Saturday, October 19, 2013

Nokia လည်း စမတ်နာရီထုတ်တော့မည်

ဒီသတင်းလေးကတော့ Nokia ကို အသုံးပြုသူ အမာခံ ပရိသတ်တွေအတွက်လို့ပြောရမှာပါပဲဗျာ။



Nokia ဟာ အောက်တိုဘာလ ၁၇ ရက်နေ့မှာပဲ ၎င်းတို့ စမတ်နာရီ မူပိုင်ကို တရားဝင် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ယင်းမူပိုင်အရ Nokia ရဲ့  စမတ်နာရီဟာ လက်ရှိ နာရီတွေထက် အများကြီး ထူးခြားမှာပါ။


အဓိကအားဖြင့် မျက်နှာပြင်က တစ်ခုတည်း မဟုတ်တော့ပါဘူး။ LED ဖန်သား မျက်နှာပြင် ၆ ခုအနည်းဆုံး ပါဝင် ပေါင်းစပ်မယ့် ယင်းနာရီ မှုာ ပြသမှုကလည်း သီးခြားဆီ ဖြစ်ပါတယ်။ အီးမေးလ်စစ်ရန် တစ်ခု၊ နာရီကြည့်ရန် တစ်ခု၊ ဖုန်းပြောရန် တစ်ခု၊ အားကစား အတွက်၊ ဖျော်ဖြေ မှုအတွက် အစရှိသဖြင့် ကဏ္ဍ အလိုက်ခွဲထားပေးတဲ့ မျက်နှာပြင်များ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သိပ်လည်းမကြီးပါဘူး။ မျက်နှာပြင်သေး ပေ မယ့် လိုချင်တဲ့ သတင်းအချက်များကို ရှင်းရှင်းလင်းလင်းနဲ့ ဖော်ပြပေးနိုင် မယ့် ဒီဇိုင်းတစ်ခုဖြစ်ကြောင်း ဆိုပါတယ်။

နာရီ အတွက် မူပိုင်တင်ရုံပဲ ရှိပါသေးတယ်။ နာရီကို လက်တွေ့ထုတ်လုပ် ထားခြင်း ရှိမရှိကတော့ ဘယ်သူမှ မသိနိုင် ပါဘူး။ Samsung က Galaxy Gear, Sony က Smartwatch အပြင် အခြားသော အိုင်တီကုမ္မဏီ များလည်း ထုတ်လုပ်လာချိန် Nokia လည်း ပါဝင်လာကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )

Aung Ko Htet (www.itstudier.com)

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။