Sunday, December 22, 2013

Windows Phone 8.1 မှာ Notification Center , Personal Assistant ပါရှိမည်



Microsoft က Windows Phone 8.1 မှာ Notification Center , Personal Assistant တို့ကိုထည့်သွင်းပေးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Google Now, Apple’s Siri တို့ကဲ့သို့ Personal Assistant နည်းပညာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် April မှာ ပြုလုပ်မယ့် Microsoft ရဲ့ BUILD Conference မှာ ပြသမယ်လို့သိရပါတယ်။
Android, iOS တို့မှာလိုပဲ အပေါ်ထောင့်စွန်း ကနေ အောက်ကိုဆွဲချပြီး Notification Center ကို အသုံးပြုရမှာဖြစ်တဲ့အတွက် Android , iOS အသုံးပြုသူများအတွက်တော့ ထူးခြားမှုမဟုတ်ပါဘူး။ အခုလိုပြုလုပ်ပေးခြင်းဖြင့် Android, iOS အသုံးပြုသူများ Windows Phone ပြောင်းလဲအသုံးပြုနိုင်ဖို့ စွဲဆောင်မှုလည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် Windows Phone 8.1 မှာ Microsoft ရဲ့ Cortana ပါလာမည်ဖြစ်ပြီး အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ အခုအသုံးပြုနေတဲ့ Bing Search ကို နှစ်သက်ရာ ပုံစံ ဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး ပိုမို တွဲဖက်အသုံးပြုလာနိုင်ပါမယ်။ အသုံးပြုသူရဲ့ တည်နေရာ၊ ကိုယ်ရေး အချက်အလက်များကို သိရှိပြီး Personal Assistant က အလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီ Feature ဟာ Google Now, Siri တို့နဲ့ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Desktop Version နဲ့ဆင်တူတဲ့ Bing Smart Search ပါရှိလာပါမယ်။
အခုထွက်ပေါ်နေတဲ့ သတင်းများ က Microsoft က တရားဝင်ပြောကြားခြင်းမရှိဘဲ အွန်လိုင်းမှ ထွက်ပေါ်နေတဲ့ သတင်းများဖြစ်တာကြောင့် စောင့်ကြည့်ရပါမယ်။


 Ref: Myanmar Digital Life Journal

Facebook မှာ လည်း like လုပ်ပေးအုံးနော်..... အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။