်အထိ ရှိလာပြီဖြစ်သည်။ ယခုထွက်ရှိသည့် Me Note Myanmar Keyboard နှင့်ပတ်သက်သည့် Source Code ကို လိုအပ်သူများသည် wizard.htoon@gmail.com သို့ အီးမေးလ်မှတစ်ဆင့် ပေးပို့တောင်းဆိုနိုင်ကြောင်း သိရသည်။

ယုဇနကိုကို
- See more at: http://www.myanmarinternetjournal.com/content/9581#sthash.UoMaZyHh.dpuf

Credit >>> ယုဇနကိုကို (internet journal )

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။