Wednesday, October 23, 2013

နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက် မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။

Popular Myanmar News Journal


Credit>>> Thit Htoo Lwin

Aung Ko Htet
 

0 comments:

Post a Comment

Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။