Monday, October 7, 2013

ချုံ့ထားသမျှကို ပြန်ဖြည်ပေးမဲ့ Zipper v1.9.9 Apk


ကျွန်တော်ရေးနေကျ စာသားတစ်ခုပဲထပ်ပြီး ရေးပေးလိုက်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ။ Application တွေကိုတော့ developer တွေရော၊ software company တွေကရော အမျိုးမျိုးကိုထုတ်နေကြတာပဲလေ။ အဲ့ဒီထဲကမှ အသုံးပြုတဲ့ user တွေအနဲ့ကိုက်ညီမှုရှိရင်တော့ အဲ့ဒီ application ကတော့ နာမည်ရသွားတာပဲလေ။ ကျွန်တော်တို့တင်သမျှ post တွေက ထွက်လာသမျှ application တွေကို အသုံးပြုတဲ့ user တွေအတွက် တင်ပေးမှာပါပဲ။ Site မှာတင်သမျှကို သုံးဖို့အတွက်ဆိုပြီးမရည်ရွယ်ပါ။ ဘာကြောင့်လဲဆိုတော့ application တွေက အကြောင်းအရာချင်းအတူတူ၊ ရည်ရွယ်ချက်ချင်းအတူတူဖြစ်တာကြောင့် စမ်းကြည့်ချင်တယ်၊ မသုံးဖူးသေးတဲ့သူတွေဆိုရင်တော့ ယူသုံးနိုင်ပါတယ်။

အခုလည်း zip file တွေကို android ဖုန်းတွေအပေါ်မှာ ဖြည်ပေးမဲ့ application လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီလို application လေးတွေကိုကျွန်တော်အရင်ကလည်း တင်ပေးဖူးပါတယ်။ အခု application က နာမည်ကွဲလေးပါ။ ပြုလုပ်ပုံကတော့အတူတူပါပဲ။ Feature ကတော့ zip file တွေကိုဖြည်ပေးမယ်။ ဒါပါပဲ။ အသုံးပြုလိုသူများအနေနဲ့ android version 2.1 နဲ့အထက်မှာအသုံးပြုနိုင်ပါတယ်။




အောက်က link ကနေ download လုပ်နိုင်ပါတယ်။

အားလုံးအဆင်ပြေပါစေ......

Aung Ko Htet

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။