Showing posts with label android နှင့် ဆိုင်သောနည်းလမ်းများ. Show all posts
Showing posts with label android နှင့် ဆိုင်သောနည်းလမ်းများ. Show all posts

Thursday, March 27, 2014

Sony Xperia M ကို android version 4.3 jelly bean သို့ version မြှင့်နိုင်ပြီ




Aung Ko Htet (MM IT Knowledge)

Sony Xperia M Smart phone မှ ယခုအခါ official android version 4.3 jelly bean ကို မြှင့်တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် Xperia M smartphone ကိုင်ဆောင်ထားတဲ့ customer များအနေနဲ့ 4.3 jelly bean ရဲ့ feature အစုံအလင်ကို အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။

အခုထုတ်ပေးလိုက်တဲ့ version အသစ်ကြောင့် Sony Xperia M ကို အသုံးပြုနေကြတဲ့ user တွေအနေနဲ့ camera interface ရဲ့ကောင်းမွန်ထူးခြားတဲ့တဲ့အချက်တစ်ချက်အဖြစ် camera  ရိုက်တဲ့အခါ အလိုအလျောက် ရိုက်ပေးမဲ့ auto shooting modes ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Sony Xperia M အတွက် version အသစ်ရဲ့ထူးခြားချက်နောက်တစ်ခုက battery ခံနိုင်အားကလည်း နောက်ဆုံး percentage ရောက်သည့်တိုင်အောင် ကြာရှည်ခံနေအုံးမှာဖြစ်ပါတယ်။



Sony Xperia M အတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ Android version ကြောင့် အသုံးပြုတဲ့ user တွေအနေနဲ့ security features ,  user interface နဲ့graphics တို့အပြင် sony ရဲ့ multimedia app တွေဖြစ်ကြတဲ့ Walkman, Album နဲ့ movies တွေဟာလည်း  အသစ်ပုံစံမျိုးတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ၄င်း version အသစ်ကို ဥရောပ နဲ့ အာရှ တွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများအနေဖြင့်Settings > About phone > Software updates > System updates တို့တွင်သွားရောက် update လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ မိမိဘာသာမိမိfirmware ကို download စွဲပြီး လည်း update ပြန်တင်နိုင်ပါတယ်။

Ref: Arena

Translate By Aung Ko Htet 

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Thursday, January 23, 2014

သင့် Company လုပ်ငန်းလိပ်စာအား Google Map အတွင်း ထည့်သွင်းခြင်း

ဘာကြောင့် ကျွန်တော်တို့ Google Map ထဲမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းလိပ်စာထည့်သွင်းရသလဲ….
 
Google ဆိုသော Search Engine ကြီးဆိုတာ မြန်မာတစ်နိုင်ငံတည်းတင်မဟုတ်ပဲ တစ်ကမ္ဘာလုံးက သုံးဆွဲနေကြတာပါ.. ဒီလို ကမ္ဘာနှင့်တလွှားသုံးနေကြတဲ့ Google Search Engine ကနေတဆင့်ခွဲထွက်
ထားသော Google Map Services ဆိုတာကလည်း တစ်ကယ်တမ်း အသုံးပြုကြတာကတော့ မိမိသိချင်တဲ့ မြေပုံတွေ၊ လမ်းလိပ်စာတွေ
လုပ်ငန်းလိပ်စာတွေကို အလွယ်တကူ အသေးစိတ် Traffice Route,Settelite Route, Map Route စသဖြင့် အသေးစိတ်ဖော်ပြမှုတွေနှင့်
အတူ သင်ရှာလိုသော လုပ်ငန်းလိပ်စာ၊ တည်နေရာ၊ စတာတွေကို အလွယ်တကူရှာဖွေလို့ရပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့နှင့်ပတ်သက်သော လုပ်ငန်းလိပ်စာတွေကို ဒီ Google Map ထဲမှာ နေရာအသစ်ထည့်ထားခြင်းဖြင့် သင့်ရဲ့ လုပ်ငန်းလိပ်စာရဲ့တည်
နေရာတွေကို Internet မှတဆင့် အလွယ်တကူရှာဖွေလို့ရမှာဖြစ်ပါတယ်။
  ကဲ ... စလိုက်ရအောင်..
အရင်ဆုံး Browser ရဲ့ Address Bar မှာ


www.google.com/mapmaker လို့ရိုက်လိုက်ပါ။ပြီးသွားရင်တော့
သင့် Mail Account ကို အရင် Sign In လုပ်လိုက်ပါ။



ဒီနောက် အထက်ပါပုံအတိုင်း သင်ထည့်မည့် သင့်လုပ်ငန်း
လိပ်စာအား အရင်ဆုံး Search Box အတွင်း အနီးစပ်ဆုံး ရှာဖွေပီး Enter ခေါက်လိုက်ပါ။ ထို့နောက်မှာတော့ သင်
ရှာဖွေလိုက်တဲ့ လပ်စာက အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်


ဒီအခါမှာ သင်က သင့်လုပ်ငန်းနေရာကို မြေပုံမှာထည့်မှာဖြစ်တဲ့အတွက်ကြောင့် သင့်လုပ်ငန်းလိပ်စာရှိတဲ့နေရာကို Pointer လေးကို ဆွဲရွှေ့သွားရမှာဖြစ်ပါတယ် ဒီနေရာမှာတစ်ခုပြောချင်တာက အရင်ပုံမှန်အတိုင်း Map ရှာသလိုမျိုး Mouse ကိုဖိပီးရှာလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သ်င့်ရဲ့ Click တစ်ချက်က
သင့်လုပ်ငန်းနေရာကိုသတ်မှတ်မှာဖြစ်လို့ပါ။ ဒါကြောင့် Pointer လေးကိုသာ
ရွှေ့သွားရမှာဖြစ်ပါတယ်။


ဒီနောက် သင် Add လုပ်မယ့် သင့်လုပ်ငန်းလိပ်စာနေရာကိုတွေ့ပီဆိုရင် မျှားအနီလေးပြထားတဲ့ နေရာက Add New ကို အရင်နှိပ်ပါ။ ပီးသွားရင်တော့ Add a Place ဆိုတာကို ထပ်နှိပ်ပါ။ဒီနောက်မှာတော့ သင့်လုပ်ငန်း
နေရာအတိအကျကို  Click ထောက်လိုက်ပါ။


ဒီလိုထောက်ပီးသွားပီဆိုရင်တော့ အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်


ဒါကတော့ သင့်လုပ်ငန်းရဲ့ လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရတဲ့အပိုင်ဖြစ်ပါတယ်။ သင့်စိတ်ကြိုက်သတ်မှတ်ပါ။ ထိုနောက် အောက်မှာ
ပြထားတဲ့ ပုံအတိုင်း


သင့် လုပ်ငန်းအမျိုးအစားကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ပီးသွားရင်တော့ Continue ကိုနှိပ်လိုက်ပါ။ဒီနောက် Add Place လုပ်လိုက်ပီဖြစ်
တဲ့အတွက်ကြောင့် Loading ဆွဲနေပါလိမ့်မယ် ။ ပီးသွားရင်တော့အောက်
ပါပုံအတိုင်း


ဘယ်ဘက်ခြမ်းတွင် သင့်လုပ်ငန်းအတွက် လိုအပ်သော Data များကိုဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ လိုအပ်ချက်များကိုဖြည့်စွက်ပီးတဲ့အခါမှာတော့ Save ဆိုတာကိုနှိပ်လိုက်ပါ။ ဒီနေရာမှာ တစ်ခါတစ်လေ
Error ပြပါတယ်။ ဆိုလိုတာက အခုလက်ရှိ နာမည်နဲ့ Add a Place လုပ်လို့မရဘူးဆိုပီး ပြပါတယ် အပေါ်နားလေးမှာပေါ့။ အဲဒီ Message မှာပဲ Skip လုပ်တဲ့ Check Box လေးရှိပါတယ် အဲဒီကောင်လေးကို
အမှန်ခြစ်လေးခြစ်ပေးပီးတော့ ထပ်မံ Save လုပ်လိုက်ပါ။ဒါဆိုရင်တော့ Add a Place လုပ်ပီးသွားလို့ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်


သင့်လုပ်ငန်းကို Google Map Services ကနေ အတိအကျ ရိုက်ပီး ရှာဖွေတဲ့အခါမှာလည်း အောက်ပါပုံအတိုင်းဖော်ပြနေမှာဖြစ်ပါတယ်။



ဒီနေရာမှာထပ်ပီး Zoom ဆွဲကြည့်တဲ့အခါ နေရာလွဲနေသေးပါက A ဆိုတာလေးကို Click ထောက်ပီး မိမိစိတ်ကြိုက်နေရာသို့ Drag ဆွဲသွားလို့ရပါတယ် အောက်ပါပုံအတိုင်ပေါ့


ပြီးသွားရင်ဆိုရင်တော့ Continue ကိုသာနှိပ်လိုက်ပါ။ဒါဆိုရင် သင့်လုပ်ငန်းနာမည်နဲ့ လိပ်စာ၊ ဆက်သွယ်ရမယ့် အချက်အလက်တွေက Google Map ပေါ်ရောက်ရှိသွားပီဖြစ်ပါတယ်။ အားလုံး
ပဲအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Friday, December 27, 2013

Google Play Store မပါတဲ့ China Android ဖုန်းတွေကို Play Store ထည့်သွင်းနည်း


 Google Play Store App မပါတဲ့ China Android ဖုန်းတွေကို Play Store ထည့်လို့ရနိုင်လားဆိုပြီး မေးနေကြလို့ လက်လှမ်းမှီသလောက် မျှဝေပေးလိုက်ပါတယ်...။
 
 များသောအားဖြင့် တရုတ်ကလာတဲ့ Android ဖုန်းတွေမှာ Google Play Store Market ပါမလာတတ်ပါဘူး... ဒီအတွက် Play Store ကို အသုံးပြုနိုင်အောင် ပြုပြင်ပေးလို့ရနိုင်ပါတယ်..

အရေးကြီးတာက Play Store ထည့်သွင်းမဲ့ Android ဖုန်းက Root ဖြစ်ထားဖို့လိုပါတယ်...။

Root မဖြစ်သေးရင် ဒီထဲကအတိုင် Root လုပ်ပေးနိုင်ပါတယ်..။

Root လုပ်ထားတယ်ဆိုရင်... ဒီအတိုင်းပြုပြင်ပေးလိုက်ပါ.... 
 
 
။   Root Explorer Apk V.3.1.2  ကို ဒေါင်းယူပြီး ဖုန်းထဲကို Install လုပ်ထားပါ ...

၂ ။ လိုအပ်တဲ့ ဖိုလ်တွေကို ထပ်ဒါင်းယူပါ..။
 1) GoogleServicesFramework

2) GoogleLoginService.apk

3) (lastest version is better) (or)  Google play store

(OR) 
All In One

၃ ။ GoogleServicesFramework.apk , GoogleLoginService.apk နဲ့ Google Play v3.8.17.apk တို့ကို ကွန်ပျူတာမှ တဆင့် ထည့်ပါ.. (SD Card ထဲ Copy ကူးထည့်လည်းရပါတယ်)..။
 
Root Explorer ကိုဖွင့်ပါ SD Card မှာ စောစောက ထည့်ထားတဲ့ APK သုံးခုကိုရှာပါ.. တွေ့ရင် Copy ကူးပါ..  ပြီရင် System > App folder ကိုသွားပါ ရောက်ရင် အပေါ်နားက Mount R/W ကို တစ်ချက်နှိပ်ပြီး Mount R/O သို့ ပြောင်းလဲလိုက်ပါ.. R/O ဖြစ်သွားပြီဆိုရင် Root Explorer အောက်ခြေနားမှ Paste ကို နှိပ်ပေးလိုက်ပါ..။

၅ ။ ဖုန်းကို Reboot ချပေးလိုက်ပါ.. (ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ) ။

ဖုန်းပြန်တတ်လာရင် Google Play Store ကို Gmail , Password တွေနဲ့ log in ဝင်ပြီး စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ...။

အဆင်ပြေပါစေ

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net



ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး like လုပ်ပေးပါအုံးနော်


အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Monday, December 23, 2013

Safe mode အသုံးပြုနည်း



ကျွန်တော် Safe mode ပြဿနာလေး အကြောင်းပြေားပြချင်ပါတယ် ဒါကတော့ သိပ်တော့အထူးအဆန်းကြီး မဟုတ်ပေမယ့် မသိသေးတဲ့ သူငယ်ချင်းများအတွက်ပါ အခုတလော Y511-U00 ဖုန်းတွေဟာ ဈေးအရမ်းချိုးပြီးတော့ လူအသုံးပြုများနေပါတယ် ဒါပေမယ့် တော်တော်လေး ကြောင်ကြောင်ပါတယ် Restart မချတတ်ရင် စမ်းမလုပ်ကြပါနဲ့ တိုင်ပတ်မယ်
ဖုန်းအမျိုးစားတွေပါ ဈေးနုန်းက 80000 ကျပ်ပဲရှိပါတယ် ကျွန်တော်ဆီကို အဲ့ဒီဖုန်းတွေအများလာပြီ တော်တော်ဒုက္ခပေးပါတယ် အသုံးပြုနေတဲ့ သူငယ်ချင်းများ သိစေချင်လို့ပါ Safe mode ကိုဝင်ချင်ရင်တော့ Power ပိတ်တဲ့အခါ Power မခလုပ်လေးကို ကြာကြာလေးဖိထားပါ Power Off ဆိုတာလေးပေါ်လာရင်တော့ အဲ့ဒါလေးကို ကြာကြာလေဖိထားလိုက်ပါ ပိတ်ချင်ရင်တော့ Shut down လို့ပြပါတယ် Safe mode ဝင်ချင်ရင်တော့ Reboot to safe mode လိလို့ပေါ်ပါတယ် ပေါ်နေလို့ ဖျောက်ချင်တာပဲ ဖြစ်ဖြစ်ပေါ့ဗျာ Phone မှာ software/Game တွေအထည့်များပြီး Force Close တွေပေါ်၊ Uninstall လုပ်ဖို့ကလဲ ဖုန်းက ကောင်းကောင်း အလုပ်မလုပ်၊ ဟိုဟာနှိပ်လဲမရ ဒီဟာနှိပ်လဲမရတဲ့သူတွေ အတွက်။ Safe Mode ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ Safe Mode ထဲမှာ System အတွက် လိုအပ်တာတွေပဲ အလုပ် လုပ်ပါတယ်။ ထပ်ပြီးထည့်ထားတဲ့ software/Game တွေကအလုပ် မလုပ်တော့ပါဘူး။ App Drawer ထဲမှာလဲ မတွေ့ ရတော့ပါဘူး။ Setting ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ ကွန်ပျူတာက Windows Safe Mode နဲ့ သဘော သဘာဝ တူပါတယ်။ ဒီ error က Vol – ကြောင့်ဖြစ်တာပါ …..နောက်ဆုံး ဖန်းဝဲ ပြန်တင်တာတောင် Safe Mode နဲ့ ပဲ ပြန်တက်လာပါတယ် ….အဲဒါနဲ့ ဟိုမေးဒီမေးဟိုကြည့်ဒီကြည့် နဲ့ပဲ Safe Mode ပျောက်သွားတာပါ
pw & vol – တွဲနှိပ်ရင် new ..safemode old…risk ဆိုပေါ်လာတာကိုတွေ့ရမှာပါ
ဆိုတော့ ၁ ဘတ်ထွီဖြုတ်လိုက်ပါ
၂ ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် vol – လေးဖိထားလိုက်ပါ …..နောက်ဆုံးlock screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ  Safe Mode ကနေ

ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ 

ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊

Battery ကြာရှည်စွာအသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ်။

Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ

ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို

Uninstall လုပ်နိုင်ပါတယ်
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။

Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install

လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို

ပဲအသုံးပြုကြည့်ပါ။ ပြဿနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင်

Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။

Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး

Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ

ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ

ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။

ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps

တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့ 

ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား

အကြောင်းအရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore

လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup

လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။


Samsung Galaxy S4 Safe Mode:
1. Turn off the device.
2. Press the power button to turn it on.
3. When the screen turns up keep tapping the soft Menu key that is left to the Home button till the device
boots up.

Safe Mode on Galaxy S3, Note 2 and Others:
This is the most common way of booting Galaxy Devices into Safe Mode:
1. Turn off the phone.
2. Press the Power key to restart it.
3. When you see the Samsung Logo screen, press and hold the Volume Down key till the device boots up.

Safe Mode on HTC One, One X and Other Devices:
HTC devices have a common method of entering the Safe Mode. I have tested it on HTC One.
1. Turn fastboot off in your power settings.
2. Switch off the device.
3. Power it on
4. Once you see the HTC splash screen, press and hold the Volume Up key till the phone boots up in Safe
Mode.
On some HTC devices like Desire S, you need to press the Volume Down key instead.

Safe Mode on Nexus 4 and Other Device:
If you got a Google Nexus device or have installed an AOSP, AOKP or CyanogenMod based custom ROM, you
can get into Safe Mode as described below. This method works on most devices with Jelly Bean.
1. Press & hold Power button
2. It’ll bring up Power off/Reboot options
3. Then press & hold the “Power Off” option
4. It’ll ask for your confirmation to boot device into Safe Mode.
5. Tap OK button.


Safe Mode on Motorola Devices:
1. Power the device off.
2. Power the device on.
3. When the Motorola splash screen appears, press and hold Volume Up /Down keys simultaneously.
4. Continue to hold the Volume Up & Down keys until Safe mode appears in the lower left corner of the
screen.

***How to Exit Safe Mode:***
Exiting Safe Mode on most Android devices is as easy as powering off and then turning them on. However,
there are a few devices on which you will have to hold the button combination you used to enter Safe
Mode to exit it. There are some other devices that require you to press and hold the volume down key to
boot device normally.


Orginal Link: http://www.droidviews.com/how-to ... ces-into-safe-mode/
  

Credit>>> ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)


Facebook မှာ လည်း like လုပ်ပေးအုံးနော်..... အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Monday, December 16, 2013

ဖုန်းအားလုံးအတွက် GMail,Gtalk,Playstore သွင်းရန် APK များစုစည်းမူ

Android 4.0 ကနေ 4.2.2 အထိ ကောင်းကောင်းအလုပ်လုပ်မဲ့ Gmail,Gtalk,Playstore
သွင်းမဲ့ Apk များဖြစ်ပါတယ်။

4.0 MMSD Gapp Installer


Screenshot - 11_21_2013 , 4_26_50 PM

ဒီ Apk လေးကတော့ Android version 4.0 ကနေ 4.0.4 အထိ Gmail,Gtalk,Playstore
သွင်းတဲ့ Apk လေးပါ။ လိုအပ်ချက်တွေကတော့ မိမိ ဖုန်းကို Root ဖောက်ထားဖို့လိုအပ်ပါတယ်။
Original မပါတဲ့ ဖုန်းများတွင်သာသုံးရန် အကြံပေးပါတယ်။

PlayStore ကနေ အဆင်ပြေသူများ ဒေါင်းပေးပါ။

Rate 5 Star နဲ့ Review လေးပါရေးပေးပါအုံး =D
https://play.google.com/store/apps/details?id=com.phyochan.foutzerogappinstaller

Playstore မလွယ်သူများ ဒီမှာဒေါင်းပါ။

http://www.mediafire.com/download/j8sbpfcjvqs3cbi/4.0%20MMSD%20Gapp%20Installer.apk




4.1.2 MMSD Gapp Installer

Screenshot - 11_30_2013 , 12_25_15 PM

ဒီ Apk လေးကတော့ Android version 4.1 ကနေ 4.1.2 အထိ Gmail,Gtalk,Playstore
သွင်းတဲ့ Apk လေးပါ။ လိုအပ်ချက်တွေကတော့ မိမိ ဖုန်းကို Root ဖောက်ထားဖို့လိုအပ်ပါတယ်။
Original မပါတဲ့ ဖုန်းများတွင်သာသုံးရန် အကြံပေးပါတယ်။

PlayStore ကနေ အဆင်ပြေသူများ ဒေါင်းပေးပါ။

Rate 5 Star နဲ့ Review လေးပါရေးပေးပါအုံး =D
https://play.google.com/store/apps/details?id=com.phyochan.fouronetwogappinstaller

Playstore မလွယ်သူများ ဒီမှာဒေါင်းပါ။

http://www.mediafire.com/download/szjhp426d7q2b8r/412mmsdgappinstaller.apk


4.2.1 MMSD Gapp Installer



Screenshot - 11_30_2013 , 12_29_32 PM

ဒီ Apk လေးကတော့ Android version 4.2 ကနေ 4.2.2 အထိ Gmail,Gtalk,Playstore
သွင်းတဲ့ Apk လေးပါ။ လိုအပ်ချက်တွေကတော့ မိမိ ဖုန်းကို Root ဖောက်ထားဖို့လိုအပ်ပါတယ်။
Original မပါတဲ့ ဖုန်းများတွင်သာသုံးရန် အကြံပေးပါတယ်။

PlayStore ကနေ အဆင်ပြေသူများ ဒေါင်းပေးပါ။

Rate 5 Star နဲ့ Review လေးပါရေးပေးပါအုံး =D
https://play.google.com/store/apps/details?id=com.phyochan.fourtwoonegapp

Playstore မလွယ်သူများ ဒီမှာဒေါင်းပါ။
http://www.mediafire.com/download/6npqlhh6qj1589d/4.2.1%20MMSD%20Gapp%20Installer.apk

Credit>>> mmsd 
 
 အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
Aung Ko Htet (www.itstudier.com)

Googe က Android Device Manager App ကို ပြုလုပ်ပေး



Googe က Android Device Manager App ကို ပြုလုပ်ပေး
==========================================
မကြာမီ က Google က Android Device Manager ၀န်ဆောင်မှုကို Android Phone တွေမှာ အခမဲ့ဝန်ဆောင်မှုပေးခဲ့ပါတယ်။ Android 2.2 နဲ့ သူ့အထက်က ဖုန်းတွေမှာ Google Setting App ကနေ Set Up လုပ်ထားရမှာပါ။ ဖုန်းပျောက်သွားခဲ့ရင် www.google.com/android/devicemanager ၀က်ဆိုက်ကိုသွားပြီး ဖုန်းရဲ့တည်နေရာကို မြေပုံမှာ ရှာဖွေတာ၊ Lock လုပ်တာ၊ အရေးကြီးဒေတာတွေကို ဖျက်ပစ်ဖို့ Factory Reset ချတာတွေပါပြုလုပ်နိုင်ပါတယ်
အခုတော့ ပျောက်သွားတဲ့သင့်ဖုန်း ကို အခြားဖုန်းတစ်လုံးကနေ ပြန်ရှာဖို့  Android Device Manager App ကို Google က ပြုလုပ်ပေးလိုက်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ၀က်ဆိုက်ကနေ သုံးလို့ရတဲ့ Feature အားလုံးကို App ကနေ အသုံးပြုနိုင်ပါတယ်။ ပျောက်သွားတဲ့ဖုန်းက WiFi or Mobile Internet တစ်ခုခုတော့ ချိတ်ဆက်နေမှသာ အဲဒီ Feature တွေက အကျိုးသက်ရောက်စေမှာ ကို သတိပြုပါ။
Google က Android Device Manager ၀န်ဆောင်မှုကို သြဂုတ် လမှာ စတင်ပြုလုပ်ပေးခဲ့တာဖြစ်ပြီး Mobile App ကို အခုမှ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ Mobile App ကို Android 2.3 နဲ့ သူ့အထက်ကဖုန်းများမှာ သုံးနိုင်ပါတယ်။


Credit>>> Degitallife journal  

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
Aung Ko Htet (www.itstudier.com)

Monday, December 9, 2013

Y320 Network Error ဖြေရှင်းနည်း


 
 
 Naung Lin Zaw: Y320 ဖုန်းမှာ 3G လိုင်းပဲပေါ်နေပြီး ဖုန်းပြောလို့ခေါ်လို့မရတာလေးကူညီပါခင်ဗျာ...။
 
 Huawei Y320 မှာ 3G သာပေါ်ပြီး 1X မပေါ်သောဖုန်းကို 73 CDMA ကဒ်နဲ့ Setting ထဲက
Mobile network>>CDMA network>>manually switch to next network ထဲမှာပြောင်းရပါတယ် 73 ကတ်မိမိမှာမရှိရင်တော့ ဒီနည်းနဲ့လုပ်ကြည့်ပါ ကျွန်တော်စမ်းထားတာလေးလုံးရှိပါပြီ ရပါတယ် ...။

ပထမဆုံး SIM Card ထည့်ပါ ပြီးရင် 112 ကိုခေါ်ပါ Emergency Call ပေါ့ ခေါ်ပြီးရင် Home key နဲ့ထွက်ပြီး Setting ထဲကိုသွားပါ Emengercy End Call လုပ်မလားမေးပါမယ် No လုပ်လိုက်ပါ Settings>>Mobile Network/CDMA Network/Manually Switch to Network ကိုနှိပ်လိုက်ပါ ပြီးရင် Show filtered network ထဲမှာဝင်ကြည့်ပါ 414 03 ဆိုရင်မရသေးပါဘူး Switch to network ကိုထပ်နှိပ်ပါ 414 04 မပြောင်းမခြင်းနိပ်ပေးပါ ကျွန်တော်ဆို ၁၅ ခေါက်လောက်မှရပါတယ် 414 04 ပြောင်းသွားရင်တော့ ရပါပြီ Emergency Call ကို End Call လုပ်လိ့ရပါပြီ SIM Card ထည့်ပြီးရင် 3G ရော 1X ရောတက်လာပါလိမ့်မယ်။

Credit : Myanmar MPX Team မှ  jko931

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)

Sunday, December 1, 2013

Easy Install Myanmar Fonts for Android Root !!!

Root ဖောက်ထားတဲ့ Android ဖုန်းတော်တော်များများကို လွယ်ကူစွာနဲ့မြန်မာဖောင့်သွင်းဖို့အတွက်
Apk လေးကိုတင်ပေးလိုက်ပါတယ်။Mobile Application ရဲ့ Product ဖြစ်တဲ့ Font Changer လေးနဲ့
အသုံးပြုသွားမှာပါ။ အောက်မှာအရင်ဒေါင်းလော့စ်ဆွဲလိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ Superuser Request မေးလာလျှင် Allow လုပ်ပေးပါ။ ဒါဆိုAuto-Rebootလုပ်နေပါမယ်။
ပြန်တက်လာရင်တော့ မြန်မာလိုမြင်ရပြီဖြစ်ပါတယ်။ Keyboard အတွက် ဒေါင်းလော့စ်ဖိုင်ထဲမှာပါတဲ့
Apk လေးကိုထည့်ပေးလိုက်ပါ။ ပြီးရင် Install လုပ်လိုက်ပါ။ ဖုန်းရဲ့ Setting > Language & Input ကို သွားပါ။ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပြီ ဖြစ်ပါတယ်။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


http://dl-4.one2up.com/onetwo/content/2013/12/1/67f7e02496acb41de6fb70d19a40ba87.zip

http://www.solidfiles.com/d/f9677a48d7/

http://www12.zippyshare.com/v/65182490/file.html 


နည်းပညာမြို့တော်

 



အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Wednesday, November 13, 2013

jellay brean 4.1.2 တွေအထက်မှာမြန်မာစာမှန်ပြီ

Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D



Credit to : https://www.facebook.com/fepfz

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ Aung Ko Htet (www.itstudier.com)

Sunday, October 27, 2013

one click pattern unlocker for Android





  • Pattern Locked ကျတဲ့ ဖုန်းတွေအတွက် One click unlock tool လေးဖြစ်ပါတယ်..။ကျနော်ကိုယ်တိုင်တော့ မစမ်းဖူးသေးပါဘူးခင်ဗျာ။ မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ။ လိုအပ်သော သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ..။

  • ////// One Click Pattern Unlock SamsunG v2 //////

  • [+]ADDED List Model Supported
  • [+]ADDED Android Factory Settings - Phone Lock Disable
  • [+]ADDED Infineon Phones Factory Settings - Phone Lock Disable by USB or RJ45
  • [+]ADDED Broadcom BCM21xx Factory Settings - Phone Lock Disable
  • [+]ADDED Broadcom BCM2155 Factory Settings - Phone Lock Disable
  • [+]ADDED Button For Capture Screen Program

  • Note: ByPass Pattern Unlock Only Support following Versions:

  • v2.1.x YES
  • v2.2.x YES
  • v2.3.x YES
  • v4.0.x ONLY SUPPORT " Factory Settings" !

  • this version is BETA have any errors,for now not have time for solved this,soon work no new version,Thanks for download and test this small tool ,
  • ps: disable your antivirus, THIS NO IS VIRUS!!!!!!!!!!!



Tusfiles
ဒေါင်းလော့လင့်
Solidfiles
ဒေါင်းလော့လင့်
Sharebeast
ဒေါင်းလော့လင့်
Zippyshare
ဒေါင်းလော့လင့်

Wednesday, October 23, 2013

ဖုန်းအင်တာနက်လိုင်းမြင့်ရန် Mobile Speed Up Apk v1.0 328KB



အင်တာနက် ကွန်နက်ရှင်နှေးနေတဲ့ သူငယ်ချင်းတွေအတွက် အထောက်ကူပြုမယ် ဆောစ့်ဝဲလ်လေးပါ
အင်တာနက်သုံးရင် ဟိုကျန်ဒီကကျန်တွေကို ရှင်းပေးတာ ပုံမှန်သုံးနေကျထက်တော့ ပိုမြန်တာလာပါတယ်
မားကတ်ထဲမှာလည်း အသုံးပြုသူတွေ ပြောကြားချက်ရ တကယ်လည်း ပုံမှန်ထက်ပိုအောင် 
အထောက်ပံ့ပေးတဲ့ ဆောစ့်ဝဲလ်လေးပါဘဲ 
သူငယ်ချင်းတွေ အသုံးပြုချက်အရလည်း ပိုမြန်လာတယ်လို့ တုန့်ပြန်ပေးကျပါတယ် 
ကွန်နက်ရှင်ကျတဲ့ သူငယ်ချင်းတို့လည်း စမ်းသုံးကြည့်နိုင်ပါတယ်
လုံးဝကြီးမြန်လာတာတော့မဟုတ်ပါဘူး သုံးနေကျထက်တော့ ပိုမြန်လာပါတယ်
အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 





Google play store ကိုကျော်ခွဝင်ချင်သူများအတွက် ( ဖတ်ပေးပါရန်)



Google play store ကိုဝင်တဲ့ အခါမှာ This item isn't available in your country  ဆိုပြီးဝင်မရဖြစ်နေပါသလား........?။ အဲဒီလိုဘာကြောင့် ဖြစ်ရသလဲဆိုတော့ တစ်ချို့  apps တွေကို နိုင်ငံတွေအလိုက်ကန့် သတ်ထားကြပါတယ်။မိမိက အသုံးပြုခွင့် မရှိတဲ့ နိုင်ငံကဖြစ်နေရင် အခုလိုဖြစ်ပါတယ်  ။ အခုတော့ ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင်
ဒေါင်းလုပ်ဆွဲချင်ရင် Market ကို အသုံးပြုချင်ရင်အားနာစရာမလိုတော့ ပါဘူး ။ စိတ်ကြိုက်ဒေါင်းလို့ ရပါပြီ။Google play store ကိုကျော်ခွလိုက်ပါ ။(100% WORKING ) ပါ။ ဒီနည်းလမ်းလေးကလွယ်ကူရိုးရှင်းပါတယ်။.ကွန်ပျုတာနှင့် ဖုန်းနည်းပညာများစုဝေးရာ group
သူငယ်ချင်းတစ်ယောက်တောင်းဆိုလာတာကိုအကြောင်းပြုပြီးရေးဖြစ်သွားတာပါ ။ ကျွန်တော်တို့ အနေနဲ့ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းနေရတယ်ဆိုတော့  ကျွန်တော့် မိတ်ဆွေတွေအနေနဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာ မသိပါဘူးခင်ဗျာ။လုပ်လက်စကလေးတွေလည်းမပြတ်သေးတာကတစ်ကြောင်းအကြောင်းကြောင်းကြောင့်  မိတ်
ဆွေတို့ ရဲ့ လိုအပ်ချက်တွေကိုသတိမမူဖြစ်မိသွားရင်တောင်းပန်ပါတယ်။

  ကျွန်တော် Instruction အတိုင်းပြုလုပ်ပါ....သေချာပေါက် play store ကိုဝင်လို့ရပါတယ်ဗျ....

ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့  အောက်ပါအတိုင်း မိမိတို့ ဖုန်းမှာ ကိုက်ညီမှူ့ ရှိရပါမယ်။


၁ ။  မိတ်ဆွေ တို့ရဲ့ဖုန်းက Root လုပ်ထားရပါမယ်ဗျ. မိမိဖုန်းမှာ Root Access ရှိရပါမယ်

၂ ။  မိတ်ဆွေတို့ မှာ Google Play Store Market ရှိရပါမယ်.....

၃ ။  Market Unlocker ရှိရပါမယ်....DOWNLOAD - Zippyshare , tusfiles

၎ ။  TunnelBear ရှိရပါမယ်....DOWNLOAD -  Zippyshare . tusfiles







အရင်ဆုံး Market Unlocker ကိုဖုန်းမှာ install လုပ်ပါ။
------------------------------------------------------------------------

- Market Unlocker ကို ဖွင့်ပြီး. Enable Unlocker ကို ပုံမှာပြထားတဲ့ အတိုင်း ( on ) ကိုဖွင့် ပေးလိုက်ပါ။ Superuser request တောင်းရင် allow နှိပ်ပေးလိုက်ပါ။





ယခုကျွန်တော်တို့က play store ကို verison (USA)ကနေ၀င်ရောက်မှာဖြစ်ပါတယ်ဗျ....
ပြီး ရင်ပြန်ထွက်လိုက်ပါ။


  - TunnelBear ကို install ပါ......
--------------------------------------------------------
- TunnelBear ကိုဖွင့်ပြီး မိမိရဲ့  gmail အကောင့်နဲ့ sing up လုပ်ပေးရပါမယ်....Sing Up လုပ်ဖို့အတွက် Create a free account ဆိုတဲ့စာသားလေးကိုနှိပ်ပေးပါ....ပုံနှင့် အောက်မှာပြထားပါတယ်။
အချက်အလက်တွေကိုဖြည့်ပီးရင် Create Free Account ကို နှိပ်လိုက်ပါ။....ဒါဆိုရင်တော့ မိမိ gmail ထဲကို Tunnel Bear ကနေ Activate လုပ်ဖို့အတွက် mail ပို့ပါလိမ့်မယ်.....


မိမိတို့ရဲ့mail ထဲကိုစာရောက်လာပြီဆိုရင်တော့  activate လုပ်ပေးလိုက်ပါ.....ဒါဆိုရင် free account ဖွင့်ပြီး ပါပီ....login ၀င်ပါ.....အောက်က ပုံလေးအတိုင်းပေါ်လာရင် On/Off မှာ ON ကိုရွေးလိုက်ပါ....attention တစ်ခုတက်လာရင် I trust this application ရှေ့မှာအမှန်ချစ်ပေးပီ ok နှိပ်ပါ...
  connected လို့ noti ဘားမှာ သော့ပုံလေး ပေါ်ရင် ညာဘက်အပေါ်ထောင့်မှာခလုတ်လေးကိုနှိပ်ပီ Account ဘေးမှာ Done ကိုနှိပ်ပေးလိုက်ပါ.... ဒါဆိုရင် ရပါပီ


- play store ကိုအရင်မဖွင့်ပါနဲ့အုံး..  clear data နဲ့ force stop လုပ်ပေးရပါမယ်....အဲဒီ့အတွက် ဖုန်းမှာ Setting >> manage app >> Google Play Store ကိုဝင်ပြီး Clear data နဲ့ Force Stop ကိုလုပ်ပေးပါ...(အောက်မှာပုံအကူအညီကိုရယူပြီးအေးအေးဆေးဆေးလုပ်ပေးပါ) .အားလုံးလုပ်ပြီးသွားရင်တော့  Play Store ကိုဖွင့်....မိမိ gmail နဲ့ဝင်ပါ....Accept နှိပ်ပါ.... ဒါဆိုရင်တော့ play store ကို Verizon (USA) ကနေ၀င်ရောက်နေပါပီဗျ.....အောက်ကပုံလေးက USA Server ကနေ၀င်ထားတဲ့ပုံလေးပါ.....


  မိတ်ဆွေတို့ ဝင်လို့မရတဲ့ apps တွေ ကို play store မှာ အားမနာတမ်းဒေါင်းနိုင်ပါပီခင်ဗျာ......အောက်ကပုံလေးကိုကြည့် ပါ။အပေါ်ကလိုမျိုး  This item isn't available in your country စာတမ်းလေးမပြတော့ပါဗျ...installl ကိုနှိပ်ပီ ဒေါင်းလို့ရနေပါပီ.



Market Unlocker ထဲမှာ USA တင်မဟုတ်ဘူး....မိမိတို့ ကြိုက်တဲ့နိုင်ငံကနေလဲဝင်လို့ရပါတယ်ခင်ဗျာ။
နောက်ဒေါင်းလုပ်ယူမယ်ဆိုရင်ကြိုက်တဲ့ နိုင်ငံကနေကြိုက်သလိုအားမနာတမ်းဒေါင်းနိုင်ပါပြီ။ခင်ဗျာ။
 ဒီပိုစ်လေးအတွက် zawmyo oo ကို credit ပေးပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ စာလုံးပေါင်းစစ်ပေးတာလောက်ပါပဲ။


pdf file အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်ဒီမှာယူလိုက်ပါ။



PASSWORD တောင်းရင် SAITHUTHAI လို့ ထည့် ပေးလိုက်ပါခင်ဗျာ။



DOWNLOAD - LINK 1 , LINK 2






အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။




စိုင်းသူ

$1.99 ပေးရပြီး phone ကို clean လုပ်ပေးသော 1Tap Cleaner Pro 2.24 APK (Full version + Latest version) မှာ free ရပြီ

Touch တစ်ချက်နှိပ်ရုံနဲ့ ဖုန်းကိုသုံးစွဲရလေးလံစေမယ့်အရာတွေအကုန်လုံးကိုအပျောက်ရှင်းပေးနိုင်တဲ့ 1Tap Cleaner Pro v2.24 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီ application လေးက ခလုတ်တစ်ချက်ကလစ်ပေးရုံနဲ့ Cache များကိုရှင်းလင်းပေးတယ်။ History များကိုရှင်းလင်းပေးခြင်း
နှင့် Call/Text Log များကိုရှင်းလင်းပေးခြင်း များကိုပြုလုပ်ပေးနိုင်ပါတယ်။ Android OS ဖုန်း/Tablet တိုင်းမှာရှိထားသင့်တဲ့ application လေးပါ။ Google Play မှာတော့ $1.99 ပေးရပြီး ဒီမှာတော့ Free ပေးပါတယ်။ ပိုပြီးသိချင်ရင်တော့ http://adf.ly/Xz98Q ဖတ်ကြည့်ပါ။ အောက်ပါလင့်အတိုင်းဒေါင်းလုတ်ဆွဲပါ။ အဆင်ပြေပါစေ။

Description


1-Tap to clean all cache, search histories and calls log. A default cleaner is also included. Are you running out of application storage?
You now can get more available storage space by clearing apps created cache/data files.
*** Over 4,000,000 Downloads! ***
★ Cache Cleaner
★ History Cleaner
★ Call/Text log Cleaner
★ Default Cleaner
There are four cleaners included in this app. Cache Cleaner, History Cleaner and Call/Text log Cleaner help you to get more free space for the internal phone storage by clearing apps cached files, data files, or search/navigation history records. If you have selected to launch apps by default for some actions. Default Cleaner helps you to clear the default settings.
Auto or 1-tap to clear all cache, search history, calls log and the best is you don't have to ROOT the phone anymore! This app is crucial to anyone who has memory management issues.
★ 1-tap to clear all cached files
★ 1-tap to clear all search and browser navigation history records
★ 1 tap to clear calls log (incoming, outgoing, missed, frequently contacted)
★ list all default apps and clear selected defaults
★ home screen widget shows cache and available size
★ auto clear all cache and history at a specified interval
★ auto clear cache when the device is low on internal storage space
★ clear cache or history for a specified application
★ notify if apps used cache size large than you specified value
★ list applications by either cache, data, code, total size or app name
★ view application on Market
★ uninstall application
★ open application
★ show application details page






Download => Link 1 / Link 2 / Link 3

Saturday, October 19, 2013

Play Store က Free ပေးတဲ့ Game တွေ , App တွေကို IDM နဲ့ ဒေါင်းယူရအောင်

Play Store က Free ပေးတဲ့  ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ Game တွေ , App တွေကို ဒေါင်းယူ ကြတဲ့အခါ....
Broswer ကပါတဲ့ Downloader (သို့) Phone နဲ့ ဆွဲရတာ အရမ်းကြာပါတယ်..
ခုတော့ အဲ့ဒီပြဿနာကို ဘာဆော့ဖ်ဝဲ မှ သုံးစရာမလိုပဲ Internet Download Manager (IDM) နဲ့ မြန်မြန် ဆန်ဆန် အလွယ်တကူ ဒေါင်းယူနိုင်ပါပြီ....

APK ဖိုင်လ်တွေကို ကွန်ပျူတာပေါ်ကနေ တိုက်ရိုက် ဒေါင်းယူချင်တဲ့ , ဒေါင်းမရတဲ့ သူငယ်ချင်းတွေအတွက်လည်း
တခါထဲ အဆင်ပြေသွားစေမဲ့ နည်းလေးပါ....

နည်းလမ်းကတော့.... အရင်ဆုံး (IDM)  Internet Download Manager ကို နည်းနည်းပြင်ပေးဖို့လိုပါတယ်.. IDM ကိုဖွင့်ပြီး Options ကို နှိပ်ပါ...

File types  မှာပုံထဲကအတိုင်း Space ခြားပြီး APK ရေးထည့်ပါ..(တခြား ကိုယ်ဒေါင်းယူစေချင်တဲ့ File Types တွေကိုလည်း အဲ့ဒီအတိုင်း ရေးထည့်ပေးနိုင်ပါတယ်)


 OK နှိပ်ပြီး Save လိုက်ပါ...။

ဒါဆိုရင် APK ဖိုင်လ်တွေကို IDM နဲ့ ဒေါင်းယူဖို့ အဆင်သင့်ဖြစ်နေပါပြီ....။
ပြီးရင်.....
Play Store ကိုသွားပါ.... မိမိ ဒေါင်းယူလိုတဲ့ Game,App နေရာက URL ကို (Link) ကို Copy ကူးပါ...


ပြီးရင် ဒီ Link ကို  http://apps.evozi.com/apk-downloader/   နှိပ်လိုက်ပါ...

Package name or Google Play URL အောက် Box ထဲမှာ Right Click > Paste ချပြီး....
 

Generate Download Link ကို နှိပ်လိုက်ပါ...

ခဏနေရင် အောက်မှာ အစိမ်းရောင်လေးနဲ့ Click here to download ကိုနှိပ်ပြီး Internet Download Manager (IDM) နဲ့ အဆင်ပြေစွာဒေါင်းယူနိုင်ပါပြီ....
 
နောက်တစ်ခု ထပ်ဒေါင်းယူတော့မယ်ဆိုရင်တော့ APK Downloader Page ကို F5 Key ကို နှိပ်ပြီး Refresh လုပ်ပေးပါ...

အဆင်ပြေကြပါစေ...

Credit >>> ကိုဝင်းကမ္ဘာကျော်

Aung Ko Htet