Thursday, November 7, 2013

Shuame Root Tools လေးနဲ့  အလွယ် root လုပ်မယ်

 
Shuame Root Tools လေးနဲ့  တရုတ် Android ဖုန်းတွေနဲ့ တက်ပလက်တွေနဲ့  နာမည်ကြီး Samsung, Sony, HTC, Huawei စတဲ့ ဖုန်းတွေအပြင် နာမည်မကြီးတဲ့ တရုတ် ဖုန်းတွေ၊ တက်ပလက်တွေကိုလည်း Rootအလွယ်တစ်ကူ လုပ်လို့ ရပါပြီ။ Sony နဲ့ HTC ကို အဓိက ဦးစားပေးထားတာကိုတွေ့ရလို လည်း ဘာမှကိုပြောစရာမရှိတော့ ပါဘူး all in one လေးပါပဲ။ဒီကောင်လေးရဲ့ အားသာချက်က online နှင့် တွဲအသုံးပြုရင် driver တွေကိုပါ ရှာပေးနိုင်တာမို့  ဒီဘက်ခေတ်ကတော်တော်လေးကို ပွင့် လင်းမြင်သာသွားပါပြီ။ ဖုန်းအားလုံးနီးပါး ကို Support ပေးထားတာတွေ့ရပါတယ်..မိတ်ဆွေတို့  root လုပ်ချင်တဲ့ ဖုန်းအမျိုးအစားတွေကို ဒီမှာ ကြိုတင်စစ်ဆေးနိုင်ပါတယ်။


အသုံးပြုနည်းကတော့  လွယ်ပါတယ် ။

1. Shuame Root Tools ကို Install လုပ်ပြီးသွားရင် Run လိုက်ပါ..
2. ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်လိုက်ပါ.. ( Unknown Source, USB Debugging တွေကို On ထားပေးပါ။ 3. ပုံမှပြထားတဲ့ အတိုင်း လေးထောင့် ကွက်လေးကိုနိုပ်ပါ။
4. အလယ်တန်းထဲက Root Unlock ဆိုတဲ့ပုံလေးကိုနှိပ်ပါ..
5. Super User တောင်းရင် ညာဘက်ထောင့်ကဟာကိုနှိပ်ပါ.. ( အဲဒါ Grant ပါ.. ) (ဘယ်ဘက်ထောင့်ကဟာက Deny ဖြစ်ပါတယ်.. )
6. ပြီးသွားရင်တော့ App List ထဲမှာ တရုတ်စာလေးနဲ့ S လေးတွေ့ရင် Root ရပြီခင်ဗျ...












Download - zippyshare , solidfiles , tusfiles





အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။




စိုင်းသူ

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။