Saturday, October 19, 2013

Samsung Galaxy S4 ဘက်ထရီအခမဲ့ လဲလှယ်ပေး





ဂျာမနီနိုင်ငံမှာ ၃၀ ရာခိုင်နှုန်းသော Samsung Galaxy s4 စမတ်ဖုန်းများ ဘက်ထရီ ပြဿနာ တက်ပြီးနောက် အခမဲ့ အစားထိုး လဲလှယ်တဲ့ အစီအစဉ်ကို Samsung တို့ ပြုလုပ်ပေးနေပါတယ်။


ဂျာမနီမှာတင် မကပဲ Official Samsung Showroom ရှိတဲ့ နိုင်ငံတိုင်းမှာ အခမဲ့ လဲလှယ်ပေးလို့ရအောင် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ Samsung Galaxy S4 မှာ ကြုံတွေ့ရတဲ့ ဘက်ထရီ ပြဿနာ ကတော့ တစ်နာရီအတွင်း အားအကုန်မြန်တာတို့၊ အလိုအလျောက် အားကုန်တာတို့ အပြင် မလိုအပ်ပဲ ဘက်ထရီ Power ဆုံးရှုံးနေမှုများ ဖြစ်ပါတယ်။ ဒါတွေ ကို ဖြေရှင်းပေးဖို့အတွက် Samsung ဟာ return များရရှိပြီးနောက် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။ ယင်း ဆုံးဖြတ်ချက်အရ Customer တွေကို ဘက်ထရီ အလကား လဲလှယ်ပေးခြင်း ဖြစ်ပါတယ်။

ဂျာမနီမှာတင်မက၊ ဗြိတိန်မှာပါ ပြုလုပ်ပေးမှာပါ။ ဆက်လက်ပြီး အခြားနိုင်ငံများအထိလည်း Samsung တို့ စီစဉ်ထားကြောင်း ဆိုပါတယ်။ Samsung Galaxy S4 ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်ခဲ့ပြီး ယနေ့အထိလည်း အရောင်းတွင်နေဆဲ စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint

Aung Kham

Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။