တရုတ်ပြည် ရှန်ဟိုင်းမြို့ မှာ ရှိတဲ့ Apple စတိုးမှာ ဖန်တီးထားတဲ့ ဗိသုကာ
လက်ရာ ဖြစ်ပါတယ်။ မြေအောက်ထပ်မှာ တည်ဆောက်ထားတဲ့ Apple စတိုးဆိုင် ကို
ဝင်ဖို့ အပေါ်မှာ Apple လိုဂိုနဲ့ ဝင်ပေါက်
ဖန်သား ဆလင်ဒါ လုံးကိုတည်ဆောက်ထားပါတယ်။ အောက်ကို ဝင်သွားရင် စတိုးဆိုင်ထဲ
ကို ရောက်ပြီး Apple Product များကို မြင်တွေ့ ရမှာပါ။
ယခု ယင်း
ဝင်ပေါက် ဗိသုကာလက်ရာကို Apple တို့ နိုင်ငံတကာ မူပိုင်ခွင့်ရယူလိုက်ပြီ
ဖြစ်ပါတယ်။ ဒီဇိုင်း၊ တည်ဆောက်တဲ့ နည်းလမ်းနဲ့ တည်ဆောက်ရာမှာ အသုံးပြုတဲ့
ပစ္စည်း အစရှိတဲ့ အချက် ၃ ချက်ကို မူပိုင်ခွင့်ယူခဲ့ပြီး ဘယ်ကုမ္မဏီမှ
လိုက်တုလို့ မရအောင်ပါ။ အဓိက ကတော့ အတူပြုလုပ်ရတာ တူမတူတောင် တော်တဲ့
တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဗိသုကာလက်ရာမို့လို့ မူပိုင်ခွင့်
အမြန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖွင့်ထားတဲ့ Apple
စတိုးတွေထဲမှာ ရှန်ဟိုင်းက ယင်းစတိုး ဆိုင်မှာပဲ ဆလင်ဒါ ဖန်ကိုယ်တည်
ဝင်ပေါက် ဗိသုကာလက်ရာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ။်
Apple နည်းပညာ
ပစ္စည်းများတင်မက၊ အခြားသော ဒီဇိုင်း Creation မှာပါ Idea ကောင်းတဲ့
ကုမ္မဏီလို့ Apple က အသိမှတ်ပြုခံထားရခြင်းပါ။ ယခု မူပိုင်ခွင့် ရယူမှုအတွက်
Apple Insider က ဖော်ပြခဲ့တဲ့ သတင်း ဖြစ်ပါတယ်။
.
Ref: mahsable
အောင်ခမ်း (TSJ Team)
TechSpace Journal
Aung Ko Htet
Monday, October 7, 2013
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment
Download လုပ်နည်းလေးက ကျွန်တော်ပေးထားတဲ့ link တစ်ခုခုကိုနှိပ်လိုက်ပါ။ နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ။
အဆင်မပြေတာတွေရှိရင် comment ပေးခဲ့ပါ။ အဲ့ဒါမှ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြင်နိုင်မှာမို့လို့ပါ။